သေဆုံးသူ ၂ သိန်းခွဲနှင့် အိုးမဲ့အိမ်မဲ့ တစ်သန်း အထိ ရှိနိုင်ဟု လာရီဂျက်ဂန်က ခန့်မှန်းပြောကြား
မြန်မာအစိုးရက သေဆုံးသူ ၂ သောင်း ၂ထောင် ရှိသည် ဟုကြေငြာထားသော်လည်း အမှန်တကယ်သေဆုံးသူ မှာ ၂ သိန်းခွဲခန့်အထိရှိနိုင်ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သူ တစ်သန်းခန့်အထိရှိနိုင်သည်ဟု ဘီဘီစီသတင်းထောက်ဟောင်း လာရီဂျက်ဂန်က သြစတေးလျနိုင်ငံ အေဘီစီ ရုပ်မြင်သံကြားဋ္ဌာန နှင့် အင်တာဗျူးတွင်ခန့်မှန်းပြောကြားသွားခဲ့သည်။
“ကျွန်တော့်အနေနဲ့ သေဆုံးသူပေါင်း ၂ သိန်းခွဲလောက်အထိရှိနိုင်မယ်လို့ စိုးရိမ်ရတယ်။ အခုကြေငြာထားတဲ့စာရင်းဟာ တကယ်တမ်းသေဆုံးသူရဲ့ အစိတ်အပိုင်းလောက်ပဲရှိမယ်။ အဓိကပြသနာကတော့ မြစ်ဝကျွန်းပေါ်နဲ့ ရန်ကုန်မှာ လူတွေသန်းနဲ့ချီပြီးအိုးမဲ့အိမ်မဲ့ဖြစ်နိုင်တာပဲ။ ”
World Vision ရန်ကုန်မှ ကျန်းမာရေး အကြံပေး ကိုကြည်မင်းက မြစ်ဝကျွန်းပေါ်ဒေသမှ ပျက်စီးဆုံးရှုံးမှုနှင့်ပက်သက်၍ မျက်မြင်သက်သေတစ်ဦး၏ အတွေ့အကြုံကို အေဘီစီရုပ်မြင်သံကြားကို အောက်ပါအတိုင်းပြန်ပြောပြသည်။
“သူ့အတွက် သွားစရာ ဘာယာဉ်မှ မရှိလို့ ၂ ရက်တိတိ လမ်းလျှောက်ခဲ့ရတယ်။ လမ်းမပေါ်မှာ လူသေအလောင်းတွေ အများကြီးတွေ့ရတယ်။ မြစ်ထဲမှာ ပေါလော ပေါ်နေတာတွေလည်းအများကြီးပဲ။ မြင်ရတဲ့မြင်ကွင်းက တကယ့်ကိုခြောက်ခြားစရာပါပဲ လို့ သူကပြောတယ်။ ”
အဓိကကြုံတွေ့ရတဲ့ ပြသနာကတော့ ရေသန့်နဲ့ ယာယီတဲတွေကို ပို့ပေးနိုင်ဖို့ လမ်းပေါ်မှာပိတ်ဆို့နေတဲ့သစ်ပင်တွေကို ရှင်းလင်းရတာ ပါပဲ။ ဟု ကိုကြည်မင်းကပြောသည်။
ထိုင်းအစိုးရမှ ဆေးဝါးများ၊ ခြင်ထောင်များ နှင့် ယာယီရွှေ့ပြောင်းနိုင်သော အကာအကွယ် ပလတ်စတစ်များကို လေယာဉ်တစ်စီးဖြင့် ယနေ့မြန်မာနိုင်ငံသို့ ပို့ဆောင်လိုက်ကြောင်း လာရီဂျက်ဂန်က ပြောသည်။
မူရင်း သြစတေးလျသတင်း
အမေရိကန်သမ္မတ ဘုရှ်မှ မြန်မာနိုင်ငံသို့အကူအညီပေးရန် ကမ်းလှမ်း
အမေရိကန်သမ္မတ ဘုရှ် မှ အမေရိကန်ကယ်ဆယ်ရေးအဖွဲ့များကို မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ပေးရန် မြန်မာအစိုးရသို့ တိုက်တွန်းလိုက်သည်။ မစ္စတာဘုရှ်မှ မြန်မာပြည်သူများအတွက် စိတ်မကောင်းခြင်းကြီးစွာဖြစ်ကြောင်းပြောပြီး အမေရိကန် ရေတပ်မှ ပျောက်ဆုံးသူများနှင့်သေဆုံးသူများကို ကူညီရှာဖွေပေးရန် နှင့် အခြေအနေအားလုံးပုံမှန်အတိုင်း ပြန်ဖြစ်နိုင်ရန်အတွက် အကူအညီပေးရန် ပြင်ဆင်ထားကြောင်းပြောသည်။
ဒါပေမယ့်ဒီလိုကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ မြန်မာအစိုးရအနေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို ၀င်ခွင့်ပေးဖို့လိုအပ်ကြောင်း သူကပြောသည်။
အမေရိကန်အနေနှင့် အစကနဦး အကူအညီများကိုပေးအပ်ပြီး ဖြစ်သော်လည်း နောက်ထပ် အကူအညီများစွာထပ်ပေးချင်သေးကြောင်းလည်း သူကပြောသည်။
