* ရန်ကုန်တမြို့လုံးဗြောင်းစံနေ
* မုန်တိုင်း တော်တော်ဆိုးတယမလွတ်ဘူး၊
* နံနက် ၅ နာရီခွဲတွင် အပြင်းထန်ဆုံး အရှိန်အဟုန်ဖြင့် ရန်ကုန်မြို့သို့ တိုက်ခတ်
* မနေ့ည ၁၁ နာရီက စတိုကအပြင်းဆုံးအချိန်ကတော့ မနက် ၅ နာရီ၊ ၆ နာရီ
* စလောင်းတွေ အားလုံး လွင့်သွပ်ပြားတွေ အချပ် လိုက် လမ်းတွေပေါ်ပြေးနေ
* ကမာရွတ်၊ လှိုင်၊ မြေနီကုန်း ၊ ရွှေုဂုန်တိုင် ဝေဠုဝန်တိုက်ခန်း ဟံသာဝတီ ကားပွဲစားတန်း ကျွန်းတောလမ်း
* တက္ကသိုလ်ရိပ်သာလမ်း စမ်းချောင်းမြို့နယ တော်တော်ဆိုးတယစမ်းချောင်းကဆက်သွယ်ရေးဝန်ကြီးရုံးတောရွဲသွားပီ
* သမိုင်း ခဝဲခြံ အင်းစိန် ပုဇွန်ထောင် နဲ့ မြိုသစ်ဖြစ်တဲ့ ဒဂုံ ရွေပြည်သာ လိုင်သာယာာ တော်တော်အခြေအနဆိုးတယ် ရေအသကုန်ကြီနေပီ
* ခဝဲခြံမှာလူနေလို့မရအောင်ရေကြီနေတယ်
* လိုင်သာယာကတဲအသေးလေးတွေဘာမှာမရှိတော့ဘူး ကလေးတွေသနားစရာပါ…
* လူတွေအလုပ်တွေရူပ်နေကြတယ်
* GSM တွေရော လိုင်းဖုန်းတွေလုံးဝ မရ
* ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယိုတို့ကို ကြည့်ရှု နားဆင် မရ
* မိုးစဲသွားပြီ် မြို့တွင်းရှင်းလင်းရေးကို ကိုယ်ထူကိုယ်ထရပ်ကွက်အလိုက် လုပ်
* “မနက် ၁၀ နာရီထိ အရှိန်ပြင်းပြင်းနဲ့ တိုက်နေ
* အိမ်တချို့ ပြိုလဲမှုများ ရှိ
* အပျက်အစီးများ လမ်းများ ပိတ်နေ
* လိုင်းကား ပြေးဆွဲခြင်းလဲ မရှိ
* လေလည်း ငြိမ်သွားပြီ
* ရန်ကုန်မြို့တွင် ပျက်စီးမှု အကြီးအကျယ် ဖြစ်ပေါ်စေခဲ့
* ယနေ့ညဘက် တမြို့လုံး အမှောင်ကျ
* သေဆုံးပျေက်ခန့်မှန်းမရ များနိုင်
* စားသောက်ကုန်များ ဈေးတကအလုအယက် ၀ယ်ယူနေကြ
* ကား၊ ရထားအားလုံး ရပ်ဆိုင်း
* အင်တာနက် လုံးဝမရ ကျော်ခွဇယား တောင်စဉ်းစားမရ..
* ရန်ကုန်မြို့တွင် ရယန္ဒရား ရပ်
* လျှပ်စစ် ဓာတ်အားပေး စက်ရုံ အားလုံး ရပ်မိုးခြံတ်လမ်းတွေပိတ်နေတယ်အိမ်မီးပြောနဲလမ်းမီးတောင်မလာဘူး..
* အပင်များမရှိတော့ဘူး
* လမ်းဘေးရပ် ကားအပျက်စီများ
* ရန်ကုန်မြို့ပျက်စီးမှု အကြီးအကျယ် ဖြစ
* အမှတ် (၁)၊စမ်းချောင်းမြို့နယ မူးယစ်ဆေးဝါးပြတိုကလေဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်း ဖွင့်
Padauk Myay
ReliefWeb: Updates by Country
- ADAM (Advanced Disaster Analysis & Mapping) Myanmar Update #2 Maximum Flood Extent, 17 July 2024 - 7/17/2024 - World Food Programme
- Myanmar - Cholera outbreak (DG ECHO, WHO, Myanmar Ministry of Health) (ECHO Daily Flash of 17 July 2024) - 7/17/2024 - European Commission's Directorate-General for European Civil Protection and Humanitarian Aid Operations
- Myanmar: Human Rights Situation weekly update (July 8 to 14, 2024) [EN/MY] - 7/17/2024 - Network for Human Rights Documentation-Burma
- Myanmar: Probable Flood Inundated Area in Sagaing, Mandalay and Magway Region as of 12 July 2024 - 7/17/2024 - UN Development Programme
- Myanmar: Probable Flood Inundated Area in Homalin and Paungbyin Township, Sagaing Region as of 12 July 2024 - 7/17/2024 - UN Development Programme
Welcome to the Mizzima News - Burmese Version
Error loading feed.
