http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Tuesday, May 6, 2008

    လပွတ္တာမှာ လူထောင်ပေါင်းများစွာ မုန်တိုင်းဒဏ်သင့် သေဆုံးဟု လွှတ်တော် ကိုယ်စားလှယ်ပြော (From Mizzima)

    နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း လပွတ္တာမြို့တွင် အသေအပျောက် များသည် ဆိုသောကြောင့် ယမန်နေ့ညက ရန်ကုန်သို့ ရောက်ရှိလာသည့် လပွတ္တာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ၊ လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးကြူကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။

    ယနေ့ ထုတ်ပြန်သော အစိုးရ၏ စိစစ်ဆဲ ရှိသည်ဆိုသော သတင်းတွင် လူ ၁ဝဝဝ သေဆုံးသည်ဟု ပြောသည်။ သို့သော် ဦးအေးကြူက အစိုးရ ကြေညာချက်ထက် အဆများစွာ ပိုသည်ဟု ပြောသည်။

    မေး။ လပွတ္တာမှာ ဖြစ်ပျက်ခဲ့တာတွေ ပြောပြပါ ဆရာ။

    ဖြေ။ လပွတ္တာက သောကြာနေ့၊ ၂ ရက်နေ့ ညနေ ၃ နာရီလောက်က စတိုက်တာ။ စတိုက်တဲ့ မုန်တိုင်းက ည ၁ဝ နာရီ ၁၁ နာရီလောက်မှာ နည်းနည်းလေး လျော့သွားတယ်။ ဒါပေမဲ့ အရှိန်က မသေးဘူး။ လေက ပတ်လည်တိုက်သွားတာ။ မြို့က ကုန်းပေါ်မို့လို့ တော်သေးတယ်။ မြို့လယ်လမ်းမှာ ရေက ခါးလယ်လောက် ရှိတယ်။ မြို့စွန်တွေမှာ ရင်ဘတ်အထိ ရောက်တယ်။ ခေါင်းမိုးတွေ အကုန်လန်ကုန်တာ။ ပြိုတဲ့ အိမ်ကပြို။ တမြို့လုံး ခေါင်မိုးမလန်တဲ့ အိမ်မရှိသလောက်ဘဲ။ သွပ်တွေကလည်း မရှိတော့ဘူး။ လေနဲ့ ပါသွားတာ။

    လူတွေက ခုထိ အမိုးမရှိဘဲ နေရတာ။ မိုးရွာတဲ့အခါ ကြမ်းခင်းရှိတဲ့ အိမ်တွေက အောက်မှာ မိုးသွားခိုနေရတယ်။ ဒီကြားထဲ မြွေက တက်သေးတယ်။ မြွေကိုက်လို့ ရွေးမြစ် ဟိုဘက်ကမ်းက လူတယောက် မြွေကိုက်ခံရလို့ သေတယ်။ ကျနော့် အိမ်နားက ကောင်မလေးကလည်း ဂျပ်မြွေ ကိုက်ခံလို့ ဆေးရုံတင်တာ ဆေးမရှိလို့ဆိုပြီး နှစ်ရက်လောက် စောင့်ခိုင်းနေတယ်။

    မြို့ပေါ်က မြေးအဘိုးနှစ်ယောက် မုန်တိုင်းအရှိန်ကြောင့် တိုက်ပြိုကျပြီး သေတယ်။ မြေးအဘိုး နှစ်ယောက်က ညသန်းခေါင်ကျော်ကြီးမှာ မုန်တိုင်းကလည်း တိုက်တော့ အပေါ်က အမိုးကြီး ပြိုကျပြီး သေတာ။ အဘိုးက ဦးနှောက် ပွင့်သွားတယ်။ မြေးလေးက ပွဲချင်းပြီး သေတယ်။ နောက်ပြီး အိမ်ခေါင်မိုးတွေ လန်ကုန်လို့ ဘုန်းကြီးကျောင်းမှာ မိုးသွားခိုတဲ့လူတွေ ဘုန်းကြီးကျောင်း နံရံကြီး ပြိုကျလို့ လူ ၉ ယောက် သေတယ်။ ရေဆိုင်ကုန်းမှာလည်း ၈ ယောက် သေတယ်။ အဆောက်အဦးတွေ ပိကျပြီး သေတာ။

