http://www.meebo.com/rooms

Padauk Myay

ReliefWeb: Updates by Country

Welcome to the Mizzima News - Burmese Version

သတင်းမဵား

VOA News: Burma

VOA News: Disasters and Accidents

NYI LYNN SECK 18+ DEN

CYCLONE NARGIS - Google News

MoeMaKa Media - မိုးမခ မီဒီယာ

ဒေါက်တာလွဏ်းဆွေ

နေနတ်နွယ်

ကျွန်မ၏ ခံစားမှုများသီကုံးရာ လွတ်လပ်ခြင်းအနုပညာ

Promoting Humanity

Saturday, May 24, 2008

အိုစမာဘင်လာဒင် မှ မြန်မာနိုင်ငံ အား အကူအညီပေးလို ကြောင်းပြောကြား



“မြန်မာနိုင်ငံမှာ လေမုန်တိုင်းဒဏ် ခံရလို့ ဒုက္ခရောက်နေရသူတွေကို ကမ္ဘာတ၀ှမ်းမှာရှိတဲ့ မူဆလင်တွေက ၀ိုင်းဝန်းကူညီကြပါ”












ရှောင်ပုန်းနေတဲ့ နေရာကနေပြီးတော့ မြန်မာပြည်က မုန်တိုင်းဘေးနဲ့ ပတ်သက်ပြီး ပြောကြားထားတဲ့ ရေဒီယို သတင်းထုတ်ပြန်ချက်ထဲမှာ အိုစမာဘင်လာဒင်က အခုလို တိုက်တွန်း ပြောဆိုထားတာပါ။ သူရဲ့ ပြောကြားချက်တွေထဲမှာ “ဂျူးတွေနဲ့ မွတ်ဆလင်ဘာသာအပေါ် မယုံကြည်သူတွေကို ဆန့်ကျင်တိုက်ခိုက်နေ တဲ့ မြင့်မြတ်တဲ့ ဘာသာရေးစစ်ပွဲဟာ အရေးကြီးပါတယ်။ ဒါပေမယ့် ဒီ့ထက်အရေးကြီးနေတာက မြန်မာပြည်က ရင်နင့်စရာ လူသားချင်းဆိုင်ရာ ဖြစ်ရပ်ကြီးပါပဲ”လို့ အိုစမာဘင်လာဒင်က ပြောကြားထားပါတယ်။

“ဘုရားသခင်အလ္လာဟာ စာနာသနားမှုကို လက်ကိုင်ထားသူ ဖြစ်တဲ့အတွက် သူ့ရဲ့ နောက်လိုက်တွေဖြစ်တဲ့ မွတ်ဆလင်တွေအနေနဲ့ စာနာသနားမှုကို အကောင်အထည်ဖော် လုပ်ဆောင်သူတွေ ဖြစ်ရမယ်”လို့ သူက တိုက်တွန်းထားပါတယ်။ သူက ဆက်လက်ပြီး ပြောကြားထားရာမှာ “ကမ္ဘာပေါ်က မွတ်ဆလင်နိုင်ငံ အများစုဟာ ရေနံနဲ့ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ ဘုရားသခင်က ပေးထားတဲ့ ဒီချမ်းသာကြွယ်ဝမှုတွေကို ဘုရားသခင် အလိုရှိတဲ့အတိုင်း ကလေးသူငယ်တွေနဲ့ ဒုက္ခရောက်နေသူတွေကို ပေးဝေဖို့ မွတ်ဆလင်တွေမှာ ၀တ္တရားရှိတဲ့အကြောင်း၊ ဒီဒုက္ခရောက်နေတဲ့ ကလေးတွေနဲ့ ဒုက္ခသည်တွေဟာ ကမ္ဘာ့ရဲ့ ဘယ်နေရာမှာပဲရှိရှိ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူတွေ မဟုတ်ပေမယ့်လည်း သူတို့ကို ကူညီပေးဝေရပါမယ်”လို့ အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်က တိုက်တွန်းထားပါတယ်။

ဆက်လက်ပြီး သူဟာ တမန်တော်တဦး မဟုတ်ဘဲ သာမန်လူသားတဦးသာ ဖြစ်တဲ့အကြောင်း၊ အခုလို ၀မ်းနည်းပူဆွေး ငိုကြွေးနေရသူတွေအတွက် သူ့အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံက မုန်တိုင်းဘေး ကျရောက်နေသူတွေကို သွားရောက်ကယ်ဆယ်မယ့် ကယ်ဆယ်ရေးအဖွဲ့ကို ဦးဆောင်ပြီး သူကိုယ်တိုင် သွားလိုက်ချင်ပါတယ်လို့ ပြောဆိုထားပါတယ်။ နောက်ဆုံး သူပြောကြားတာကတော့ အပြစ်မဲ့တဲ့သူတွေရဲ့ အသက်တွေကို ကယ်တင်တဲ့ အလုပ်ဟာ မှန်ကန်တဲ့ အလုပ်ဖြစ်တဲ့အတွက် လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ဒီလိုလုပ်ခြင်းအားဖြင့် ကျန်တဲ့တကမ္ဘာလုံးကလည်း မွတ်ဆလင်တွေရဲ့ အတုကိုယူပြီး လိုက်ပါလုပ်ဆောင် လာပါလိမ့်မယ့်လို့ ပြောဆိုထားပါတယ်။

အိုစမာဘင်လာဒင်ဟာ အာဖဂန်နစ္စတန်မှာ အခြေစိုက်ကာ အယ်လ်ကိုင်းဒါးအဖွဲ့ကို ခေါင်းဆောင်နေပြီး အကြမ်းဖက် လုပ်ရပ်တွေအတွက် တာဝန်ရှိတယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့ တွေ အာဖဂန်နစ္စတန်ကို ၀င်ရောက်တိုက်ခိုက်စဉ်ကတည်းက ထွက်ပြေး ပုန်းရှောင်နေရသူ ဖြစ်ပါတယ်။

နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး ချောက်ခြားဖွယ်ရာ ဖြစ်ရပ်ဆိုးများ

နာဂစ် ဆိုင်ကလုံးမုန်တိုင်း အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံလိုက်ရသည့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသတွင် ရက်သတ္တပတ် ၂ ပတ် ကြာမြင့်သည်အထိ ရွာများ၏ အဖြစ်အပျက်များ ပုံရိပ်များမှာ အခက်အခဲ အပြည့်၊ စိတ်ပျက် အားငယ်မှု အပြည့်သာ ရှိနေသေးသည်။ အချို့သော ရွာများဆိုလျှင် လူနေအိမ်ခြေများပင် မရှိတော့ပါ။

လပွတ္တာမြို့ တောင်ဘက် လှေဖြင့် ၂ နာရီ ခရီးသွားရသည့် ဘီတွတ်ကျေးရွာတွင် မုန်တိုင်းမတိုက်မီက လူဦးရေ ၉၁၆၉ ရှိခဲ့ပြီး ၉၁၁ ဦး မုန်တိုင်းအတွင်း သေဆုံးခဲ့သည်ဟု သိရသည်။ လူဦးရေ ၁ဝ၆၈၂ ရှိသော မြစ်ပေါက်ရွာတွင် ၄၆၄၉ ဦးသေဆုံးခဲ့ကာ၊ လူဦးရေ ၆၂၁ဝ ရှိသော မောင်ငယ်ရွာတွင် ၁၂၄၇ ဦး သေဆုံးခဲ့သည်။ ထိုရွာတွင် မူလတန်းကျောင်းသား ကလေးငယ်အားလုံး တယောက်မကျန် သေဆုံးသွားခဲ့သည်။

ဒေသခံ စေတနာ့ဝန်ထမ်း တဦးက မေလ (၁၆) ရက်နေ့တွင် ဧရာဝတီ မြစ်လက်တက်တခုတွင် စောင့်ကြည့်ရာ ၃ မိနစ် အတွင်း အလောင်း ၂၇ လောင်း မျောပါသွားသည်ကို တွေ့ခဲ့ရသည်။ ထိုအထဲတွင် ကလေးငယ် ၅ ဦးနှင့် သံဃာတော် ၇ ပါး ပါဝင်သည်။ ဇီးဖြူ ကျေးရွာတွင် သူငယ်တန်းမှ ၇ တန်းအထိ ကျောင်းသားပေါင်း ၁၉၇ ယောက် ရှိရာ မုန်တိုင်း အပြီးတွင် အယောက် ၅ဝ သာကျန်သည်။ စစ်ကုန်းကျေးရွာတွင်မူ ပင်လယ် ဆားငံရေများ ဝင်ကာ ရေလွှမ်းနေသည့် လယ်ကွင်းများထဲတွင် ပုပ်ပွနေသော အလောင်း ၁၂ လောင်း ကို ဟိုနေရာတလောင်း ဒီနေရာတလောင်း ပျံ့ကြဲနေသည်ကို တွေ့မြင်ခဲ့ရသည်။ အနီးအနားတွင် မြေပြင်ပေါ် ပြိုလဲပျက်စီးနေသည့် ဝါးဖြင့် ဆောက်ထားသော တဲအိမ်များကို တွေ့ခဲ့ရသည်။

ကွမ်းခြံကုန်းနှင့် ဒေးဒရဲအကြား ကျေးရွာများသို့ သွားရောက်နိုင်ခဲ့သည့် အခြား ဒေသခံ တဦးကလည်း အလားတူ အသေအပျောက်များ၊ အပျက်အစီးများ၊ တာရှည်နေပြီ ဖြစ်သည့် ဆင်းရဲဒုက္ခများကိုသာ ပြန်လည် ပြောပြကြသည်။ ကြက်ဆင်ဖြူ ကျေးရွာသို့ မေလ (၁၁) ရက်နေ့က သွားရောက်ခဲ့ရာ လူဦးရေ ၁ဝဝ ကျော်တွင် ၈ ဦးသာ မုန်တိုင်းအပြီး အသက်ရှင် ကျန်ရစ်သည်ကိုတွေ့ရသည်။ ထူးခြားသည်မှာ အဆိုပါ အသက်ရှင်ကျန်သူ ၈ ဦးအနက် ၄ ဦးမှာ လသား ကလေးများ ဖြစ်ကြသည်။ ထိုဒေသတွင် အတွေ့ရများသည့် ရာဝင်အိုးကြီးများတွင် ကလေးများကို ထည့်ထားခဲ့သဖြင့်သာ ထိုအိုးကြီးများ မုန်တိုင်းအတွင်း ရေပေါ်တွင် မျောပါကာ ကလေးများ အသက်မသေ ကျန်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် အဆိုပါ လသားကလေးများ အားလုံး ယခုအခါ မိဘမဲ့ ကလေးများ ဖြစ်သွားကြပြီ ဖြစ်သည်။