သတင်းမဵား
- ချောင်းဦးမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ မောင်နှမသုံးဦးသေဆုံး
- ကုလသမဂ္ဂက မြန်မာ့ ငလျင်အတွက် ဒေါ်လာသန်းတစ်ရာကျော် သုံးစွဲကူညီမည်
- ငလျင်ကြောင့် နေအိမ် ၃ သောင်းနီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း NUG ထုတ်ပြန်
- ငလျင်ကြောင့် သေဆုံးသူ ၃၅၀၀ ကျော်ရှိလာ
- ငလျင်ကြောင့် အပျက်အစီးများတဲ့အပေါ် ဆောက်လုပ်ရေးပိုင်းကို စစ်ခေါင်းဆောင် အပြစ်တင်
VOA News: Burma
Error loading feed.
VOA News: Disasters and Accidents
Error loading feed.
NYI LYNN SECK 18+ DEN
Error loading feed.
CYCLONE NARGIS - Google News
MoeMaKa Media - မိုးမခ မီဒီယာ
- စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး - k
- ဇင်လင်း - နှစ်သစ်ကူးပြန်ပေါ့ … - Unknown
- လောကဓာတ်ခန်းသာဂိ - ရာဇဝင်ထဲမှာ ဇော်ဂျီကို ထားရစ်ခဲ့ - Unknown
- အေးငြိမ်း ● အခွင့်ထူးခံ လူတန်းစား - Aung Htet
- ကမ်လူဝေး ● ဒီမိုကရေစီ - Aung Htet
ဒေါက်တာလွဏ်းဆွေ
နေနတ်နွယ်
Error loading feed.
ကျွန်မ၏ ခံစားမှုများသီကုံးရာ လွတ်လပ်ခြင်းအနုပညာ
Promoting Humanity
Error loading feed.
Saturday, May 3, 2008
အချက်ပြစနစ် ချို့ယွင်းမှုကြောင့် ရန်ကုန် လေဆိပ် ပိတ်ထားရခြင်းဖြစ် (From Mizzima)
လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး လေယာဉ် အချက်ပြစနစ် ချို့ယွင်းမှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပိတ်ထားရခြင်း ဖြစ်သည်။
လေဆိပ်သို့ ပေးပို့သည့် လျှပ်စစ်ဓာတ်ကြိုးများ ပြတ်တောက်ကုန်သဖြင့် လောလောဆယ်တွင် အရေးပေါ်မီးဖြင့် အသုံးပြုနေရသည်။ သို့သော် လေယာဉ် အတက်၊ အဆင်း ထိန်းချုပ်မှု တာဝါနှင့် အချက်ပြစနစ်များ ပြန်လည် လည်ပတ်နိုင်ရေးမှာ ဓာတ်အားလိုင်း အရေးပေါ် ပြင်ဆင်သွယ်တန်းမှု ဆောင်ရွက်ပြီးချိန်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
"အခုတောင် လေဆိပ်တခု လုံးမှာ အရေးပေါ် မီးနဲ့ ပဲ သုံးနေရတာ။ လေယာဉ်တွေ သွားဖို့ကတော့ အချက်ပြဖို့တွေက ခက်နေတယ်။ တာဝန်ရှိသူတွေက ဒီနေ့ လာကြည့်မယ် ပြောနေတယ်။ ခု ထိတော့ ရောက်မလာသေးဘူး။ လောလောဆယ်မှာ ပြောနိုင်တာကတော့ ဒီနေ့ နေ့လည် ၁၂း၃၀ လောက်မှ ဘယ်လို ဖြစ်မယ်ဆိုတာ သိရမှာပဲ။ ခုက ခရီးသည်တွေတော့ ရောက်နေကြတယ်။ ဒီလိုပဲ စောင့်နေကြရတယ်။ ဘယ်လေယာဉ်မှလဲ မဆင်းသေးဘူး " ဟု အမည်မဖော်လိုသူ ရန်ကုန်လေဆိပ် အရာထမ်းတဦးက ပြောသည်။