    မေး။ ။ လူအထိအခိုက်များတာ ဘယ်ဖက်ဖြစ်မလဲ။

    အသေများတာက မြို့ရဲ့ အောက်ဘက်ခြမ်း၊ ပင်လယ်နဲ့ ဆက်နေတဲ့ အခြမ်း၊ လပွတ္တာနဲ့ တတန်းတည်း ဆွဲလိုက်ရင် အောက်ပိုင်း အဆိုးဆုံး။ မြစ်ကြီး ၃ မြစ်ရှိတယ်ဗျာ။ ပြန်မလော့၊ ရွေး၊ အလယ်ကျော်မြစ်တို့ နားမှာရှိတဲ့ ရွာတွေက အကုန်ကုန်တာပဲ။ အုပ်စုပေါင်း ၅၆ အုပ်စု ရှိတယ်။ ၃ဝ ကျော်လောက်က ထိတာပဲ။ တအုပ်စုမှာ ကျေးရွာပေါင်း ၁ဝ ရွာ ပတ်ဝန်းကျင်စီ ရှိကြတယ်။ အဲဒီရွာတွေ အကုန်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရေက အိမ်လောက် မြင့်တယ်။ ၁၅ ပေ၊ ပေ ၂ဝ လောက် ဖြစ်သွားတယ်ဗျာ။ လူတွေက အိမ်ခေါင်မိုးပေါ် တက်နေရတယ်။ တက်နေတော့လည်း လေကတိုက်၊ လှိုင်းက ရိုက်ဆိုတော့ အိမ်တွေပြိုကျ၊ အဲဒီမှာ လူတွေ ပြန်သေရော။ လူ ၄၊ ၅ ထောင်လောက်ရှိတဲ့ ရွာတရွာမှာ လူ ၃၊ ၄ ရာလောက်ပဲ ပြန်ရတယ်။ လပွတ္တာမြို့ တခြမ်းလုံး ပျက်သွားတာပဲ။

    မေး။ ။ အထိအနာဆုံး ရွာနာမည်တွေ ပြောပြနိုင်မလား။

    ပျဉ်စလူ၊ သင်္ကန်းကြီး၊ ရွေး အဲဒီရွာတွေက အဆိုးဆုံးပဲ။ ကျန်တဲ့ ရွာတွေလည်း အကုန်လုံးနီးပါး ပျက်သွားတယ်။

    မေး။ ။ ပျဉ်စလူတို့၊ သင်္ကန်းကြီးတို့မှာ သေတဲ့ လူတွေထဲမှာ အမျိုးသား၊ အမျိုးသမီး၊ ကလေးဦးရေ အရေအတွက် ရာခိုင်နှုန်းတွေ သိရမလား။

    အမျိုးသမီးတို့ အမျိုးသားတို့ ခွဲလို့ မရဘူး။ ပျဉ်စလူက လွတ်လာတဲ့ ကလေးမ တယောက်ကို မေးကြည့်တယ်။ နင်တို့ ပျဉ်စလူမှာ ရေလွတ်တာ ဘယ်နှစ်ယောက်လောက် ရှိလဲဆိုတော့ ၂ ရာ ၃ ရာလောက်ပဲ ရှိတယ်တဲ့။ ဒါဆို ရွာလူဦးရေက ဘယ်လောက်လဲဆိုတော့ ၄၊ ၅ ထောင်လောက် ရှိတယ်တဲ့။ ရေက အိမ်လောက် ကြီးနေတာ၊ လှိုင်းလုံးတွေက ပုတ်နဲ့ဆိုတော့ ဘယ်ခံနိုင်မှာလဲ။ လူတွေက နီးရာ တိုင်တွေ၊ သစ်ပင်တွေ တွယ်ဖက်ထားရတာပဲ။ လက်လျှော့လိုက်တာနဲ့ သေတာပဲ။

    မေး။ ။ အစိုးရက တရားဝင်ပြောထားတာက လပွတ္တာမှာ လူ ၁ ထောင်ကျော်ပဲ သေတယ်ဆိုပြီး ပြောထားပါတယ်။ အခုဆရာပြောတာက အနည်းဆုံး သောင်းဂဏန်း သေတဲ့ အနေအထား ဖြစ်နေတယ်။

    အစိုးရပြောတာ မကျေနပ်လို့ ကျနော် ရန်ကုန်တက်လာတာ။ ရွာလုံးကျွတ် ပျက်သွားတာ အများကြီးပဲ။ လပွတ္တာတဝက် အောက်ခြမ်းမှာ တော်တော်များများ ရွာလုံးကျွတ် ပျက်သွားတာ။ လွတ်လာတဲ့ လူတွေက ၆ ယောက်လောက်မှာ တယောက် နှစ်ယောက်လောက်ပဲ။ ၁ဝ ယောက်မှာ ၃ ယောက်လောက်ပဲ ကျန်တယ်။ ကျန်တာ အကုန်သေတာပဲ။ လပွတ္တာ အောက်ဖက်ခြမ်းက ကုန်သလောက်ပဲ။