ကြက်ဆင်ဖြူ ကျေးရွာမှ သူယခင် စာသင်ကြားပေးခဲ့ဖူးသည့် ခေါင်လှသည့် “အမည်မဲ့ ရွာကလေး” သို့ ဆက်လက် သွားရောက်ခဲ့သည်။ “ဘာမှ မရှိတော့ဘူးဗျ၊ ရွာလဲ မရှိတော့ဘူး၊ အိမ်တွေလဲ မရှိတော့ဘူး” ဟု အဆိုပါ ကျောင်းဆရာက သူမြင်ခဲ့ရသမျှကို ပြောပြသွားပါသည်။ သူတွေ့ကြုံခဲ့ရသမျှမှာ အပျက်အစီးပုံများ အောက်က ပေါ်ထွက်လာသည့် သူ့ ကျောင်းသားဟောင်းများ၏ “တစ္ဆေသံများ” သာ ဖြစ်သည်ဟု ဆိုသည်။ ဤဝေးလံ ခေါင်သီလှသည့် နေရာတွင် တချိန်က ရှိခဲ့ဖူးသည့် အမည်မဲ့ ရွာကလေး အကြောင်း ထိုရွာကလေးမှ ရွာသားများ အကြောင်း နောင်တချိန်တွင် သမိုင်းကမေ့ ပျောက်သွားမည်သာ ဖြစ်သည်။

ဤမြင်ကွင်းများကို နိုင်ငံတကာ အကဲခတ်များနှင့် အဖွဲ့အစည်းများက မြင်တွေ့ခွင့် ရကြမည် မဟုတ်ပေ။ သူတို့ကို အဓိက မြို့များဖြစ်သည့် ဒေးဒရဲ နှင့် လပွတ္တာသို့သာ သွားခွင့် ပြုထားသည်။ ထိုအတောအတွင်း ကျေးလက်ဒေသရှိ လေဘေး ဒုက္ခသည်များ၏ ဒုက္ခမှာ တိုး၍သာလာနေသည်။

အဆိုပါ ကျေးရွာများသို့ မုန်တိုင်းကျအပြီး တပတ်အကြာ မေလ (၁ဝ) ရက်နေ့တွင် ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရန် လိုအပ်သည့် ထောက်ခံမဲများ ရရှိပြီး ဖြစ်သည်ဟု စစ်အစိုးရက မေလ (၁၅) ရက်နေ့တွင် ကြေညာအပြီးတွင်မှ သွားရောက်ခွင့် ပေးခဲ့ခြင်းကို မတွေးတတ်အောင်ပင် ဖြစ်ရသည်ဟု ဒေသခံစေတနာ့ ဝန်ထမ်း ကယ်ဆယ်ရေး လုပ်သားများက ပြောဆိုကြသည်။ ဤဆန္ဒခံယူပွဲကို ကျင်းပခဲ့သော ဒေသများရှိ ပြည်သူများက စိတ်လည်း မဝင်စားခဲ့၊ ဝင်ရောက် ဆင်နွှဲနိုင်ခြင်းလည်း မရှိပါ။ ရီစရာကောင်းသည်မှာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရသော လေဘေးဒုက္ခသည်များကို သူတို့၏ ပျက်စီးသွားပြီ ဖြစ်သည့် ကျေးရွာများသို့ ပြန်ရန် အတင်းအကြပ် လိုက်လံ မောင်းထုတ်လျက် ရှိပြန်သည်ဟု သတင်းများ ရရှိပါသည်။ အတည်ပြုပြီး ဖြစ်သည်ဟု ကြေညာခဲ့သော အဆိုပါ ဆန္ဒခံယူပွဲကို မုန်တိုင်းဒဏ်ခံ ဒေသများတွင် မေလ (၂၄) ရက်နေ့၌ ထပ်မံ ပြုလုပ်ဦးမည် ဖြစ်သည်။

ဘီတွတ်အကြောင်း ပြန်ပြောရလျှင် စိတ်ပျက်အားငယ်ကာ ကြံရာမရ ဖြစ်နေသည့် လူ ၃ ဦးက အလောင်းများမှ လက်ချောင်းများနှင့် နားရွက်များကို ဖြတ်ကာ လက်ဝတ် ရတနာများ ဖြုတ်ယူခဲ့သည့် ဖြစ်ရပ်တခု ဖြစ်ပွါးခဲ့သည်။ ထို့နောက် ၂ ဦးမှာ အာဏာပိုင်များထံ တိုင်ကြားခံခဲ့ရပြီး အကျဉ်းနည်းဖြင့် ကွပ်မျက် စီရင်ခြင်း ခံခဲ့ရသည်။ ယခုအခါ ဤဒေသ တခုလုံးကို မကြေညာသည့် စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်လျက် ရှိသည်ဟု ပြောဆိုမှုများ ပေါ်ထွက်နေသည်။

ရေသန့် ဆေးပြားများ မရှိသဖြင့် ဒေသအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါမှာ ကပ်ရောဂါ အသွင်ဖြင့် ဖြစ်ပေါ်လာလျက် ရှိသည်။ ပုပ်ပွနေသော တိရိစ္ဆန် အသေကောင်များ မျောပါနေသည့် ရေကန်များမှ နံစော်နေသည့် ရေများကိုသာ ရွာသားများ သောက်သုံး နေကြရသည်။

သောက်သုံးရေသန့် မရရှိခြင်းက ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေမှု အကြီးအကျယ် မလုံလောက်ကြောင်း၊ ထိုသို့ ဝေငှနိုင်စွမ်း မရှိကြောင်း ပြသနေသည်။ ယခုအခါ အဆိုပါ ကယ်ဆယ်ရေး ပစ္စည်းများအတွက် ပုဂ္ဂလိက အလှူရှင်များကိုသာ အဓိက မှီခိုနေရသည်။ ရေနံနှင့် ဓါတ်ငွေ့ဝန်ကြီး၏ ဇာတိရွာ ဖြစ်သည့် မြစ်ဝကျွန်းပေါ်ရှိ ကျုံနဒါးရွာကိုမူ အကြီးအကျယ် ကယ်ဆယ် စောင့်ရှောက်ထားသည်ကို တွေ့ရသည်။ ထိုရွာနှင့် မလှမ်းလှသည့် အိမ် ၂ဝဝ အနက် ၁၉၄ လုံး ပျက်စီးသွားခဲ့ရသည့် ရွာတွင် လူ ၂ဝ သေဆုံးခဲ့သည်။ သို့သော် ကယ်ဆယ်ရေး ပစ္စည်းအဖြစ် ပေးအပ်သည့် ဆောက်လုပ်ရေး ပစ္စည်းများမှာမူ အိမ်တလုံးစာသာ ရှိသည်။ ဒါတောင် ဆောက်လုပ်စရာ လက်နက် ကိရိယာ ဘာမျှမပေး။

ဖျာပုံတွင်မူ ရေတပ် တပ်ကြပ်ကြီးတဦး၏ ပေါ့ဆမှုကြောင့် အာလူခင်းများ ပျက်စီးခဲ့ရသည်။ လပွတ္တာတွင်မူ ကယ်ဆယ်ရေး ပစ္စည်းများကို အစိုးရ ဂိုဒေါင်တွင်းသို့ သွင်းရန် ဒေသခံများကို အခကြေးငွေပေး၍ ငှါးရမ်း ခိုင်းစေခဲ့သည်။ ဤဂိုဒေါင်များမှ ပစ္စည်းများ ဒုက္ခသည်များထံသို့ ရောက်မည် မရောက်မည်ကိုမူ မသိရသေးပါ။ UN, WFP, JICA, MSF, MERLIN and Melteser တို့မှ ဒေသခံဝန်ထမ်းများမှာ သူတို့၏ စေ့စပ် သေချာလှပြီး အလျှံပယ် ပေါကြွယ်ဝလှသည့် စာရွက်စာတမ်း များဖြင့်သာ အလုပ်ရှုပ်နေကြပြီး အကူအညီ အရေးတကြီး လိုအပ်နေသော ဒုက္ခသည်များထံသို့ အကူအညီများကို မပေးအပ်သေးဘဲ ဆက်လက် ထိန်းသိမ်းထားနေတုံး ရှိသေးသည်ဟု ပြောဆိုမှုများလည်း ပေါ်ထွက်လာနေသည်။ လပွတ္တာတွင် မြို့ပေါ်သို့ ပြောင်းရွှေ့လာသော လူဦးရေက UNDP က ခန့်မှန်းထားသည်ထက် အများကြီး ပိုနိုင်သည်ဟု ပုဂ္ဂလိက လေ့လာ အကဲခတ်သူများက ပြောကြပါသည်။

မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော ဤလယ်သမားများ၏ ရေရှည် အနာဂါတ်ကကော မည်သို့မည်ပုံ ရှိပါမည်လဲ။ လယ်သမားများက သူတို့ချစ်သည့် လယ်ကွင်းများသို့သာ အရောက် ပြန်ချင်သည်ဟု ပြောဆိုကြသည်။ သို့သော် လယ်ကွင်းများ ပျက်စီးပြီး၊ ပိုဆိုးသည်မှာ ကျွဲနွားများလည်း ဆုံးရှုံး ခဲ့ကြရသည့် သူတို့အတွက် ဘယ်လို လယ်လုပ်ရပါမည်လဲ။ စိုက်ပျိုးရေး ဝန်ကြီးကမူ အဆိုပါ ကျွဲနွားတိရိစ္ဆာန်များကို အစားထိုးရန် ယခုနှစ်ကုန်တွင် စက်ယန္တရားများ အလုံအလောက် ရရှိမည်ဟု ဆိုသည်။ နာဂစ်မုန်တိုင်းက ဖျက်ဆီးသွားခဲ့သမျှကို ဤစက်ယန္တရားကြီးများဖြင့် အစားထိုး လုပ်ဆောင်နိုင်မည်ဟု ဆိုသည်။ သို့သော် ဤစက် ယန္တရားကြီးများကို မည်သို့ ကိုင်တွယ်မောင်းနှင်ရမည် ဆိုသည်ကို လယ်သမားများ မသိပါ။ လယ်သမားများကမူ ကျွဲနွားများကိုသာ လိုချင်နေကြသည်။

အပျက်အစီး အတိုင်းအတာကို အထက် အာဏာပိုင်များ မသိစေရန် ဒေသခံ အာဏာပိုင်များက ဖုံးဖိထားသည့် ကိစ္စမှာ ယခုအခါ ပိုမို ထင်ရှားလာနေပြီ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်မတိုင်မီ သူလာမည့် လမ်းတလျှောက် မြစ်ဝကျွန်းပေါ်သို့ ဝင်ရောက်ရာ အဓိက လမ်းမကြီးပေါ်တွင် ပုဂ္ဂလိက အလှူရှင်များ၏ ကားများကို မောင်းထုတ် ဖယ်ရှားခဲ့ခြင်းက ထိုဖြစ်ရပ် မှန်ကန်ကြောင်း သက်သေ ပြနေသည်။ ဗိုလ်ချုပ်မှူးကြီးသည် မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများသို့ ၂ ပတ်ကြာမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အကူအညီပေးရေး လုပ်သားများနှင့် မီဒီယာများမှ တင်ပြသော သတင်းများ အစီရင် ခံချက်များမှာလည်း တဦးချင်းစီ အပေါ်တွင်သာ မူတည်ပြီး အမျိုးမျိုး ကွဲပြားစွာ ဖေါ်ပြနေကြသည်။

သူတို့လုပ်ငန်းတွင် အကူအညီ ရစေရန် အချို့က ပိုပိုသာသာ အကောင်း ရေးနေကြပြီး၊ အချို့ကမူ ကြီးမားသော အတားအဆီး အကန့်အသတ်များကြောင့် အဖြစ်မှန်နှင့် ဝေးလျက် ရှိသည်။