တာဝန်ရှိသူများမှ ယနေ့တွင် လာရောက် စစ်ဆေးမှာဖြစ်ပြီး မည်သည့် အချိန်မှ လေဆိပ်ပုံမှန် ပြန်လည်နိုင်မည်ကို ယခုလောလောဆယ်တွင် မပြောနိုင်သေးဟု သူက ထပ်ပြောသည်။
လေယာဉ် ခရီးစဉ်များ ဖျက်သိမ်းထားပြီး လေဆိပ် ပိတ်ထားသည်ကို မသိသော ပြည်တွင်း၊ ပြည်ပခရီးသည်များ လေဆိပ်ထဲတွင် ရောက်ရှိ စောင့်ဆိုင်းနေကြသည်။ ရန်ကုန်မှ အခြားမြို့များသို့ ပျံသန်းမည့် ပြည်တွင်း ခရီးစဉ်များကို သောကြာနေ့ကတည်းက ဖျက်သိမ်းထားခဲ့သည်။
လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရန်ကုန် ဒေသခံများမှာ အစိုးရပိုင် ရုပ်မြင်သံကြား၊ ရေဒီယိုတို့ကို ကြည့်ရှု နားထောင်နိုင်ခြင်း မရှိခဲ့သလို နားထောင်လိုက်သူများ အပြောအရ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ ပေးနိုင်ခြင်းလည်း မရှိဟု ဆိုသည်။
ပြည်တွင်း လေကြောင်းလိုင်းများ အနေဖြင့် မနက်ဖြန် မေ ၅ ရက်နေ့မှစတင် ပြန်လည် ပြေးဆွဲနိုင်လိမ့်မည်ဟု ခန့်မှန်းကာ ပြင်ဆင်မှုများ ပြုလုပ်ထားသည်။ သို့သော် အဲယားမန္တလေး၊ ရန်ကုန် အဲယားဝေး၊ အဲပုဂံနှင့် မြန်မာအဲယားဝေးတို့ အားလုံးက အစီအစဉ်များ ပျက်ပြားနိုင်ကြောင်း မဇ္ဈိမသတင်းထောက်ကို တညီတညာထဲ သတိပေးကြသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင် ရန်ကုန်သို့ ပျံသန်းမည့် နံနက်ပိုင်း လေယာဉ်ခရီးစဉ်များကို မွန်းလွဲ ၂ နာရီအထိ ရွှေ့ဆိုင်းထားသည်။ ခရီးစဉ်များ ဖျက်သိမ်းမှု မပြုလုပ်သေးသော်လည်း ရန်ကုန်သို့ ပျံသန်းခြင်း ပြု မပြုကို ထပ်မံ ကြေငြာဦးမှာ ဖြစ်သည်။
ရန်ကုန်သို့ နယ်မြို့များမှ ၀င်ရောက်သော အဝေးပြေး ကားများလည်း ရပ်နားထားသည်။ မြို့တွင်း ပြေးဆွဲသော ပုံမှန် ဘတ်စ်ကားလိုင်းများမှာ သစ်ပင်များ၊ အပျက်အစီးများ လမ်းများပေါ်တွင် ပိတ်ဆို့မှု၊ လောင်စာဆီ အခက်အခဲကြောင့် ပြေးဆွဲမှု နည်းပါးလှရာ ဘတ်စ်ကားခများ နှစ်ဆ ခုန်တက်သွားသည်။
ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးများ မှောင်ခိုဈေးကွက်တွင် ယနေ့ နံနက်ပေါက်ဈေးမှာ ၇၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ် အသီးသီးဖြစ်သွားရာ မုန်တိုင်း မတိုက်ခင်ကထက် ၄၀ ရာခိုင်နှုန်း မြင့်တက်သွားသည်။
မုန်တိုင်းကြောင့် ရန်ကုန်ရှိ ဆိပ်ခံဗောတံတား အားလုံးနီးပါး ပျက်စီးမှုရှိခဲ့ပြီး ပြည်တွင်းသွား ရေယာဉ်ခရီးစဉ်များ ရပ်နားထားသည်။

စင်ကာပူမှ ရန်ကုန်သို့ လေယာဉ်ခရီးစဉ်ပြန်လည်စတင်နေပါပြီ
May 3 Yangon (From HitTaing)