    အလောင်းတွေက ပြန့်ကျဲနေတာ။ ဓနိပင်ကြားထဲမှာ ခေါင်းတွေစိုက်နေတာ။ သစ်ပင်တွေမှာ ပိုးစိုးပက်စက် တွယ်ရက်ကပ်နေတာ။ ရေထဲမှာ မျှောနေတာ။ လူသေတာတော့ဗျာ၊ ရင်တုန်စရာ ဖြစ်တယ်ဗျာ။

    ထန်းတော၊ အုန်းတောတွေက ခါးပြတ်သွားတယ်ဗျာ။ မုန်တိုင်းလည်း ပြီးရော အုန်းတောတွေ မရှိတော့ဘူး။ ဂျပန်က ဆောက်ပေးတဲ့ တာဝါတိုင် (ဆက်သွယ်ရေးတိုင်) တွေဆိုရင် ကွေးပြီးတော့ လဲကျသွားတယ်ဗျာ။ တချို့တွေက မခံနိုင်လို့ တာပေါ် တက်ပြေးတယ်။ တာပေါ်မှာလည်း ရေက လည်ပင်းလောက် ရောက်နေတယ် ဆိုတော့ ကြာလာရင် ဘယ်ခံနိုင်မလဲ။ တာတွေ ပတ်ပတ်လည်မှာ သေနေကြတာ။ ရာဂဏန်းရှိတယ်။ လှိုင်းက အုပ်၊ လေက တိုက်ဆိုတော့ အိမ်တွေ အကုန်ပြိုကုန်တာ။ ၁ဝဝ ရာခိုင်နှုန်း ပျက်စီးတာ။

    မေး။ အဲဒီက လူတွေအတွက် ကယ်ဆယ်ရေးတွေကို အစိုးရက ဘယ်လိုလုပ်ပေးလဲခင်ဗျ။

    ဖြေ။ ကယ်ဆယ်ရေးသမားတွေတော့ဗျာ၊ ဖြစ်ပြီး နောက်တရက်အထိ မလာရဲကြဘူး။ လေက ပြင်းနေသေးတယ် ဆိုပြီး နောက်တရက်လောက်မှ လာကြတာ။ ဟိုမှာ အသက်ရှင်ကျန်နေတဲ့ လူတွေက တရက်ခွဲလောက် ထမင်းမစားဘဲ နေရတာ။ နောက်တော့ သူတို့ကို သွားကယ်လာတယ်။ အလောင်းတွေကိုတော့ မသယ်နိုင်လို့ ဒီအတိုင်း ထားပစ်ခဲ့ရတယ်။

    ကယ်ဆယ်ရေး စခန်းက လပွတ္တာ ၅ ရပ်ကွက် ကမ်းနားလမ်းမှာ ဖွင့်ထားတယ်။ ကြက်ခြေနီ အလံတိုင် ထောင်ထားပြီး စားစရာ၊ အဝတ်အစားတွေ၊ ဆေးဝါးတွေ ပေးတယ်။ နေဖို့ကျတော့ လူတွေကို မြို့ထဲက ဘုန်းကြီးကျောင်းတွေ၊ ပညာသင် ကျောင်းဆောင်တွေမှာ ထားရတယ်။ တချို့ အသိရှိတဲ့ လူတွေက အသိအိမ်တွေမှာ သွားနေကြတယ်။

    ဖျားနာတဲ့လူတွေကို ဆေးရုံပို့ရင်လည်း ဆေးရုံမှာက ဆေးမရှိ၊ အမိုးကလည်း လန်၊ လူနာတွေလည်း ပြည့်ကျပ်။ လူတွေကလည်း နီးစပ်ရာ ဆေးခန်းတွေကို သွားနေရတယ်။ ဒီအစိုးရက မလုပ်ပေးနိုင်ဘူးဗျာ။

    အခု မြို့ပေါ်ကို တက်လာတဲ့လူတွေက ပြန်သွားဖို့ ဆိုတာ မလွယ်တော့ဘူးနော်။ ဟိုမှာ ရေမရှိတော့ဘူး။ သူတို့သောက်တဲ့ ရေတွင်းတွေကို ပင်လယ်ရေငံတွေ လွှမ်းသွားပြီဗျာ။ ပင်လယ် ရေငံကြီးကို ဘယ်လို သောက်ရမှာလဲ။ စားစရာ၊ ဆန်ဆီဆားတွေ အားလုံး မရှိတော့ဘူး။ ပါကုန်ပြီ။ ဘာသွား စားသောက်တော့မှာလဲ။ မြို့ပေါ်မှာမှ ဆန်ပြုတ်လေးတောင် သောက်ရမယ်ဆိုပြီး ပြေးလာကြတာ။ ပိုက်ဆံလည်း မပါဘူး။ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာကြတာ။ သူတို့ ဘယ်လို ပြန်ကြတော့မှာလဲ။