မြစ်ဝကျွန်းပေါ် ကျေးလက်ဒေသ၏ ဘဝမှာ ယခုအခါ လုံးလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ထို အပျက်အစီးများကို ပြန်လည် ပြုပြင်ရန် လုံလောက်သည့် အကူအညီများ သိသိသာသာ တိုးမြှင့်ရရှိခြင်း မရှိလျှင် အခြေအနေမှာ ပို၍ ဆိုးသွားဘွယ်ရာ ရှိနေသည်။ ယခု အသစ်တဖန် ထပ်မံ စိုးရိမ် နေရပြန်သည်မှာ ဤဒေသ၌ နောက် ၃ လအတွင်း ကြီးမားကျယ်ပြန့်သော ငတ်မွတ် ခေါင်းပါးမှုဘေးကြီးနှင့် ကြုံတွေ့ရမည့် အရေးဖြစ်သည်။ အများအပြား သေကြေ ပျက်စီးခဲ့ရသည့် ဤလူထုထံသို့ နောက်ထပ် အနိဌာရုံများ စုပုံ ရောက်ရှိလာဦးမည် ဖြစ်သည

Friday, May 23, 2008

ကယ်ဆယ်ရေး ဝန်ထမ်း အားလုံးကို ဝင်ခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သဘောတူ




ချင်းမိုင်။     ။ ကယ်ဆယ်ရေး ဝန်ထမ်း အားလုံးကို ဝင်ရောက် ကူညီခွင့်ပေးရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ သဘောတူညီချက် ရပြီဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောသည်။



နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယနေ့ နေ့လည်က (၂) နာရီကြာ တွေ့ဆုံအပြီးတွင် ကုလသမဂ္ဂ အကြီးအကဲက သတင်းထောက်များအား ယင်းသို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်ပြီး မည်သည့် နိုင်ငံသားမဆို ဝင်ရောက်ခွင့် ရမည်ဟု ဆိုသည်။



ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်သည် မြန်မာပြည်တွင် မုန်တိုင်းကြောင့် ဒုက္ခရောက်နေသော ၂ သန်းခွဲကို အကူအညီ ပေးနိုင်ရေးအတွက် နိုင်ငံတကာမှ အကူအညီများ မြန်မာပြည် ဝင်ရောက်ရေး ဖိအားပေးရန် ယမန်နေ့က ရောက်ရှိနေခြင်း ဖြစ်သည်။



ယမန်နေ့က စစ်အစိုးရ ဝန်ကြီးချုပ် သိန်းစိန်၊ နိုင်ငံတကာမှ အေဂျင်စီများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သလို  ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ မုန်တိုင်းသင့် ဒေသများဖြစ်သော ဒေးဒရဲနှင့် မော်ကျွန်းသို့ ၂ နာရီကြာ သွားရောက်ကာ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။



မစ္စတာ ဘန်ကီမွန်းသည် ယနေ့ညနေတွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပြန်လာပြီးနောက် တနင်္ဂနွေနေ့တွင် ရန်ကုန်သို့ ပြန်လည် သွားရောက်ပြီး နိုင်ငံတကာ အစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်ထားသည်၊ 



မြန်မာပြည်တွင် မုန်ုတိုင်းအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးနှင့် အာဆီယံတို့က ကြီးမှူး ကျင်းပမည့် အစည်းအဝေးသို့ နိုင်ငံပေါင်း (၃ဝ) ကျော်နှင့် ကုလသမဂ္ဂ အေဂျင်စီများ တက်ရောက်မည်ဟု သိရသည်။

Thursday, May 22, 2008

ဘန်ကီမွန်း ရန်ကုန်မြို့သို့ ရောက်ရှိ မ နက်ဖြန်ခါတွင် သန်းရွှေ နှင့် တွေ ဆုံမြည်





U.N. Secretary-General Ban Ki-moon met with Myanmar's prime minister Thursday and toured the cyclone-ravaged Irrawaddy Delta by helicopter.

U.N. Secretary-General Ban Ki-moon said thought must be given to Myanmar's medium- and longer-term aid.
He plans to talk with the country's leader, Senior Gen. Than Shwe, on Friday to push him to accept international aid.
Myanmar's leaders have been slow to allow foreign aid in the country, and prevented foreign agencies from doing a needs assessment after the storm. The government also insisted that any aid that came in be distributed by their soldiers and volunteers, which went against the policy of many agencies.
Cyclone Nargis which hit the country in early May claimed more than 130,000 lives and left more than 2 million homeless, according to the United Nations.
Ban arrived Thursday morning in Myanmar, which is also known as Burma.
He was welcomed by Foreign Minister Nya Win before signing a condolence book for cyclone victims. He made a stop at the gilded Shwedagon Pagoda -- a historic landmark also known as the Golden Pagoda -- and then met Prime Minister Thein Sein for lunch.
Myanmar's rulers were expected to escort Ban and U.N. delegates to the Irrawaddy Delta in southern Myanmar. The coastline of the Andaman Sea was especially hard-hit, and bodies still line the shore in some spots.
Before his arrival, Ban made a stop in Bangkok, Thailand, where he said Asian nations are beginning to focus on the reconstruction needs of Myanmar, devastated by Cyclone Nargis earlier this month. Watch Ban remark on Myanmar crisis »
"Even as we attend to today's emergency, we must give thought to Myanmar's medium- and longer-term assistance," Ban said at a news conference held after he arrived in Bangkok, where he will remain overnight before proceeding to Myanmar.
Myanmar is expected to face a food crisis because the cyclone wiped out crops in the Irrawaddy Delta, the heartland for rice farming, and filled it with salt water, imperiling future crops.
Thailand has pledged to provide rice feed and farming equipment to its neighbor.
Ban was scheduled to leave for Thailand Friday night before coming back to Yangon Sunday for an international donors conference, largely to discuss the country's future.
Ban called the aftermath of the cyclone "a critical moment" for Myanmar. "The government itself acknowledges there has never been a disaster on this scale in the history of their country," he said.
Ban will return to Bangkok to meet Friday evening with Thai Prime Minister Samak Sundaravej. Thailand is the first country that successfully persuaded the junta to allow medical teams into the country.
The teams are now stationed in the delta city of Myaungmya. CNN news teams said they have seen trucks full of people arriving at refugee shelters there.
Ban said Thai doctors have seen no sign of an epidemic in Myanmar, one of the fears after the cyclone hit early this month.

ရင်နာစရာဇတ်လမ်းလေး တစ် ခု ပါ

လပွတ္တာမြို့၊ သကျမာရဇိန် ဆုတောင်းပြည့် ဘုရားကြီးရဲ့ မုခ်အ၀င်အ၀မှာ အရောင်မရှိ မွဲခြောက်နေတဲ့ အစိမ်းရောင်နိုင်လွန် အနွေးထည်၊ အဖြူရောင်ပျောက်ပြီး သံချေးရောင်ပေါက်နေတဲ့ ရင်ဖုံးအင်္ကျီနဲ့ စုတ်ပြဲဖာရာတွေပြည့်နေတဲ့ ၀ါညိုရောင် ခပ်ပုပ်ပုပ် ထဘီကို ၀တ်ဆင်ထားတဲ့ အမယ်အိုတဦး ငူငုငိုင်ငိုင် ထိုင်လျက် ရှိပါတယ်။

အမယ်အိုရဲ့ဦးခေါင်းမှာ ဆံပင်တွေက ဆွတ်ဆွတ်ဖြူနေပြီး အ၀ါရောင်ဘက် ခပ်ရောက်ရောက် အသားအရေရှိတဲ့ မျက်နှာက တွန့်လိပ်နေတဲ့ အရေးအကြောင်းတွေနဲ့ ပိန်လှီဖျော့တော့ လွန်းလှတယ်။ သူ့ရဲ့ ချိုင့်ဝင်ပိန်လှီနေတဲ့ မျက်ဝန်းအိမ်ထဲမှာတော့ မျက်ရည်စတွေက စမ်းချောင်းတခုပမာ တသွင်သွင်စီးကျနေတယ်။

မျက်ရည်စတွေနဲ့ ဘုရားရင်ပြင်ရဲ့အရှေ့ဘက်အရပ်ဆီကို မျက်တောင်မခတ် ငေးမောနေတဲ့ အမယ်အိုရဲ့ အသွင်အပြင်ကို မြင်ရသူတိုင်း ရင်ထဲမှာအမျိုးအမည်မသိ ၀မ်းနည်းကြေကွဲစေတဲ့ ခံစားချက်တခု ဖြစ်ပေါ်စေပါတယ်။

သူကတော့ မေလ ၂ ရက်နေ့ မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီး ကြောင့် မိသားစုဝင် ၁၂ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ဘီတွတ်ကျေးရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်ကျင်လှပါ။

မေလ ၂ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်လောက်က ဘီတွတ်ကျေးရွာ၊ ကြိမ်ချောင်းအုပ်စုမှာ နေထိုင်တဲ့ ဒေါ်ကျင်လှ တယောက် ပုံမှန်အတိုင်း အိမ်အလုပ်တွေနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။

သားသမီးမြေးမြစ် ၂၀ ကျော်ရှိတဲ့ ဒေါ်ကျင်လှတို့ မိသားစုဟာ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြပြီး သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းလှတဲ့ မိသားစုလေးတခုပေါ့။ ဒါပေမယ့် နာရီပိုင်းအတွင်း သူတို့ရဲ့ပျော်ရွှင်စရာကောင်းလှတဲ့ မိသားစုကြီးကို ဖျက်ဆီးတော့မယ့် ကံကြမ္မာဆိုးကြီးတခု ရောက်လာတော့မယ်ဆိုတာ ဒေါ်ကျင်လှတယောက် အဲဒီအချိန်က မသိခဲ့ပါဘူး။

မနက် ၁၁ နာရီ ခွဲခါနီး လောက်မှာတော့ သူတို့အိမ်နဲ့ သိပ်မဝေးလှတဲ့ ကမ်းနားက လေကြမ်းတွေ တ၀ုန်းဝုန်းနဲ့ တိုက်ခတ် လာခဲ့ပါတယ်။ တိုက်ခတ်လာတဲ့ လေကြမ်းနဲ့အတူ ကမ်းနားမှာ ဒီရေကလည်း တရိပ်ရိပ်တက်လာတယ်။ ဒီရေတက်ပြီး လေကြမ်းတွေတိုက်တာဟာ မိုးဦးကျလေဦးကျ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အတွက် ဒေါ်ကျင်လှစိတ်ထဲမှာ သိပ်မထူးဆန်းသလို ခံစားခဲ့ရတယ်။ အိမ်ရှေ့မှာ ဆော့ကစားနေတဲ့ မြေးငယ်လေးတွေကို အိမ်ပေါ်တက်ဖို့ ခေါ်ပြီး သူတို့ တထပ်အိမ်လေးရဲ့ အိမ်တံခါးတွေကို လိုက်ပိတ် နေခဲ့ပါတယ်။