မြစ်ဝကျွန်းပေါ်ဒေသမှ တယ်လီဖုန်းလိုင်းများ သောကြာ နေ့ ညကတည်းက လုံးဝ ပြတ်တောက်သွားသဖြင့် ရန်ကုန်တိုင်းနှင့် ကပ်နေသော ဧရာဝတီတိုင်းရှိ ပုသိမ်၊ ၀ါးခယ်မ၊ မော်ကျွန်း၊ အိမ်မဲ၊ ကျိုက်လတ် မြို့များ အခြေအနေကို ဆက်သွယ်မရ။ ရန်ကုန် မင်္ဂလာဒုံ လေဆိပ် ပိတ်လိုက်ရပြီ။ အိမ်များ အမိုးလန်ထွက်ကုန်ပြီ။ သစ်ပင်ကြီးများ အမြစ်ကျွတ် ပြိုလဲကျသွား။ လမ်းများ ရေလျှံနေ။ လမ်းပေါ် ရေကြီးနေပြီး ကားများ မသွားနိုင်။ သယ်ယူပို့ဆောင်ရေး ပျက်ယွင်းသွား။ အင်တာနက် ကဖေးများ ပိတ်လိုက်ရ။ မြန်မာ့အသံ ပါ ရပ်သွားပြီ။
သစ်ကိုင်း ကျိုးလဲနေသည့် ယနေ့ရန်ကုန် (အေအက်ဖ်ပီ)
ရန်ကုန်သို့ အ၀င်အထွက် လေကြောင်းအားလုံး ဖျက်သိမ်း။ ရန်ကုန်သို့ ဆင်းမည့် လေယာဉ်များ မန္တလေးကွင်းမှာ နေရာပြောင်း ဆင်းသက်ရ။ အင်တာနက်လိုင်းများ ပြတ်တောက်သဖြင့် ပြည်တွင်းမှ ဓာတ်ပုံပို့ရန် အခက်အခဲရှိနေ။
ပန်းရံသမားများ၊ ဆောက်လုပ်ရေးလုပ်ငန်းမှ နေ့စားပေါက်ဆင်းများ၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်၊ ဈေးနှင့် ဆိပ်ကမ်း အထမ်းသမားများ အလုပ်မဆင်းရသဖြင့် နေ့စဉ် ၀င်ငွေ ထိခိုက်သွား။ ကလေးများ ကျောင်းမတက်နိုင်။ အဆင်သင့် ပြင်ဆင်ထားသော မေ ၁၀ ရက် ဆန္ဒခံယူပွဲကို နာဂစ်မုန်တိုင်းက ရွှေ့ဆိုင်းဖွယ်ရှိ။
ရန်ကုန်တွင် ရေပြတ်၊ ကုန်စည်များ အလုအယက် ၀ယ်ယူနေ(From mizzima)
မုန်တိုင်းဒဏ် ခံခဲ့ရသောကြောင့် ရန်ကုန်တွင် ဘုရားစေတီ အများအပြား ပျက်စီးမှု ဖြစ်ခဲ့ပြီး ရန်ကုန်လူထုသည် ရေပြတ်တောက်မှုနှင့် ဆက်လက် ကြုံတွေ့နေရသည်။
မီးပြတ်ပြီး ရေတွန်းစက်များ ရပ်နားထားသည့်အတွက် ဂျိုးဖြူရေပိုက်မှ ရေမရရှိကြပေ။ အလားတူပင် အ၀ိစီ တွင်းများကလည်း မလည်ပတ်နိုင်ဘဲ ဖြစ်နေသည်။
ရွှေတိဂုံဘုရားမှ အရံစေတီများ၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပျက်စီးခဲ့သည်ဟု ဘုရား ဂေါပကများထံမှ သိရသည်။ နောင်တော်ကြီးဘုရား၊ ကြေးသွန်း ရုပ်ပွားတော်၊ ငါးထပ်ကြီးဘုရား၊ ကျိုက္ကဆံ ဘုရားတို့တွင် ပျက်စီးမှု ထီးတော် ပြုတ်ထွက်မှုတို့ ဖြစ်ပေါ်ခဲ့သည်။ ရွှေတိဂုံဘုရားသို့ ဘုရားဖူးများ တက်ရောက်ဖူးမျှော်ခွင့်ကို တားမြစ်ထားသည်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကုန်စည်များ ပြတ်တောက်သွားနိုင်သည် ဆိုသော စိုးရိမ် ပူပန်မှုများကြောင့် စားသောက်ကုန်များ အလုအယက် ပြေးလွှား ၀ယ်နေကြသည်။ အခြေခံ စားသောက်ကုန်ဈေးများ အတက် ကြမ်းလာနေသလို လောင်စာဆီ ရှားပါးမှုလည်း ကြုံနေရသည်။
အစိုးရ ဓာတ်ဆီဆိုင်များအားလုံး ဘောက်ဆာဆီကား မလာသောကြောင့် ရပ်နားထားရာ မော်တော်ယာဉ်များ သွားလာမှုကို ကြီးစွာ အကန့်အသတ် ဖြစ်စေသည်။
ထို့အပြင် အမိုးအကာများ ပျက်စီးမှု ပြန်လည် ပြင်ဆင်ရန် လုပ်ဆောင်နေရာ သွပ်၊ သံ တို့ လိုသလောက်ပင် ၀ယ်၍ မရဘဲ ဖြစ်နေသည်။
အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ၀ယ်ယူသူ များပြားလှသောကြောင့် တန်းစီ စနစ်ဖြင့် ၀ယ်ယူနေကြရပြီး သံ၊ သွပ်စသည်တို့ကို လိုသလောက် ၀ယ်ယူ၍ မရနိုင် ဖြစ်နေသည် ဟု ဒေသခံ တဦးက ပြောသည်။
ထို့အပြင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် လဲပြိုနေသော သစ်ပင်များကို ၀ိုင်းဝန်း ရှင်းလင်းနေပြီး အလုပ်ရှုပ်နေကြရသည်။ လျှပ်စစ်မီး အခက်အခဲကြောင့် မြန်မာ့ရုပ်မြင်ကို ကြည့်ရှု၍မရဘဲ ဓာတ်ခဲသုံး ရေဒီယိုများကိုသာ အားထားနေကြရသည်။
"ရပ်ကွက်တခုလုံး တူထုသံတွေ ညံနေတာပဲ။ ပစ္စည်းတွေကလဲ လိုသလောက် ၀ယ်လို့ မရနိုင်ဘူး။ ဈေးတွေကတော့ မတက်သေးဘူး။ ခုလောလောဆယ်မှာကတော့ ပစ္စည်းတွေက ၀ယ်ရတာ တအား ရှားနေတယ်။ သတင်းနားမထောင်ရတော့ မုန်တိုင်းအခြေအနေက ဘယ်လိုရှိလဲတောင် မသိရဘူး" ဟု အမျိုးသမီးတဦးက ပြောသည်။
မီးသွေးများ ရောင်းမလောက်ဖြစ်နေပြီး ကြက်ဥ၊ ဘဲဥ ကတော့ ရောင်းရ လက်မလည်နိုင်အောင် ဖြစ်နေသည်။
အစိုးရပိုင် ရေဒီယိုက ကြေညာသွားရာတွင် မင်္ဂလာတောင်ညွန် မြို့နယ်အတွင်း အိမ်ပြိုလဲမှုများ ရှိသည်ဟု ဖော်ပြပါရှိသည်။ လေဆိပ်များနှင့် မီးရထား အသွားအလာများ ပြန်လည် ကောင်းမွန် နေသည်ဟု ပါရှိသည်။
သို့သော် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကို ပိတ်ထားဆဲဖြစ်ပြီး ပြည်တွင်း လေကြောင်းလိုင်း လေယာဉ်များ မန္တလေးတွင် ရပ်နားနေကြရဆဲ ဖြစ်သည်။ ပြည်ပမှ ရန်ကုန်သို့ ပျံသန်းသော လေယာဉ် ခရီးစဉ်များကို ဆိုင်းငံ့ထားဆဲဖြစ်ပြီး ယနေ့ မွန်းလွဲအထိ အနည်းဆုံး စောင့်ဆိုင်းရမည် ဖြစ်သည်။
အစိုးရ ယန္တရား ရပ်ဆိုင်းနေပြီး နေပြည်တော်၏ ကွပ်ကဲမှု ရန်ကုန်တွင် ပြတ်တောက်နေဆဲ ဖြစ်သည်။ လူအသေအပျောက်နှင့် ပတ်သက်၍ ခန့်မှန်းရာတွင် ရန်ကုန်တွင် ဆယ်ဂဏန်းသာ ရှိမည်ဟု အမည်မဖော်လိုသူ ပြည်ထဲရေးဌာန အရာရှိတဦးက ပြောသည်။
ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များ ဖြစ်သော ဒဂုံမြို့သစ် တောင်၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ လှိုင်သာယာ၊ ရွှေပြည်သာတို့တွင် အပျက်အစီး များပြားသည်ဟု သတင်းထွက်ပေါ်နေသည်။ သို့သော် တယ်လီဖုံးလိုင်းများ ပြတ်တောက်နေ၍ အသေးစိတ် မသိရသေးပေ။

Thursday, May 1, 2008
Subscribe to:
Posts (Atom)