http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Sunday, May 4, 2008

    မေလ ၄ ရက်နေ့ညပိုင်း အေပီနှင့် ဆင်ဟွာသတင်းမှ ကောက်နှုတ်ချက်များ (From myanmarhumanity.blogspot.com)

    ဆိုင်ကလုန်းကြောင့် လူပေါင်း ၃၅၀ ကျော်သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာသော အိုးအိမ်များပျက်စီးကာ ရန်ကုန်မြို့ရှိ လျှပ်စစ်ဓာတ်အားကို ပြတ်တောက်စေခဲ့သည် ဟု အစိုးရကသတင်းထုတ်ပြန်ခဲ့ကြောင်းကြားသိရသည်။

    အေပီသတင်းအရ အနည်းဆုံး လူပေါင်း ၃၅၁ ယောက်သေဆုံးပြီး ၁၀၉ယောက်မှာ မြန်မာနိုင်ငံ အနောက်တောင်ပိုင်းရှိ ဟိုင်းကြီးကျွန်းမှဖြစ်သည်ဟုသိရသည်။ ဆင်ဟွာသတင်းတွင်မူ ဟိုင်းကြီးကျွန်းမှ ၁၆၂ ယောက်အပါ အ၀င် ဧရာဝတီတိုင်းမှ ၃၃၂ ဦး နှင့် ရန်ကုန်တိုင်းမှ ၁၉ ဦးဟုဖော်ပြထားသည်။

    ရုပ်မြင်သံကြားသတင်းအရ လပွ တ္တာမြို့၏ ၇၅ရာခိုင်နှုန်းကျော် ပျက်စီးသွားကြောင်း သိရှိရသည်။

    ဆင်ဟွာမှ သတင်းများအရ ဟိုင်းကြီးကျွန်းတစ်ခုတည်းတွင်ပင် အိမ်ပေါင်း ၂၀၀၀၀ ကျော်မျှပျက်စီးခဲ့ပြီး လူပေါင်း ၉၂၇၀၆ ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ ထိုမျှမက ဧရာဝတီတိုင်း ကာဝနှင့် ညောင်တုန်းမြို့တို့တွင် အိမ်ပေါင်း ၁၅၅၀ မျှ ပျက်စီးခဲ့ရသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ ရန်ကုန်မြို့တွင်မူ လှိုင်သာယာ စက်မှုဇုံတွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည် ဟုလည်း ဖော်ပြထားသည်။

    “ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာ အပျက်အစီးများရတာ လေနဲ့မိုးကြောင့် သာ မကဘူး။ မုန်တိုင်းရဲ့ဒဏ်ကြောင့်လည်းပါတယ်။ ရွာတွေဆိုရင် လုံးဝ ပြားချပ်သွားတာပဲ။ ” ဟု ကုလ သမဂ္ဂ လူသားချင်းစာနာထောက်ထားရေး ခေတ္တတာဝန်ခံ ခရစ်စ်ကေး ကပြောသည်။ ကုလသမဂ္ဂမှ တနလာင်္နေ့တွင် အပျက်အစီးများအတွက် အဖွဲ့များစေလွှတ်ရန် စီစဉ်ထားကြောင်းသူကပြောသည်။ အစဦးပိုင်း ကြိုးပမ်းမှုများမှာ အပျက်အစီးများကြောင့် လမ်းများပိတ်ဆို့နေမှုနှင့် ဖုန်းလိုင်းပြတ်တောက်မှုများကြောင့် နှောင့်နေးခဲ့ရသည် ဟု ခရစ်စ်ကေးက ပြောသည်။

    “အခုအချိန်မှာတော့ ဆက်သွယ်ရေးက အရမ်းကိုဆိုးရွားနေတယ်။ ခင်ဗျားတို့ကို ကျွန်တော် အများကြီးပြောမပြနိုင်သေးဘူး။” ဟု သူကပြောသည်။

    ရန်ကုန်မှ မျက်မြင်သက်သေများ၏ ပြောပြချက်အရ မိုင် ၁၂၀ တိုက်ခတ်သောမုန်တိုင်းသည် ရာပေါင်းများစွာသော အိမ်များ၏ အမိုးများကို လွင့်ထွက်စေခဲ့ပြီး ဟိုတယ်များ၊ ကျောင်းများ၊ ဆေးရုံများကို ပျက်စီးစေခဲ့ကာ ရန်ကုန်တစ်မြို့လုံး၏ လျှပ်စစ်ဓာတ်အားကို ပြတ်တောက်သွားစေခဲ့သည်။

    မြန်မာ့အလင်းသတင်းစာမှ တနင်္ဂနွေသတင်းအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပိတ်ထားဆဲဖြစ်ပြီး ပြည်တွင်းလေကြောင်းခရီးစဉ်များကို မန္တလေး သို့ ပြောင်းလဲထားကြောင်းသိရသည်။ ယခုနောက်ဆုံးရရှိသည့် ဆင်ဟွာသတင်းအရ တနလာင်္နေ့တွင် အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များကို ပုံမှန်အတိုင်း ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့အသံမှ တနင်္ဂနွေနေ့ညပိုင်းတွင် ကြေငြာခဲ့သည်ဟု သိရသည်။

    ရန်ကုန်မြို့တွင်နေထိုင်သူများသည် တနင်္ဂနွေနေ့တွင် မိမိတို့၏အိမ်များကို ပြုပြင်ရန် အိမ်ဆောက် ပစ္စည်းများ အပြေးအလွှားဝယ်ယူကြသည်။ ဓာတ်ဆီဈေးမှာ ၄ဆမျှ တက်သွားခဲ့ပြီး ကြက်ဥမှစ၍ အိမ်ဆောက် ပစ္စည်းအထိ ကုန်ဈေးနှုန်းများအားလုံး ၃ဆမျှ မြင့်တက်သွားခဲ့သည်။

    ဘန်ကောက်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းမှ ဒေသဆိုင်ရာ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေး ကိုယ်စားလှယ် မိုက်ကယ် အနီးယားက သူတို့၏ အေဂျင်စီမှ ရန်ကုန်မြို့ အဖွဲ့ခွဲများသည် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့တွင်း အမိုးအကာများနှင့် ကယ်ဆယ်ရေး ပစ္စည်း များကို ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။