မွန်းတည့်ချိန် လောက်မှာ တိုက်ခတ်နေတဲ့ လေကြမ်းတွေနဲ့အတူ ကောင်းကင်တခုလုံးနီရဲလာပြီး လေနီကြမ်းတွေ တရစပ် တိုက်ခတ်လာတာ သူတွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ တိမ်ညိုတိမ်မည်းတွေက ကောင်ကင်လုံးပြည့် နေရာယူထားပါတယ်။ ဒေါ်ကျင်လှတယောက် ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို စိတ်ထဲမှာ အဆက်မပြတ်ရွတ်လို့ မြေးငယ်လေးတွေကို ကျစ်ကျစ် ပါအောင် ဆုပ်ထားတယ်။

လေနီရိုင်းတွေက ကြမ်းသထက်ကြမ်း၊ ရမ်းသထက်ရမ်းလာတော့ သူ့အိမ်ကလေး တဒိုင်းဒိုင်းနဲ့ လှုပ်ခါနေပါတယ်။ သူတို့ ရွာပတ်ဝန်းကျင်မှာတော့ “ကယ်ကြပါ” ဆိုတဲ့ အသံတွေကို စကြားနေရပြီ။ သူ့ရဲ့ စိတ်တွေလည်း ကယောင်ချောက်ချား ဖြစ်လို့နေပါပြီ။ သူ့ တထပ်အိမ်လေးရဲ့အမိုးတွေအကာတွေက လေနီကြမ်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် အဝေးဆုံးကို လွင့်ထွက်သွားပါတယ်။

နေ့လယ် ၁ နာရီကျော်ချိန်မှာတော့ “၀ုန်း” ဆိုတဲ့ အသံကြီးနဲ့အတူ သူ့အိမ်လေးကို လူတရပ်မြင့်တဲ့ ရေလှိုင်းကြီးတခု လာရောက်ရိုက်ခတ်ပြီး ဖြိုချလိုက်ပါတော့တယ်။ သူလည်း မြေးလေးတွေရဲ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပြိုကျနေတဲ့ အိမ်ထဲက ရုန်းကန်ထွက်လိုက်ပါတယ်။ ဒါပေမယ့် အိမ်ပြင်ကို ရောက်တယ်ဆိုရင်ပဲ အလွန်ပြင်းထန်ပြီး အလွန်မြင့်တဲ့ လှိုင်းလုံးကြီးတွေ ထပ်ရိုက်ခတ်လာပါတယ်။

ပြင်းထန်လှတဲ့ ရေလှိုင်းတွေက သူ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ မြေးငယ်နှစ်ဦးလက်ကို ဖြုတ်ချပစ်လိုက်ပါတယ်။

“မြေးလေးရေ၊ သားလေး၊ အမလေး လုပ်ကြပါဦး” လို့ပဲ သူ အာကုန် ခြစ်အော်ဟစ် နိုင်ခဲ့ပါတယ်။

ဒီရေလှိုင်းကြီးနဲ့အတူ မျောပါသွားတဲ့ သူ့ရဲ့ ၁၀ နှစ်အရွယ်မြေးလေးဆီက “အဘွား” ဆိုတဲ့ အသံလေးတသံပဲ သူ နောက်ဆုံး ကြားလိုက်ရတော့တယ်။

ဒေါ်ကျင်လှ တယောက် မြေးငယ်လေးတွေဆီကို ရေလှိုင်းနဲ့အတူ လိုက်ပါပြီး လှမ်းဆွဲဖို့ ကြိုးစားပေမယ့် ပြင်းထန်လှတဲ့ ရေလှိုင်းကြီးတွေက သူနဲ့သူ့ မြေးငယ်လေးတွေကို ခွဲခြားလိုက်ပါပြီ။ မြုပ်ချီပေါ်ချီနဲ့ ရေလှိုင်းတွေနဲ့ မျောပါသွားတဲ့ မြေးငယ် လေးတွေကို ခဏတာပဲမြင်လိုက်ရတယ်။

သူ့ရဲ့မျက်ဝန်းအိမ်မှာ မျက်ရည်တွေနဲ့ ဆားငန်ရေတွေ ရောထွေးနေပါတယ်။ အလွန်ရေစီးမြန်တဲ့ရေလှိုင်းတွေထဲမှာ သူလည်း မြုပ်ချီ၊ ပေါ်ချီဖြစ်နေပါတယ်။ ရေကူးတတ်ပေမယ့် မြန်ဆန်လွန်းတဲ့ ရေစီးက သူ့ကိုကူးခတ်ခွင့် မပေးတော့ပါဘူး။ သူအသက် ရှင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ကောင်းကောင်း နားလည်လိုက်ပါပြီ။ လေနီကြမ်း၊ ရေလှိုင်းတွေနဲ့ အတူ မိုးတွေပါရွာလာ တယ်။ ရေစီးနဲ့ မျောနေတဲ့လူတွေ ကျွဲနွားတွေ၊ အိမ်တွေ ၊ သစ်ပင်တွေကို သူမြင်လိုက်ရတယ်။ “ကယ်ပါ” ဆိုတဲ့ အသံတွေ လည်း ကြားနေရတယ်။

ရွာတဲ့ မိုးစက်မိုးပေါက်တွေက သူ့အသားကို မီးစနဲ့ထိုးသလို ခံစားရပါတယ်။ သူ အသက်ရှုလို့ မရတော့ဘူး။ သူ့သားတွေ၊ သမီးတွေ ၊ မြေးငယ်လေးတွေရဲ့ မျက်နှာလေးတွေကို သူ့ရဲ့မျက်လုံးထဲမှာ တခုပြီးတခု မြင်ယောင်နေမိပြီ။ နောက်ဆုံး အချိန်မှာ သူ မျက်လုံးကိုမှိတ်ပြီး ဘုရားကို အာရုံပြုလိုက်တယ်။

ကံကောင်းတယ်လို့ ပြောရမလား မဆိုနိုင်ဘူး သူ ရေစီးနဲ့အတူမျောပါရင်း ရုတ်တရက် တစုံတခုနဲ့ တိုက်မိသွားတယ်။ မျက်လုံးဖွင့်ပြီး တိုက်မိတဲ့အရာကို အမိအရလှမ်းဆွဲလိုက်တယ်။ ကံကြမ္မာက သူ့ကို မျက်နှာသာပေးတယ် ထင်ပါရဲ့။ သူ လှမ်းဆွဲလိုက်တာဟာ ရေစီးမှာယိမ်းနွဲ့နေတဲ့သစ်ပင်ကြီးတပင် ဖြစ်လို့ နေတယ်။ ရေက အရှိန်နဲ့ စီးနေပေမယ့် သူဆုပ်ကိုင်ထားတဲ့ အပင်ကြီးကို မျောပါသွားအောင် မစွမ်းဆောင်နိုင်ပါဘူး။

သူလည်း အပင်ကို အမိအရအားကုန် ကိုင်ဆုပ်လို့ အရှိန်အဟုန်ပြင်းတဲ့ ရေလှိုင်းတွေ၊ လေတွေ၊ မိုးရေတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေခဲ့ရတယ်။ စိတ်ထဲမှာတော့ သူ့မြေးတွေ၊ သားသမီးတွေအကြောင်းကိုပဲ စဉ်းစားနေမိတယ်။ ၂ နာရီကျော်ကြာ လေကြမ်း၊ ရေလှိုင်းနဲ့ မိုးရေတွေရဲ့ဒဏ်ကို ခံရင်္ပြီးချိန်မှာ လေရောမိုးရော ရပ်စဲသွားပါတယ်။ ဒါပေမယ့် ရေကတော့ လုံးဝမကျသေးပါဘူး။ မိုးလေစဲလို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အခါမှာ ပင်လယ်တမျှ ကျယ်ပြောတဲ့ ရေပြင်ကြီးကိုပဲ သူမြင်တွေ့ရတယ်။ နောက်ကျိကျိ ရွှံ့ရောင်ရေတွေက မျက်စိ တဆုံး နေရာယူထားတယ်။ အချိန်က ၄ နာရီကျော် ၅ နာရီလောက်ရှိမယ်လို့ သူ့စိတ်ထဲခန့်မှန်းနေမိတယ်။

မှောင်ရီစပျိုးတဲ့ ညနေအချိန်လောက်မှာတော့ ရေတဖြည်းဖြည်း ကျလာတယ်။ ရေကျတာကလည်း အရမ်းမြန်ပါတယ်။ နာရီပိုင်းတွင်းမှာ ရေက တဖြည်းဖြည်းနဲ့ မြေပြင်ကိုမြင်ရတဲ့အထိ ကျသွားပါတယ်။ သူရောက်နေတဲ့ သစ်ပင်ထိပ်ဖျားကနေ မြေပြင်ကို တဖြည်းဖြည်းဆင်းလာခဲ့တယ်။ သူ့မှာထဘီ မရှိတော့ဘူး။ သူ့ရဲ့ခြေထောက်တွေ၊ ကိုယ်တွေ လက်တွေ တအားကို နာကျင်နေတယ်။ ရေအရမ်းငတ်နေတယ်။ သူ့တကိုယ်လုံး အားအင်ချိနဲ့ နေသလိုခံစားရတယ်။ သစ်ပင် ခြေရင်းရောက်တယ် ဆိုရင်ပဲ သူခြေပစ် လက်ပစ်လှဲချလိုက်တယ်။ အဲဒီနောက် ဘာမှမသိတော့ဘူး။

သူပြန်နိုးတဲ့အချိန်မှာ နောက်နေ့ မနက်ပိုင်းရောက်နေပြီလို့ သိလိုက်ရတယ်။ သူ့မှာ အပေါ်အင်္ကျီ အစိမ်းရောင်နိုင်လွန် အနွေး ထည်ရယ်၊ ရင်ဖုံးအင်္ကျီရယ်ပဲ ကျန်ပါတော့တယ်။ သူ့ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်မိတော့ သစ်သားအကျိုးအပဲ့တွေ၊ လူသေကောင်တွေ၊ အိုးခြမ်းပဲ့တွေ၊ ကျွဲ၊ နွား၊ ၀က်၊ ကြက် သေတွေ၊ သစ်ပင် အကျိုးအပဲ့တွေနဲ့ နေရာတိုင်းမှာ အပျက်အစီး တွေချည်းပဲ။ သူ ဘယ်နေရာကို ရောက်နေတယ်ဆိုတာ လုံးဝမသိဘူး။

သူနဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ အမျိုးသမီးအလောင်းက ထဘီကို ချွတ်ယူလိုက်ပါတယ်။ အဲဒီနောက် တုန်ရီချည့်နဲ့စွာနဲ့ သူ လမ်းလျှောက်လာခဲ့တယ်။ လမ်းတလျှောက်လုံးမှာ လူသေအလောင်းတွေနဲ့ ပြည့်နှက်နေတယ်။ နာရီဝက်လောက် လမ်းလျှောက်ပြီးတဲ့ အချိန်မှာတော့ ဆယ်ဂဏန်းနီးပါးရှိတဲ့ လုအုပ်စု တစုကို တွေ့လိုက်ရတယ်။ တချို့က အ၀တ်မပါ ကိုယ်တုံးလုံးတွေ ဖြစ်နေတယ်။