    မေး။ လပွတ္တာကို ရောက်လာတဲ့ ဒုက္ခသည်တွေ ဘယ်လောက်များမယ်လို့ သိရလဲ။

    ဖြေ။ ၁ သောင်းလောက် ရှိတယ်။ သူတို့ပြောတာတွေ နားထောင်ရရင်ဗျာ တကယ်ကို စိတ်မကောင်းဘူး။ ၆ ယောက်ရှိတဲ့ မိသားစုမှာ ၂၊ ၃ ယောက်လောက်က ပါသွားတယ် ဆိုပြီး လူတွေက ငိုယိုနေကြတာ။ တကယ့်ကို ဝမ်းနည်းစရာပဲ။

    မေး။ လူတွေက အစိုးရ မုန်တိုင်းသတင်း သတိပေးတာတွေ မသိကြလို့လား။

    ဖြေ။ မိုးလေဝသတို့က လွှင့်တာတွေ ကြားရပါတယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ ဖော်မြူလာလို ဖြစ်နေတာက ဘင်္ဂလားပင်လယ်မှာ မုန်တိုင်းပေါ်တယ်။ ပေါ်ပြီးတော့ ပုသိမ်မြို့ရဲ့ အနောက်ဖက် မိုင် ၃၅ဝ ကျော်လောက်မှာ ရှိတယ်။ နောက်တဖြေးဖြေး ရွှေ့လျားတယ်။ သူက အရှေ့ဘက်ကို ရွှေ့လျားတယ်။ ဆိုတော့ ဟိုင်းကြီးဘက် ရောက်သွားမယ်။ ဟိုင်းကြီးကနေ ဂွဘက်ကို ရောက်မယ်။ ဂွကနေ သံတွဲကို တက်မယ်။ သံတွဲကနေ စစ်တွေတက်ပြီး ဘင်္ဂလားဒေ့ရှ်ကို တက်မယ်။ ဒါ ဖော်မြူလာပဲ။ မုန်တိုင်း ဖော်မြူလာ။

    ကျနော် နှစ်ပေါင်း ၂ဝ ကျော် ၃ဝ လပွတ္တာမှာ နေလာတာ။ ဒီအတိုင်းပဲ လူတွေကလည်း အေးဆေးနေကြတာ။ အခုကျမှ ဒီမုန်တိုင်းက ဟိုင်းကြီးကနေ ဖြစ်ပြီးတော့ အရှေ့ဘက်ကို မရွှေ့ဘဲနဲ့ ရှေ့တည့်တည့်ကို ဝင်ချလာတာ။ ဝင်ချတော့ ဟိုင်းကြီးတို့၊ လပွတ္တာတို့၊ ဘိုကလေးတို့၊ နောက် အဲဒီကနေ ရန်ကုန်ကို တက်တာ။ တခါမှ ဒီလို မဖြစ်ဖူးတော့ လူတွေက အေးဆေးနေကြတာ။ ညနေကျမှ လေက ပြင်းလာတယ်။ ရေတွေတက်လာမှ ကျနော်တို့ ဂရုစိုက်မိတာ။

    မေး။ ။ ဆရာ ရန်ကုန်ကို ထွက်လာတဲ့ လမ်းမှာရော အခက်အခဲတွေ ရှိခဲ့လား။

    ကျနော်တို့ လပွတ္တာ အထက်ခြမ်းက တောင်ကြောတွေ ရှိသွားပြီ။ မြောင်းမြထိကို တောင်ကြောကြီး ဖြစ်နေတော့ ကားလမ်းတွေ ပေါက်ပါတယ်။ လမ်းမှာတော့ တဲပြိုတာ၊ သစ်ပင်ပြိုတာတွေတော့ တွေ့ခဲ့ပါတယ်။ ရေကတော့ မတက်နိုင်ဘူး။ ကျနော် လပွတ္တာက ထွက်လာတာ မနေ့က မနက် ၁ဝ နာရီမှာ ထွက်လာတာ ည ၉ နာရီလောက်မှာ ရန်ကုန်ရောက်ပါတယ်။

    ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ။