မေလ ၂ ရက်နေ့ညကတိုက်ခတ်သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လပ္ပတ္တာမြို့နယ်တွင် လူသောင်းချီ၍ သေဆုံး ကြောင်း သိရသည်။
နာဂစ်မုန်တိုင်း မြန်မာနိုင်ငံသို့ ဖြတ်သန်းတိုက်ခိုက်ချိန်က ဧရာဝတီဖြစ်ဝကျွန်းပေါ်ရှိ လပ္ပတ္တာမြို့နယ်သည် မုန်တိုင်းဒဏ်ကို ပထမဆုံးခံခဲ့ရပြီး လည်းကောင်းမြို့နယ်ရှိ ရွာပေါင်း ၂၂ ရွာရေမြုပ်ပြီး ဒေသခံအများစု အိုးမဲ့ အိမ်မဲ့ဖြစ်သွားသည်ဟုလည်း ဒေသခံများက ဧရာဝတီကိုပြောသည်။
လပ္ပတ္တာမြို့နယ်ရှိရွာများဖြစ်ကြသည့် ကိုင်းမောင်၊ ပြင်လမ်း၊ အရာတော်၊ ရွေး၊ မုန်ညင်းတန်း၊ သင်္ကန်းကြီး၊ လေရွဲ၊ ပြင်စလူ၊ ကျွန်းကွဲနှင့် တီတွတ်ရွာများသည် ရွာလုံးကျွတ်ပျောက်လုနီးပါးဖြစ်ကာ ရွာခံလူထု ခိုကိုးရာမဲ့ ဖြစ်နေကြသည်။
“ကျနော့်သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ သေကုန်ပြီ။ နေရာတိုင်းမှာ လူသေအလောင်းတွေ တွေ့နေရတယ်။ ပင်လယ်ကမ်းခြေအနီးနားတွေအားလုံး ရေမြုပ်နေတယ် … ရေက ၁၀ ပေလောက်တက်တယ်။ ရေတွင်းတွေအားလုံး ရေမြုပ်နေလို့ သောက်ရေတောင် မရှိဘူး” ဟု လပ္ပတ္တာမြို့ခံတဦးက ပြောသည်။
ယင်းဒေသရှိ လေဘေးဒုက္ခသည်များသည် နီးစပ်ရာဘုန်းတော်ကြီးကျောင်းများတွင်နေကြရပြီး နာရေးကူညီမှုအသင်းနှင့် ငွေကြေးတတ်နိုင်သူများက ဆန်ပြုတ်ဝေသည်ဟု ၎င်းကဆက်ပြောသည်။
အာဏာပိုင်အဖွဲ့အစည်းများနှင့် အန်ဂျီအိုများ၏ ကူညီထောက်ပံ့မှုများ ယခုအချိန်အထိ မရသေးကြောင်းလည်း အဆိုပါ ဒေသခံက ပြောသည်။
လပ္ပတ္တာမြို့နယ်အတွင် လူဦးရေ ၆၀၀၀၀ ခန့်သေဆုံးကာ ၉၅ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးသည်ဟုလည်း ဒေသခံ မျက်မြင် သက်သေတချို့က ဆိုသည်။
မုန်တိုင်းဒဏ်ကြောင့် လူဦးရေ ၂၂၅၀၀ သေဆုံးကာ ၄၁၀၀၀ ကျော်ပျောက်ဆုံးနေကြောင်း စစ်အစိုးရက သတင်းထုတ်ပြန် ထားသည်။
ဖျာပုံမြို့တွင်လည်း အိမ်အမိုးများသည် မုန်တိုင်းဒဏ်ကြောင့် လေနှင့်အတူ လွင့်ပါကုန်ကြသည်ဟု ဒေသခံတဦးက ပြောသည်။
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ အရက်ချက်စက်ရုံတရုံတွင် အလုပ်သမား ၉ ဦးရှိရာ ၈ ဦးသေဆုံးကာ တဦး ပျောက်ဆုံးနေ သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်တွင်လည်း မုန်တိုင်းဒဏ်ကြောင့် လူအသေအပျောက်များကြောင်း စုံစမ်းသိရှိရပြီး ယမန် နေ့က ကွမ်းခြံကုန်းမှပြန်လာသည့် ထောက်လှမ်းရေးတဦးက လူသေနံ့နှင့် ငါးပုပ်နံ့များ ထွက်နေကြောင်း ပြောသည်။
“လမ်းတွေပေါ်ပိတ်နေတဲ့သစ်ပင်တွေ၊ အမှိုက်တွေကို လမ်းဘေးမှာပုံထားတယ်။ စည်ပင်သာယာနဲ့ ဘယ်အာဏာပိုင်အဖွဲ့ အစည်းကမှ အခုထိလာမသယ်သေးဘူး။ လမ်းထိပ်တွေမှာ အမှိုက်တွေပုံနေတယ်။ အပျက်အစီးစာရင်းလည်း အခုထိလိုက် မကောက်သေးဘူး” ဟု ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ၀န်ထမ်းတဦးက ဧရာဝတီကို ပြောသည်။
လေမုန်တိုင်းတိုက်ခတ်သည့် မေလ ၂ ရက်နေ့ညမှစ၍ ယခုအချိန်အထိ ရန်ကုန်မြို့တွင် လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်း အများစုမှာ ပြတ်တောက်လျက်ရှိပြီး ယမန်နေ့ညပိုင်းက အစိုးရသောက်သုံးရေကိုပြန်ရသည်ဟု အဆိုပါဝန်ထမ်းက ပြောသည်။
“မီးစက်နဲ့ ရေတင်တဲ့မော်တာမရှိတဲ့အိမ်တွေက ရေမရသေးဘူး” ဟုလည်း ၎င်းက ပြောသည်။
မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြို့ရှိလူနေအိမ်များ၏ ခေါင်းမိုးများလန်သွားသည်။ အိမ်မိုးသွပ်ပြားဈေးသည် တချပ်လျှင် တသောင်းခွဲအထိတက်သွားကာ သွပ်ရိုက်သံဈေးသည် တပိဿာ နှစ်သောင်းအထိ ဈေးတက်သွားသည်။ ယခုအခါ ရန်ကုန်မြို့၌ သွပ်ရိုက်သံ ပြတ်လပ်နေကြောင်း သိရသည်။
ရန်ကုန်မြို့ခံတဦးက “အမိုးလန်တဲ့အိမ်အများစုက ငွေကြေးမတတ်နိုင်လို့ မပြင်နိုင်သေးဘူး။ တချို့လည်း အဟောင်းတွေနဲ့ ပြန်ပြင်ထားတယ်” ဟု ပြောသည်။
လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်ခြင်း၊ လောင်စာဆီဈေးများအဆမတန်မြင့်တက်ခြင်းနှင့် ကုန်ပစ္စည်းများ ပျက်စီး ဆုံးရှုံးမှုများကြောင့် အခြေခံစားသောက်ကုန်ဈေးများ တနေ့ထက်တနေ့ ပိုမိုမြင့်တက်နေပြီး ကုန်ပစ္စည်း ပြတ်လပ်မည့် အရိပ်အယောင်များကိုလည်း တွေ့နေရသည်။
ပုံမှန်အားဖြင့် ကျပ် ၁၂၀ သာပေးရသည့် ဘဲဥဈေးသည် ယမန်နေ့က ကျပ် ၂၅၀ ဖြစ်ပြီး ယနေ့ဈေးမှာ ၃၅၀ ကျပ် ဖြစ်သည်။ ဆားဈေးမှာ တဆယ်သား ၅၀၀ ကျပ်ဖြစ်ပြီး ပစ္စည်းပြတ်သွားသဖြင့် ဆိုင်တိုင်းတွင်ဝယ်မရကြောင်း ရန်ကုန်ရှိ အိမ်ရှင်မ တဦးက ပြောသည်။
“ဆန်ချောတတင်းခွဲတအိတ်ကို ၄ သောင်းကျော်ရှိတယ်။ ဆိုင်တွေက လုမှာစိုးလို့ ဖွင့်ပြီးမရောင်းဘူး၊ လိုသလောက်ဝယ်လို့ လည်း မရဘူး။ ဒီမှာတော့ တခါမှမကြားဘူးတဲ့ဈေးတွေဖြစ်နေတယ်။ ကန်စွန်းရွက်တစီး ၃၀၀၊ ပဲဆီက တပိဿာ ၅၀၀၀” ဟု အဆိုပါ အိမ်ရှင်မက ပြောသည်။
ဘတ်စ်ကားခမှာလည်း ကျပ် ၁၀၀ ပေးရသည့်ခရီးသည် ကျပ် ၅၀၀ အထိ ဖြစ်သွားသည်။
ယခုလ ၃ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့လယ်ရှိ သိမ်ကြီးဈေး E ရုံကို လူတချို့ကမီးရှို့ကာ ပစ္စည်းများ ၀င်လုကြောင်း သိရသည်။ ယုဇနပလာဇာလည်း ၁၀ ရက်ပိတ်သည်ဟု ကြေညာထားကြောင်း စုံစမ်းသိရှိရသည်။
Padauk Myay
ReliefWeb: Updates by Country
- ADAM (Advanced Disaster Analysis & Mapping) Myanmar Update #2 Maximum Flood Extent, 17 July 2024 - 7/17/2024 - World Food Programme
- Myanmar - Cholera outbreak (DG ECHO, WHO, Myanmar Ministry of Health) (ECHO Daily Flash of 17 July 2024) - 7/17/2024 - European Commission's Directorate-General for European Civil Protection and Humanitarian Aid Operations
- Myanmar: Human Rights Situation weekly update (July 8 to 14, 2024) [EN/MY] - 7/17/2024 - Network for Human Rights Documentation-Burma
- Myanmar: Probable Flood Inundated Area in Sagaing, Mandalay and Magway Region as of 12 July 2024 - 7/17/2024 - UN Development Programme
- Myanmar: Probable Flood Inundated Area in Homalin and Paungbyin Township, Sagaing Region as of 12 July 2024 - 7/17/2024 - UN Development Programme
Welcome to the Mizzima News - Burmese Version
Error loading feed.
သတင်းမဵား
- RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ ဧပြီ ၁၂ ရက်)
- ငလျင်ဘေးကူညီရေး အတားအဆီးတွေ ဖယ်ရှားဖို့နဲ့ စစ်ဆင်ရေးအားလုံး ရပ်ဖို့ ကုလပြော
- စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေအတွက် အရေးယူနိုင်ဖို့ ကြိုးပမ်းနေကြောင်း IIMM ပြော
- ငလျင်အကူအညီ စစ်ကောင်စီကို ပေးမှာမဟုတ်ကြောင်း တောင်ကိုးရီးယားအမတ်တွေပြော
- တရုတ်နိုင်ငံကို လူကုန်ကူးခံရတဲ့ အမျိုးသမီး နှစ်ဆယ်ကျော်ကို ကယ်တင်ထား
VOA News: Burma
Error loading feed.
VOA News: Disasters and Accidents
Error loading feed.
NYI LYNN SECK 18+ DEN
Error loading feed.
CYCLONE NARGIS - Google News
- Image of the Day for May 5, 2008: Cyclone Nargis - ReliefWeb -
- Another Nargis moment in Myanmar - The Tribune -
- On the Predictability and Dynamics of Tropical Cyclone: Nargis (2008) - AGU Publications -
- Burma: after the cyclone - The Lancet -
- A powerful cyclone has made landfall in Myanmar, killing at least three - NPR -
MoeMaKa Media - မိုးမခ မီဒီယာ
- စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး - k
- ဇင်လင်း - နှစ်သစ်ကူးပြန်ပေါ့ … - Unknown
- လောကဓာတ်ခန်းသာဂိ - ရာဇဝင်ထဲမှာ ဇော်ဂျီကို ထားရစ်ခဲ့ - Unknown
- အေးငြိမ်း ● အခွင့်ထူးခံ လူတန်းစား - Aung Htet
- ကမ်လူဝေး ● ဒီမိုကရေစီ - Aung Htet
ဒေါက်တာလွဏ်းဆွေ
နေနတ်နွယ်
Error loading feed.
ကျွန်မ၏ ခံစားမှုများသီကုံးရာ လွတ်လပ်ခြင်းအနုပညာ
Promoting Humanity
Error loading feed.