အဲဒီအဖွဲ့က သူ့ကို နွေးနွေး ထွေးထွေး ကြိုဆိုခဲ့တယ်။ သူတို့လူစုဆီမှာ စားသောက်စရာ မရှိလို့ အနီးအနားမှာရှိတဲ့ အုန်းပင် တွေက အုန်းသီးတွေခူးဆွတ်ပြီး အုန်းရေသောက် အုန်းသီးစားနေခဲ့ရတယ်။ မေလ ၆ ရက်နေ့မနက်ပိုင်းမှာတော့ ကမ်းနားမှာ ဆားချက်လှေကြီးတစီး တွေ့ရပြီး လှေပေါ်က အလုပ်သမားတွေက သူတို့ကို လပွတ္တာမြို့ဆီခေါ်သွားတယ်။

ညနေပိုင်းမှာ သူတို့ လပွတ္တာမြို့ပေါ်ကိုရောက်ရှိခဲ့ပြီး အမှတ် ၂ အထက်ကျောင်းမှာ နေရာချထားပေးတယ်။ မေလ ၈ ရက် နေ့မှာတော့ သူ့ သား ၃ ယောက်၊ ချွေးမ ၅ ယောက်ကို ဒုက္ခသည်တွေ အဖြစ်နဲ့ လပွတ္တာ မြို့ပေါ်မှာ ပြန်တွေ့တယ်။ သူ့ မြေးလေးတွေကိုတော့ မြို့ပေါ်က စခန်းတွေမှာ လုံးဝ ပြန်မတွေ့ရတော့ပါဘူး။

သူ သကျမာရဇိန် ဆုတောင်းပြည့် ဘုရားကြီးရှေ့မှာ တိုးတိုးလေး ဆုတောင်းနေမိတယ်။ နောင်ဘ၀မှာ ဒီိလိုအဖြစ်ဆိုးမျိုး မတွေ့ပါရစေနဲ့လို့ …။ ။

မကျေနပ် က တိုင်ကြားရန်

လေဘေးသင့်ခံရသူများအတွက် ပြည်တွင်း၊ ပြည်ပမှ
လှူဒါန်းသော ငွေ၊ ပစ္စည်းများကို မရိုးဖြောင့်သော သဘော
ဖြင့် ထိန်းသိမ်းထားခြင်း၊ ရောင်းဝယ်ခြင်း၊ လူပုဂ္ဂိုလ်နှင့်
အဖွဲ့အစည်းများအတွက် အသုံးချခြင်း၊ အခြားကိစ္စရပ်များ
အတွက် အလွဲသုံးစားပြုခြင်းများကို တွေ့မြင်ကြားသိပါက
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန-
ရုံးအဖွဲ့မှူး ဖုန်း-ဝ၆၇ ၄ဝ၄ဝ၂၁၊
ဖုန်း-ဝ၆၇ ၄ဝ၄ဝ၂၂ နှင့်
ဒုတိယရုံးအဖွဲ့မှူး ဖုန်း-ဝ၉၈၆ ဝ၁ဝဝ၂ တို့သို့
တိုင်ကြားနိုင်ပါသည်။

Wednesday, May 21, 2008

ရဲနှင့် ဒုက္ခသည်များ အဓိကရုဏ်းဖြစ် (From Mizzima)

ရဲနှင့် လေဘေး ဒုက္ခသည်များအကြား အချင်းများမှု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည်။ တောင်ဒဂုံမြို့နယ် အမှတ် ၇၂ ရပ်ကွက်တွင် ပုဂ္ဂလိက အလှူရှင်များမှ လာရောက် လှူဒါန်းထားသော ပစ္စည်းများကို ရပ်ကွက် အာဏာပိုင်များက ထိန်းချုပ်မှု လုပ်သည်ဆိုကာ ဒုက္ခသည်များက တောင်းဆိုရာမှ နှစ်ဖက် တင်းမာလာပြီး လုံထိန်းရဲများ ရောက်ရှိလာခဲ့သည်။

“ရုတ်ရုတ်ဖြစ်တော့ ရဲကားတွေနဲ့ ရဲတွေ ရောက်လာတယ်။ ဒိုင်းတွေနဲ့ ရဲတွေ ပါလာတယ်။ ဝေခြမ်းပေးနေတဲ့ လူတွေကို ရဲတွေက လူအုပ်ထဲကနေ ဆွဲထုတ်သွားတယ်” ဟု အမည်မဖော်လိုသူ တောင်ဒဂုံနေသူ တဦးက ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် တောင်ဒဂုံ အ၀င်လမ်းများတွင် လုံခြုံရေး တပ်ဖွဲ့များက ပိတ်ဆို့ စီစစ်မှုများ လုပ်ခဲ့သော်လည်း ယနေ့ ညနေပိုင်းတွင်တော့ ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။

အလှူရှင်များက တအိမ်ထောင်လျှင် ဆန် ၆ ပြည်နှင့်အတူ ပုဆိုးတထည်၊ ပိတ်စတစ၊ စောင်တထည်စီ မျှဝေပေးရာ လူဦးရေ ၅ဝဝ ခန့်အတွက် ပေးပြီးနောက် ညနေ ၆ နာရီခန့်တွင် လှူဒါန်းမည့် ပစ္စည်းများကို ရပ်ကွက်နှင့် မြို့နယ် အာဏာပိုင်များ လက်သို့ အပ်နှံခဲ့ပြီးနောက် အာဏာပိုင်များက ရယက ရုံးတံခါးပိတ်၍ ဝေငှသည့်ကိစ္စ ရပ်ဆိုင်းလိုက်သည်ဟု ဒေသခံများက ပြောကြသည်။

“ရဝတ ရုံးကို တံခါးပိတ်လိုက်တယ်။ နောက်ထပ် အလှူပစ္စည်းတွေ မဝေတော့ဘူးလို့ ပြောတယ်။ ရှေ့မှာ တန်းစီနေတဲ့ သူတွေက ဒေါသဖြစ်တယ်။ လှူတဲ့သူတွေက လာလှူတာကို ဘာ့လို့ မပေးတာလဲလို့ ပြောတော့၊ တန်းစီနေတဲ့ မိန်းမတွေက ပြောတော့ ရာအိမ်မှူးက တယောက်ကို ၆ လုံး ပေးမယ် ယူမလားလို့ မေးတယ်” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

သူက ဆက်ပြီး “တန်းစီတဲ့ မိန်းမတွေက ယူမယ်လို့ ပြောတော့ အမျိုးသမီးရေးရာက မအေးမူက အိမ်ထဲကို လာလို့ပြောတော့ ပထမ ဝင်လာတဲ့ ကလေးမလေးကို ဝါးရင်းဒုတ်နဲ့ စီးရိုက်လိုက်တယ်။ ကလေးမလေး လက်ကို ရိုက်မိတဲ့အတွက် ကလေးမလေးက လက်ကျိုးသွားတယ်။ နောက်က တန်းစီနေတဲ့ လူတန်းက ဒေါသဖြစ်ပြီးတော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။ နောက်ကတန်းစီနေတဲ့ အမျိုးသမီးတွေက အထဲကို ဝင်ပြီးတော့ သတ်မယ် ဖြတ်မယ်တွေ ဖြစ်ကုန်တယ်” ဟု ပြောသည်။

စိုးရိမ်ကြောင့်ကြမှု ရှိနေသော စစ်အစိုးရက မြို့နယ်အတွင်း ရဲများ တိုးမြှင့် ချထားလိုက်သည်။

ရဲသတင်းရပ်ကွက် အပြောအရ ယနေ့နံနက်ပိုင်း ၁၀ နာရီ ခန့်တွင် ကရင်ပြည်နယ်မှ ဒုပြည်နယ်မှူး ဦးဆောင်သည့် ရဲ စုစုပေါင်း ၁၀၀ ခန့် တောင်ဒဂုံမြို့နယ်တွင် ရောက်ရှိလာသည်။

မယက ရုံး၊ မြို့နယ် ရဲစခန်းဝန်း အပါအ၀င် နေရာအနှံ့ နယ်မြေများခွဲ၍ အရပ်ဝတ်များဖြင့် ၁၀ ယောက်တတွဲ၊ ၁၂ ယောက်တတွဲ ချထားသည်။

ဒုက္ခသည်အဖြစ် အသိအမှတ်မပြုသည့်အတွက် မအူပင်မြို့တွင် အခက်အခဲဖြစ်နေ (yoma3.org)

လေဘေးသင့်ဒေသအဖြစ် သတ်မှတ်ခြင်းမခံရသည့် မြို့နယ်အတွင်းမှ ဒုက္ခသည်များမှာ အကူအညီမရရှိသဖြင့် အခက်အခဲဖြစ်နေရသည်။

စစ်အစိုးရအာဏာပိုင်များက မအူပင်မြို့နယ်အတွင်းမှ ဒုက္ခသည်များကို အသိအမှတ်မပြုထား သည့်အတွက် ရပ်ရွာအတွင်းမှစေတနာရှင်များက လာရောက်ကျွေးမွေးသည်များနှင့် ရပ်တည် နေရကြောင်း မအူပင်ဒေသခံတဦးက ဆိုသည်။

စစ်အစိုးရက ယခုလဆန်းပိုင်းတွင် ရန်ကုန်တိုင်းမှ မြို့နယ် (၄၀) နှင့် ဧရာဝတီတိုင်းမှ (၇) မြို့နယ်တို့အား သဘာဝဘေးအန္တရာယ်ကျရောက်ရာ ဒေသများအဖြစ် သတ်မှတ်ခဲ့ရာ ကျန်ပြည်နယ်တိုင်းအချို့ရှိ ကျေးရွာများတွင်လည်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ ဧရာဝတီတိုင်း အတွင်းမှ မြောင်းမြနှင့် မအူပင်မြို့နယ်များလည်း ပါဝင်သည်။

“မအူပင်မှာ စာရင်းမ၀င်တဲ့ဒုက္ခသည် မြို့ပေါ် (၁၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၆) အုပ်စုရှိတာ၊ အားလုံးဆိုရင် (၈၀) ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်၊ ဒီမှာက ရေမတက်လို့ အသက်ဆုံးရှုံး တာတော့ မရှိဘူး၊ နေအိမ်အဆောက်အဦတွေတော့ ပျက်စီးသွားတယ်၊ ဒုက္ခသည်အဖြစ် အသိမှတ်မပြုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ နေရတယ်”ဟု ပြောသည်။

မအူပင်မြို့ပေါ်တွင် ဒုက္ခသည်စခန်း (၈) ခုရှိပြီး ဗောဓိကျောင်း၊ ဓမ္မာရုံကျောင်း၊ ကုန်တိုက် ဟောင်းနှင့် စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားကာ ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့် မအူပင် မြို့နယ်အတွင်း ကျေးရွာများမှ ဒုက္ခသည်များကိုထားရှိသည်။

အဆိုပါလေဘေးဒုက္ခသည်များအတွက် အာဏာပိုင်များက နေရာချထားပေးခြင်းမရှိခြင်း ကြောင့် မြို့ခံလူထုနှင့် ရန်ကုန်မှလာရောက်၍ ပုဂ္ဂလိကလှူဒါန်းမှုများအပေါ်တွင် မှီခို စားသောက်နေရသည်ဟု ဆိုသည်။