ယနေ့ ယူအက်စ်အေ မူရင်းသတင်း
သြစတေးလျသတင်းမှ စုစည်းထားသော ဆိုင်ကလုန်းအပြီး ဓာတ်ပုံများ
သြစတေးလျသတင်းမှ စုစည်းထားသော ဓာတ်ပုံများကို ဒီလင့်ခ် မှာ ကလစ်နှိပ်ပြီး ကြည့်နိုင်ပါတယ်။
နိုင်ငံတကာမှ အကူအညီပေးရန်ကမ်းလှမ်းချက်များ
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ချင်ဂန်က မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅သိန်းတန် ကယ်ဆယ်ရေး ပစ္စည်းများအပါအ၀င် အမေရိကန်ဒေါ်လာ ၁သန်းတန်ဖိုးရှိ အကူအညီများပေးအပ်သွားမည်ဖြစ်ကြောင်း ပုံမှန်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တရုတ်ကုန်သွယ်ရေး ၀န်ကြီးဋ္ဌာန၏ အင်တာနက်စာမျက်နှာတွင် အကူအညီများ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိနိုင်ရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။
ပထမအသုတ် တင်ပို့မည့် ပစ္စည်းများတွင် ယာယီတဲများ၊ အိပ်ရာများ နှင့် ဘီစကွတ်များပါဝင်မည် ဖြစ်သည်။
မူရင်းသတင်း (ဆင်ဟွာ)
ဆွစ်ဇာလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အကူအညီ နှင့် ကျွမ်းကျင်သူများကို ပို့လွှတ်မည်ဖြစ်ကြောင်းသိရသည်။
ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ ပထမအသုတ် အနေနှင့် ဆွစ်ဖရန့် ၅သိန်း (အမေရိကန်ဒေါ်လာ ၄၇၆၁၇၀) လှူဒါန်းမည်ဟု ကြေငြာသည်။ ဆွစ်ဇာလန်ကြက်ခြေနီအဖွဲ့မှလည်း ဆွစ်ဖရန့် ၂သိန်းတောင်းဆိုထားသည်။ အများပြည်သူထံမှ အလှူငွေကောက်ခံရန် ကန်ပိန်းကို စတင်နေပြီဖြစ်ကြောင်းသိရသည်။
မြန်မာအစိုးရက ပြည်ဝင်ခွင့်ပြုသည်နှင့် အကူအညီပေးရေးတာဝန်ခံ ၄ဦး မုန်တိုင်းဒဏ်သင့်ဒေသများသို့ သွားရောက်မည် ဟု နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန လူသာချင်းစာနာထောက်ထားမှု ဋ္ဌာနခွဲမှူး တိုနီ ဖရစ်ခ်ျ ကပြောသည်။ အခြား ၀န်ထမ်း ၃ဦးကိုလည်း ထိုင်းနိုင်ငံတွင် ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်အတူတကွ အလုပ်လုပ်ရန်စေလွှတ်မည်ဟု သိရသည်။
ဆွစ်ဇာလန်၏ အကူအညီမှာ သောက်သုံးရေ၊ အမိုးအကာ နှင့် ကူညီစောင့်ရှောက်မှုများကို အာရုံစိုက်လုပ်ဆောင်သွားမည်ဟု သိရသည်။
မူရင်းသတင်း Swissinfo
မြန်မာနိုင်ငံ ကယ်ဆယ်ရေးလုပ်ငန်းအတွက် ကနေဒါနိုင်ငံမှလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ကနေဒါနိုင်ငံ အပြည်ပြည်ဆိုင်ရာ အကူအညီ အေဂျင်စီမှ မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာ ၂ သန်း လှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။ ထို ဒေါ်လာ ၂သန်းမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဖြစ်သော ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့နှင့် ကမ္ဘာ့စားရေရိက္ခာအဖွဲ့အစည်း (World Food Program) တို့မှ တဆင့် လှူဒါန်းမည်ဖြစ်ပြီး ကနေဒါနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှ စီမံခန့်ခွဲမည်ဖြစ်ကြောင်း ကနေဒါနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဘက်ဗ်အိုဒါ က တနလာင်္နေ့တွင်ပြောကြားသည်။