“အခုဆိုရင် တောင်သူလယ်သမားတွေမှာ တော်တော်အခက်အခဲဖြစ်လာတယ်၊ တချို့ဆိုရင် တဲအိမ်တွေတောင်မှ ပြန်မပြင်နိုင်သေးဘူး၊ မိုးရေထဲမှာ ဘုန်းကြီးကျောင်းကပ်နေရတာတွေ ရှိတယ်၊ နီးစပ်ရာအိမ်မှာ ကပ်နေရတာတွေလဲရှိတယ်”ဟု မျက်မြင်သက်သေတဦးက ပြောသည်။

မအူပင်မြို့နယ်အတွင်း ကျေးရွာမှလယ်သမားတဦးက “ အခု လယ်ဆင်းချိန်ရောက်လာတဲ့အခါ ကျတော့ လယ်တွေထဲမှာ ရေတွေတင်ကျန်ခဲ့တော့ စိုက်ရေးပျိုးရေး ဘာမှလုပ်လို့မရတော့ဘူး၊ မျိုးစပါးကလဲ ရေတွေစိုသွားတော့ အခုစိုက်ရတဲ့အချိန်မှာ အကုန်မရှိဖြစ်နေတယ်၊ မျိုးစပါးကလဲ တော်တော်လေး အခက်အခဲဖြစ်နေပါတယ်၊ မအူပင်မှာ လယ်စိုက်ဧက သိန်းချီရှိတယ်၊ သေချာ တာတော့ လယ်သမား (၈၀) ရာခိုင်နှုန်းက ဘာမှမလုပ်နိုင်တော့ဘူး”ဟု ပြောဆိုခဲ့သည်။

တောင်ဒဂုံတွင် လူထုနဲ့အာဏာပိုင် ရုန်းရင်းဆန်ခတ်ဖြစ် (Yoma3.org)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ဒုက္ခသည်များအတွက် ပစ္စည်းများအား ပေးဝေခြင်း မပြုဘဲ ကိုယ်ကျိုးအတွက်သုံးစွဲသည့် အာဏာပိုင်များနှင့် ပြည်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရပ်ကွက်လူထုက ရာအိမ်မှူးအိမ်အား ဖြိုဖျက်ခဲ့သည်။

တောင်ဒဂုံ (၇၁) ရပ်ကွက်မှ ရာအိမ်မှူး ဦးသိန်းအောင်က နေအိမ်တွင် ကိုယ်ကျိုးအတွက် ဆန်များသိုလှောင်ထားပြီး ဒုက္ခသည်များအား ဆန်ပေးဝေသည့်အခါ ဆဲဆိုကြိမ်းမောင်းခဲ့သဖြင့် ရပ်ကွက်နေပြည်သူများက ၎င်းး၏အိမ်အား ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်။

“ဖြစ်တာက မနေ့က ည (၁၀) နာရီလောက်မှာ၊ ရာအိမ်မှူးအိမ်နဲ့ ဝေါဗွီးရှင်းအဖွဲ့က အဖွဲ့ဝင် တယောက်အိမ်လည်း ပါတယ်၊ သူတို့အိမ်မှာ ဆန်နဲ့ တခြားပစ္စည်းတွေ ယူထားကြတယ်၊ ပစ္စည်း ဝေတော့လဲ ဘက်လိုက်မှုတွေလုပ်တော့ ရပ်ကွက်က ဒေါသထွက်နေတဲ့လူတွေက လုပ်တာ” ဟု အဆိုပါရပ်ကွက်နေသူတဦးက ပြောသည်။

ယင်းကဲ့သို့ အိမ်ကိုဖြိုဖျက်နေစဉ် ရာအိမ်မှူးနှင့်ဇနီးမှာ ထွက်ပြေးသွားပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ရောက်ရှိလာသဖြင့် ည (၁၂) နာရီလောက်တွင် အခင်းဖြစ်ပွားမှုပြီးဆုံးသွားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အလားတူ အဆိုပါရပ်ကွက်ရှိ (ရယက)ရုံးတွင် လေဘေးသင့်သူများအားမဝေဘဲ ဆန်များ သိမ်းဆည်းထားသဖြင့် ရပ်ကွက်လူထုက (ရယက)ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းအား လိုက်လံ ရှာဖွေ၍ ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။

“ဖမ်းမလို့လိုက်ရှာတုန်း ရဲတွေက ဒုတ်တွေဒိုင်းတွေနဲ့ရောက်လာပြီး လူတွေကိုခြိမ်းခြောက်တော့ ရပ်ကွက်လူထုကလည်း ဒုတ်တွေဓားတွေဆွဲပြီး အကြီးအကျယ်ဖြစ်မလို့ပဲ၊ သေနတ်နှစ်ချက် ဖောက်လိုက်တော့မှ လူစုကွဲသွားတယ်”ဟု ရပ်ကွက်နေသူတဦးက ပြောသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)၊ (၇၁) ရပ်ကွက်တွင် အိမ်ခြေ တထောင်ကျော်ခန့်ရှိပြီး မုန်တိုင်းဒဏ် ကြောင့် ပြည်သူအများမှာ စားဝတ်နေရေးကြပ်တည်းနေပြီး စစ်အစိုးရလက်အောက်ခံအဖွဲ့များမှ လေဘေးသင့်ပြည်သူများအား ပေးဝေမည့် ပစ္စည်းများအား ကိုယ်ကျိုးရှာသုံးစွဲခြင်း၊ ရောင်းချ ခြင်းများ ပြုလုပ်နေသဖြင့် ရပ်ကွက်အတွင်း မကျေနပ်မှုများ တိုးပွားလာနေခြင်းဖြစ်သည်။

“ကြံ့ခိုင်ရေးအဖွဲ့က ကိုစိန်လင်း၊ မအေးမှုံ၊ အမျိုးသမီးရေးရာက မအေးမူ၊ မမူမူအေး၊ သူတို့ အိမ်မှာ ဆန်တွေယူထားတာတွေ့တယ်၊ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းအိမ်မှာက သွပ်အချပ် ၅၀ နဲ့ ဆန် ၃ အိတ် တွေ့တယ်၊ ဒုက္ခသည်တွေကို နည်းနည်းပဲပေးပြီးတော့ သူတို့ယူထားကြတာလေ” ဟု ရပ်ကွက်နေသူတဦးက ပြောသည်။

ပြည်သူများအား ဆန်ဝေစဉ် ဥက္ကဋ္ဌဦးအောင်ကြည်သိန်း ဆက်ဆံပုံနှင့်ပတ်သက်၍ မျက်မြင် တဦးက “မင်းတို့ဆင်းရဲသားတွေ၊ စောက်သုံးလဲမကျတဲ့ကောင်တွေ၊ မင်းတို့ ဘာလား ညာလားဆိုပြီး ကြိမ်းမောင်းတာတွေ လုပ်တယ်၊ ပြီးတော့ လာတန်းစီတဲ့အထဲက အမျိုးသမီး နှစ်ယောက်ဆိုရင် လက်သီးနဲ့ ဗိုက်ကို အထိုးခံလိုက်ရတယ်”ဟု ပြောဆိုခဲ့သည်။

Monday, May 19, 2008

အာဆီယံ ကမကထလုပ်မည့် လေဘေးကယ်ဆယ်ရေး စစ်အစိုးရ သဘောတူ (VOA)

မြန်မာနိုင်ငံမှာ လေမုန်တိုင်းဘေးဒဏ် ခံရသူတွေအတွက် နိုင်ငံတကာက အကူအညီပေးရေး ကိစ္စနဲ့ ပတ်သက်လို့ အာဆီယံ နိုင်ငံတွေ ကြားမှာလည်း ဒီကနေ့ပဲ ဆွေးနွေးပြောဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။ အာဆီယံအဖွဲ့ကြီး အနေနဲ့ အရေးပေါ် အကူအညီတွေပေးဖို့ ကိစ္စမှာ မြန်မာစစ်အစိုးရဖက်က တွန့်ဆုတ်နေတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာ ဖြစ်ပြီးတော့ အာဆီယံ အနေနဲ့လည်း ဒါတွေကို ဖိအားပေး လုပ်ဆောင်ဖို့ အစီအစဉ်တွေလည်း ချမှတ်ခဲ့တဲ့ အကြောင်း ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ရဲ့ စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရေးပေါ် အစည်းအဝေးမှာ မြန်မာနိုင်ငံက လေမုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းတွေ ထိထိရောက်ရောက် မလုပ်နိုင်ပဲ ဖြစ်နေတာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာပါ။ အသင်းဝင် (၁၀) နိုင်ငံတွေရဲ့ ဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံကနေ တဆင့် အကူအညီတွေကို လက်ခံဖို့ ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။ အခု အစည်းအဝေး အတွင်းမှာတော့ အာဆီယံ အနေနဲ့ အရေးပေါ် အကူအညီတွေ ဖြန့်ဖြူးရာမှာ ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့တခု ဖွဲ့စည်း ဆောင်ရွက်ဖို့ သဘောတူညီမှု ရခဲ့တယ်လို့ စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး ဂျော့ဂ်ျ ရိုး (George Yeo) က ပြောပါတယ်။ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အရေးပေါ် အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲအတွင်း သူက ပြောရာမှာတော့ -

“အာဆီယံကတဆင့် ပေးအပ်မယ့် နိုင်ငံတကာ အကူအညီတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးအသွင် လုပ်ဖို့ မသင့်ပါဘူး။ ဒါကို အခြေခံပြီးတော့၊ မြန်မာအစိုးရ အနေနဲ့လည်း နိုင်ငံတကာ အကူအညီတွေကို လက်ခံသွားပါလိမ့်မယ်။”

တကယ်တော့ အစောပိုင်းတုန်းကလည်း မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အကူအညီ ပေးပို့တာတွေကို လက်ခံမယ်ဆိုပြီး ပြောဆိုတာတွေ ရှိပေမဲ့ ဒါတွေကို ဖြန့်ဖြူးတဲ့ ကိစ္စတွေ အပါအ၀င် တခြား အကူအညီပေးရေး လုပ်ငန်းတွေအတွက် ပြည်ပက ကျွမ်းကျင်သူတွေ စေလွှတ်ဖို့ ကိစ္စကိုတော့ လက်မခံငြင်းပယ် ထားတာကြောင့် လုပ်ငန်းတွေ နှောင့်နှေးနေရတာပါ။ ဒါပေမဲ့လည်း ဒီလို အခြေအနေမျိုးတွေ ရှိလာလိမ့်မယ်ဆိုတဲ့ အာမခံချက်မျိုးတော့ အာဆီယံက ပေးနိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။

“ကျနော်တို့အနေနဲ့ လိုအပ်ချက်တွေကို တိတိကျကျ ကြည့်ရမှာဖြစ်ပြီးတော့ အကူအညီတွေကိုလည်း တိတိကျကျ ကမ်းလှမ်းရပါလိမ့်မယ်။ ပြည်ပကလူတွေ မြန်မာနိုင်ငံကို အကန့်အသတ်မရှိ ၀င်ရောက်ခွင့်ရမယ်ဆိုတာမျိုးတော့ ဖြစ်မှာ မဟုတ်ပါဘူး။”

စင်္ကာပူနိုင်ငံခြားရေး ၀န်ကြီး ဂျော့ဂ်ျ ရိုး သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုသွားတာပါ။ ဒါပေမဲ့လည်း အာဆီယံ နိုင်ငံတွေက ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကို လက်ခံဖို့ကိုတော့ မြန်မာစစ်အစိုးရဖက်က သဘောတူ လိုက်ပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်လာတဲ့ မြန်မာစစ်အစိုးရရဲ့ ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ကတော့ သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားတာမျိုး မရှိပဲနဲ့ အာဆီယံ ဥက္ကဋ္ဌ အနေနဲ့ ဖြေကြားပြီးသား ဖြစ်တာမို့ မပြောနိုင်ကြောင်းသာ ပြောသွားခဲ့ပါတယ်။

အာဆီယံ အနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးရေး ဆောင်ရွက်ချက် တစိတ်တပိုင်းအဖြစ်နဲ့ အသင်းကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင် ပီဆူဝန် (Surin Pitsuwan) ကိုယ်တိုင် မြန်မာနိုင်ငံကို မကြာခင် သွားရောက်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လေမုန်တိုင်းဘေးဒဏ် ခံရသူတွေအတွက် နောက်ထပ် ဆွေးနွေးဖို့ မြန်မာစစ်အစိုးရက လာမယ့် ၂၅ ရက်နေ့ကြရင် ရန်ကုန်မှာ အစည်းအဝေးတခု ကျင်းပပေးဖို့ ရှိပြီးတော့ နိုင်ငံပေါင်း (၃၀) လောက် တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ အာဆီယံ အနေနဲ့ အကူအညီပေးရေး ရံပုံငွေတွေ ရဖို့အတွက်လည်း ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် တို့နဲ့ လက်တွဲဆောင်ရွက် သွားဖို့ကိုလည်း ဒီအစည်းအဝေးအတွင်းမှာပဲ ပြောဆိုခဲ့ကြပါတယ်။

ဘန်ကီမွန်း မြန်မာပြည် သွားမည် (From Mizzima)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် လာမည့် ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံသို့ ၃ ရက်တာ ခရီးသွားရောက်မည်ဟု သူ၏ ပြောခွင့်ရသူ Michele Montas က ယနေ့ ကြေညာသည်။

မစ္စတာ ဘန်ကီမွန်းက သူ၏ ခရီးစဉ်အတွင်း ထိပ်တန်း မြန်မာ စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု ဆိုထားသော်လည်း လွန်ခဲ့သော ရက်ပိုင်းက သူ၏ ဖုန်းခေါ်ဆိုမှုနှင့် ပေးစာအပေါ် တစုံတရာ တုံ့ပြန်မှု မပြုခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ရ၊ မရကိုမူ မသိရသေးပါ။

“ကျနော်တို့ အနေနဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး နအဖ ဆီကနေ အကောင်းဆုံး တုံ့ပြန်မှုတွေ ရလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” World Food Program ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ကြီး၏ ထိုင်းနိုင်ငံရုံးခွဲမှ ပြောခွင့်ရပုဂ္ဂိုလ် Mr. Marcus Prior က မဇ္ဈိမကို ပြောသည်။

မြန်မာ လေဘေးဒုက္ခသည်များအတွက် အကူအညီပေးနေသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်း World Vision ၏ ထိုင်းနိုင်ငံရုံးခွဲ ပြောခွင့်ရပုဂ္ဂိုလ် Mr. James East ကလည်း “သူတို့ ဒီခရီးစဉ် နောက်ပိုင်းမှာ အရင်ကထက် ပိုပြီး တိုးလုပ်လာနိုင်တာတွေ ရှိလာမယ်လို့ မျှော်လင့်မိပါတယ်။ ဥပမာ လေဘေး ကယ်ဆယ်ရေး လုပ်သားတွေကို ဧရာဝတီတိုင်းထဲအထိ ဝင်ရောက်ခွင့်တွေ ရလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဟု ပြောသည်။

ယမန်နေ့ကလည်း မစ္စတာ ဘန်ကီမွန်း၏ အထူး သံတမန်ဖြစ်သူ လူသားချင်းဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးဌာန အကြီးအကဲ Mr. Holmes ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ယနေ့ နံနက်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ မုန်တိုင်းဒဏ် အဆိုးဆုံးခံရသည့် ဒေသများသို့ သွားရောက် လေ့လာပြီးအပြန် ရန်ကုန်ရှိ ကုလသမဂ္ဂနှင့် နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံရန် ရှိသည်ဟု ရန်ကုန်မှ လာသော သတင်းများက ဆိုသည်။

Mr. Holmes သည် မစ္စတာ ဘန်ကီမွန်းထံမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူထားသော တတိယမြောက် ပေးစာတစောင်နှင့်အတူ တနင်္ဂနွေနေ့က ရန်ကုန်မြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ကုလ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် သူ၏ သံတမန်တို့ ကိုယ်တိုင် လာရောက်သဖြင့် နအဖ အနေနှင့် မလွှဲမရှောင်သာ အနည်းငယ် အလျှော့ပေးရမည့် အခြေအနေ ရှိလာနိုင်သော်လည်း ကမ္ဘာ့ပြည်သူများ မျှော်လင့်ထားသည့် အခြေအနေအထိ ဖြစ်လာလိမ့်မည်ဟု ယူဆ၍ မရနိုင်ကြောင်း ရန်ကုန်ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

“ဘန်ကီမွန်းကိုယ်တိုင် လာမယ်ဆိုရင်တော့ တကမ္ဘာလုံးရဲ့ အာရုံစူးစိုက်ခြင်းကို ခံရတာမို့ မလွှဲမရှောင်သာ တချို့ဟာလေးတွေကို လိုက်လျောလာလိမ့်မယ်လို့ မြင်မိပါတယ်။ ဘာမှ မလုပ်နိုင်တာထက် စာရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို အားနာပြီး မလွှဲမရှောင်သာ အထိုက်အလျောက် လိုက်လျောတာလေးတွေက ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် အထိုက်အလျောက် အသက်ရှူချောင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” ဟု သူက ပြောသည်။

ဧရာဝတီတိုင်း လပွတ္တာမြို့၌ ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ဆောင်နေသူ လပွတ္တာအမတ် ဒေါက်တာ အေးကြူကလည်း “ကျနော်ကတော့ ဒီခရီးစဉ်ကနေ ရလဒ်ကောင်းတွေ ရလာမယ်လို့ မြင်မိပါတယ်။ ရလာပါစေလို့လည်း မျှော်လင့်ပါတယ်။ ပုဂ္ဂလိက ကူညီ ကယ်ဆယ်မှုတွေ ဆိုတာ ရေတိုပဲ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီတွေက ရေရှည်ပေးမှာ။ ဒါတွေလာမှ ဒုက္ခသည်တွေဟာ လူစဉ်မီမယ်၊ သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ လုပ်လို့ရမယ်၊ သူတို့ဘဝ ပြန်လည် ကောင်းမွန်လာမယ်” ဟု ပြောသည်။

တဖက်တွင် အာဆီယံနိုင်ငံ ခေါင်းဆောင်များကလည်း မြန်မာပြည်၏ အကျပ်အတည်း ဖြေရှင်းရေးနှင့် ပတ်သက်၍ ယနေ့တွင် စင်ကာပူနိုင်ငံ၌ အစည်းအဝေးတရပ် ကျင်းပကာ ဆွေးနွေး ညှိနှိုင်းသွားကြသည်။

အသင်းဝင် နိုင်ငံများ၏ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေး မူဝါဒကို လက်ကိုင်ထားသော အာဆီယံ အသင်းကြီးက နအဖ စစ်အစိုးရအပေါ်သို့ ထူးခြားထိရောက်သည့် တွန်းအားပေးမှုများ ပေးလာလိမ့်မည်ဟူ၍ မမျှော်လင့်မိကြောင်းလည်း ရန်ကုန်ရှိ NGO အရာရှိက ဆက်ပြောသည်။

“အာဆီယံ ခေါင်းဆောင်တွေကတော့ သူတို့ တွန်းအားပေးနိုင်သလောက် အမြဲတမ်း တွန်းအားပေးနေမှာပါ။ အရင်ကလည်း တွေ့ဆုံ ဆွေးနွေးရေးအတွက် တွန်းအားပေးနေခဲ့တာပဲ။ သို့သော် သူတို့အနေနဲ့ အခုအချိန်လည်း ဥရောပနိုင်ငံတွေလို အင်နဲ့အားနဲ့ တွန်းပြီးပြောမှာ မဟုတ်ဘူး။ ကျနော့်အမြင်ကတော့ သူတို့က ဝတ်ကျေ တမ်းကျေလောက်ပဲ ပြောမှာပါ” ဟု သူက ပြောသည်။

ဤအတောအတွင်း အမေရိကန်အခြေစိုက် Save The Children အဖွဲ့က မုန်တိုင်းဒဏ်ခံရသော ဒေသတွင် ၅ နှစ်အောက် ကလေးငယ် ၃ သောင်းကျော်သည် အာဟာရ ပြတ်လတ်မှုများ ဖြစ်နေပြီး မကြာခင် အသက် သေဆုံးနိုင်ဖွယ် ရှိသည်ဟု သတိပေးထားသည်။

နိုင်ငံတကာမှ ဝေဖန်မှုများ ပြင်းထန်လာချိန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ယမန်နေ့က ရန်ကုန်မြို့နယ်အတွင်းရှိ မုန်တိုင်းသင့် ဒေသများသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ကာ လေ့လာခဲ့သည်။

ရန်ကုန်ရှိ ကုလသမဂ္ဂနှင့် နိုင်ငံခြားသံတမန် ၆ဝ ကိုလည်း နအဖ စစ်အစိုးရက မုန်တိုင်းဒဏ်ထိ ဧရာဝတီတိုင်းအတွင်း ဒေသအချို့သို့ တနင်္ဂနွေနေ့က လေယာဉ်ဖြင့် ပို့ဆောင် ပြသပေးခဲ့သေးရာ ယခုလုပ်ရပ်အပေါ် အကောင်းမြင်သူများလည်း ရှိသလို သံသယ ရှိနေသူများလည်း ရှိနေသည်။

ခရီးစဉ်တွင် လိုက်ပါသွားသူ အမေရိကန်သံ အမတ်ကြီး Shari Villarosa က “သူတို့ ပြချင်တာကို ပြကောင်းရုံ သွားပြတဲ့ သဘောပါ” ဟု ဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်းလည်း ဖြစ်ပြီး အာရှ၊ အာဖရိကနှင့် ကုလသမဂ္ဂရေးရာ ဗြိတိသျှဝန်ကြီး Mark Malloch-Brown ကမူ “ဒီခရီးစဉ်က ကျနော်တို့တွေ လူသားချင်း စာနာစိတ် အပြည့်နဲ့ လာခဲ့တယ် ဆိုတာကို စစ်အစိုးရက လက်ခံသွားတဲ့ သဘောပါ။ နိုင်ငံရေး မဟုတ်ပါဘူး”ဟု ပြောသည်။