မူရင်းသတင်း (The Vancouver Sun)
Padauk Myay
ReliefWeb: Updates by Country
- ADAM (Advanced Disaster Analysis & Mapping) Myanmar Update #2 Maximum Flood Extent, 17 July 2024 - 7/17/2024 - World Food Programme
- Myanmar - Cholera outbreak (DG ECHO, WHO, Myanmar Ministry of Health) (ECHO Daily Flash of 17 July 2024) - 7/17/2024 - European Commission's Directorate-General for European Civil Protection and Humanitarian Aid Operations
- Myanmar: Human Rights Situation weekly update (July 8 to 14, 2024) [EN/MY] - 7/17/2024 - Network for Human Rights Documentation-Burma
- Myanmar: Probable Flood Inundated Area in Sagaing, Mandalay and Magway Region as of 12 July 2024 - 7/17/2024 - UN Development Programme
- Myanmar: Probable Flood Inundated Area in Homalin and Paungbyin Township, Sagaing Region as of 12 July 2024 - 7/17/2024 - UN Development Programme
Welcome to the Mizzima News - Burmese Version
Error loading feed.
သတင်းမဵား
- စစ်ကိုင်းနဲ့ မန္တလေးက မြို့နယ်သုံးခု ဗုံးကြဲတိုက်ခိုက်ခံရပြီး လေးဦးသေ၊ ၁၃ ဦးဒဏ်ရာရ
- မြန်မာ့ငလျင်ဘေးအတွက် တောင်ကိုရီးယား ထောက်ပံ့ရေးပစ္စည်းတွေပေးပို့
- သာယာဝတီအကျဉ်းထောင် ညှဉ်းပမ်းနှိပ်စက်မှု အချက်အချာနေရာဖြစ်နေ
- အာဆီယံ နဲ့ မြန်မာစစ်ခေါင်းဆောင် ဧပြီ ၁၈ ရက် ဘန်ကောက်မှာ တွေ့ဆုံမည်
- RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ ဧပြီ ၁၄ ရက်)
VOA News: Burma
Error loading feed.
VOA News: Disasters and Accidents
Error loading feed.
NYI LYNN SECK 18+ DEN
Error loading feed.
CYCLONE NARGIS - Google News
MoeMaKa Media - မိုးမခ မီဒီယာ
- စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး - k
- ဇင်လင်း - နှစ်သစ်ကူးပြန်ပေါ့ … - Unknown
- လောကဓာတ်ခန်းသာဂိ - ရာဇဝင်ထဲမှာ ဇော်ဂျီကို ထားရစ်ခဲ့ - Unknown
- အေးငြိမ်း ● အခွင့်ထူးခံ လူတန်းစား - Aung Htet
- ကမ်လူဝေး ● ဒီမိုကရေစီ - Aung Htet
ဒေါက်တာလွဏ်းဆွေ
နေနတ်နွယ်
Error loading feed.
ကျွန်မ၏ ခံစားမှုများသီကုံးရာ လွတ်လပ်ခြင်းအနုပညာ
Promoting Humanity
Error loading feed.