ဗြိတိသျှဝန်ကြီး Malloch-Brown သည် ၁၅ နှစ်တာ ကာလအတွင်း မြန်မာပြည်သို့ ပထမဆုံး ရောက်ရှိလာသော ဗြိတိသျှ ဝန်ကြီးဖြစ်ပြီး ဗြိတိသျှ ဝန်ကြီင်္းချုပ်ထံမှ ဗိုလ်ချုပ်မှူးကြီးထံသို့ ပေးစာ တစောင်ကို ယူဆောင်လာသူ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ‘လူမဆန်သူ’ ဟု ဝေဖန်သော ဗြိတိသျှဝန်ကြီးချုပ် Gordon Brown က စာထဲတွင် ဆိုင်ကလုန်းဒဏ်ကြောင့် ဒုက္ခရောက်သူများကို ကယ်ဆယ်ရေးကို ဦးစားပေးပြီး နိုင်ငံရေး ကိစ္စများကို ဘေးဖယ်ထားရန် တိုက်တွန်းထားသည်။

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် မြန်မာပြည်သို့ စစ်အစိုးရထံမှ ခွင့်ပြုချက် မရယူဘဲ မြန်မာပြည်သို့ လူသားချင်း စာနာသည့် အကူအညီများ ပေးပို့ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှတဆင့် ကြိုးပမ်းနေသော နိုင်ငံများ ဖြစ်သည်။

ယခုအခါ အမေရိကန်နှင့် ပြင်သစ်မှ ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်ထားသော သဘောင်္များသည် မြန်မာ့ ရေပိုင်နက်နှင့် မလှမ်းမကမ်းတွင်း ဝင်ရောက် ကယ်ဆယ်ခွင့်ရရေးအတွက် အသင့်ရှိနေသည်။

မုန်တိုင်းဒဏ်ခံရပြီး ၂ ပတ်ကြာသည့် အချိန်တွင် ထုတ်ပြန်သော စစ်အစိုးရ၏ စာရင်းတွင် သေဆုံးသူ ၇၈ဝဝဝ ဦးနှင့် ပျောက်ဆုံးနေဆဲ ၅၆ဝဝဝ ဦးရှိသည်ဟု ဆိုသည်။

နိုင်ငံတကာ ကြက်ခြေအဖွဲ့၏ ကနဦး ခန့်မှန်းချက်အရ မုန်တိုင်းကြောင့် သေဆုံးသူ ၁၂၈ဝဝဝ ရှိနိုင်ပြီး ယခုအချိန်ထိ မုန်တိုင်းဒဏ်ကြောင့် အကူအညီ မဲ့နေသူ ၂ သန်းခွဲအနက် ၄ ပုံ ၁ ပုံသာ အကူအညီများ ရောက်ရှိသေးသည်ဟု ကုလသမဂ္ဂ အေဂျင်စီများက ဆိုသည်။

စစ်အစိုးရက ယခုအချိန်အထိ လေဘေး ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၂ သန်း သုံးစွဲပြီဟု သတင်းထုတ်ပြန်သည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ကယ်ဆယ်ရေး ကျွမ်းကျင်သူများကို ဗီဇာ ပိတ်ပင်ထားချိန်တွင် အိန္ဒိယနှင့် ထိုင်းနိုင်ငံမှ ဆရာဝန်များနှင့် ကယ်ဆယ်ရေးဝန်ထမ်း ၈ဝ သည် ရန်ကုန်မြို့တွင် ရောက်ရှိနေကြသည်။

Myanmar declares cyclone mourning period

အိမ်နီးချင်းတရုတ်ပြည်က သူ၏ လွန်ခဲ့သည့် တပတ်က ငလျင်သင့် ပြည်သူများအတွက်
ဝမ်းနည်းကြောင်း ၃ ရက် သတ်မှတ်လိုက်ကြောင်း သတင်းထုတ်ပြန်ပြီးနောက် တပ်မတော်ကလည်း မြန်မာပြည်ရှိ မုန်တိုင်းသင့်ပြည်သူများအတွက် ၀မ်းနည်းခြင်း ၃ ရက် လိုက်လံသတ်မှတ်လိုက်ပါသည်။

YANGON - Myanmar's junta appeares to have relented from its position of spurning international assistance, saying it will allow its Asian neighbors to oversee the distribution of foreign relief to survivors of Cyclone Nargis.

It also approved a visit by UN Secretary-General Ban Ki-moon and prepared to host a meeting of aid donors, while claiming that losses from the May 2-3 disaster exceeded US$10 billion ($6.4 billion).

Myanmar state television reports that a three-day official period of mourning for the victims of the storm will begin Tuesday.

The official death toll for the May 2-3 storm remains at about 78,000.

Heavy rain fell on the hard-hit low-lying Irrawaddy Delta again Monday, said the International Federation of Red Cross and Red Crescent Societies.

Myanmar agrees to aid effort led by ASEAN

SINGAPORE : Myanmar has agreed to let ASEAN send in its medical teams as well as coordinate international aid for its cyclone victims. The decision came after an emergency meeting of ASEAN Foreign Ministers in Singapore.

Myanmar had put the damage from the cyclone at over US$10 billion.



Fast Facts

Concern has been rising for the estimated 2.5 million left homeless after Cyclone Nargis wreaked havoc more than two weeks ago.

At the special foreign ministers meeting in Singapore, Myanmar finally agreed to an international aid effort led by its Southeast Asian neighbours.

The foreign ministers agreed to establish an ASEAN-led coordinating mechanism which will draw on Indonesia's 2004 tsunami experience. It will facilitate foreign aid disbursement and deployment of relief workers like medical personnel.

A task force led by ASEAN Secretary-General Dr Surin Pitsuwan will work with the UN and a coordinating body from Myanmar

For a start, the Myanmar government has agreed to immediately accept medical teams from all ASEAN countries - some of which are already in the cyclone-stricken nation.

ASEAN also warned potential donors that "international assistance given to Myanmar... through ASEAN, should not be politicised."

When asked about the delay, Singapore's Foreign Minister George Yeo who chairs the special meeting, said given the magnitude of the disaster and the decisions taken by the Yangon government, it was better later than never.

Pressed on the issue of whether foreign aid workers would be let in, Mr Yeo said there would not be uncontrolled entry of foreign personnel. Immediate aid, however, would be provided through ASEAN.

"A detailed mechanism will be established so that aid can be sent to Myanmar through channels which are open for this purpose. It does not make sense... to force aid on them. (It) will lead to unnecessary complications and more suffering for the Myanmar people. So it's not a course of action that finds favour among us in ASEAN," said Mr Yeo.

There were many questions too for Myanmar Foreign Minister Nyan Win after the ASEAN news conference. On the issue of delays in international aid reaching his people, he said his government did accept aid but started with neighbouring countries first.

"We never argued against international assistance to the country. I addressed (this in my) speech to the diplomatic corps in Yangon, and I offered that international assistance is always welcome. Thailand (came) and assisted our people on 6 May. After that, we have received international assistance daily, said the Myanmar foreign minister.

As for the difficulty aid workers faced in getting visas, Nyan Win said his government will issue them if need arises.

Meanwhile, an ASEAN-UN International Pledging Conference will be held in Yangon on May 25 to raise funds for Myanmar.

Meanwhile, an ASEAN-UN International Pledging Conference, where countries can pledge what they can do to help, will be held in Yangon this Sunday, May 25th. - CNA /ls

Sunday, May 18, 2008

နိုင်ငံခြားတပ်တွေ ဝင်လာရင် မြန်မာစစ်တပ် ဘာဖြစ်မလဲ (From Irrawaddy.org)

၁၉၉၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံကို စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာ မြန်မာ ပြည်သူလူထုအနေနဲ့ နိုင်ငံခြားတပ်တွေ ကို မျှော်တတ်လာတာ တွေ့ရပါတယ်။

စစ်အစိုးရကြောင့် ဒုက္ခဆင်းရဲတွင်း နက်လာလေလေ အမေရိကန်တပ်တွေက စစ်အစိုးရကို ဘယ်လိုဝင် တိုက်မှာ၊ ဘယ်ပုံဝင် တိုက်တော့မှာနဲ့ မျှော်လင့်ချက်တွေ ပြင်းပြလာတာ တွေ့ရလေပါပဲ။ တချို့ဆို စိတ်ကူး တွေယဉ်ပြီး တကယ်ပဲ အမေရိကန် တပ်ကြီးကို သူပဲ မြင်လိုက်သလိုလို သူ့ဆီကိုပဲ အမေရိကန် သမ္မတက စာပို့လိုက်သလိုလိုနဲ့ လျှောက်ပြောတတ်ပါသေးတယ်။

ဒါလည်း လူတွေရဲ့မျှော်လင့်ချက် တရပ်မို့လို့ အပြစ်မဆိုသာပါဘူး။ လူတွေက စစ်အစိုးရရဲ့ လက်အောက်မှာ ဒုက္ခဆင်းရဲတွေ ခါးစည်းခံလာရတာ ကြာလာတော့ မျှော်မိမျှော်ရာ၊ တောင့်တမိတောင့်တရာ ကောက်ရိုး တမျှင်များ ဖြစ်လေမလားလို့ တွေးမိ လာကြတာ ဖြစ်မှာပါ။ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းမှာတော့ လူတွေရဲ့ မျှော်လင့်ချက် စိတ်ကူးယဉ်မှု တွေက ပိုကြီးထွား လာပါတယ်။

ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ မြန်မာပြည်လာမယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ် ဆိုတာ နဲ့တင် လူတွေက မြန်မာစစ်အစိုးရကိုတော့ ကုလသမဂ္ဂက အပြစ်ပေးတော့မယ်ဆိုပြီး လက်ခုပ်လက်ဝါးတီးဖို့ စောင့်နေကြ တာပါ။ နောက် ထင်သလိုဖြစ်မလာ၊ ဂမ်ဘာရီကိုလည်း အားကိုး မရတော့ဘူး ဆိုတာသိလိုက်တဲ့နောက်ပိုင်းမှာ အမေရိကန် တပ်တွေ ပင်လယ်ဝရောက်နေပြီ၊ မြန်မာစစ်အစိုးရကို ဝင်တိုက်တော့မယ် ဆိုတာမျိုးတွေ ပြောကြပါတယ်။

တကယ်လည်း တတ်နိုင်တဲ့ တစုံတရာက မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် အပြစ်ပေးတာမျိုး မြန်မာ လူထုက မြင်ချင် နေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူတို့ မျှော်လင့်သလို ဖြစ်မလာဘဲ ဇာတ်မျောကြီး ဖြစ်လို့။ မြန်မာ လူထုကလည်း ငါတို့ကံကိုက ဆိုးပါတယ်ဆိုပြီး ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ သဘောထားလို့ ကံကိုပဲ ယိုးမယ်ဖွဲ့နေချိန် မမျှော်လင့်ဘဲ နာဂစ်ဆိုတဲ့ မုန်တိုင်းကြီးက ဝင်မွှေလိုက်ပါတော့တယ်။

နာဂစ်က မြန်မာပြည်သူလူထု အတွက်ကော မြန်မာစစ်အစိုးရ အတွက်ပါ အလှည့်အပြောင်း တစုံတရာ ဖန်တီးလိုက်တာလေ လားလို့ ဆိုရလောက်အောင်ပါပဲ။ နဂို စစ်အစိုးရကို မုန်းတီးနေတဲ့ ပြည်သူတွေဟာ ပိုပြီး မုန်းတီးလာပြီး အမေရိကန်တပ် တွေကို ပိုမျှော်လင့်လာကြပါတော့တယ်။

စစ်အစိုးရကလည်း သူတို့ရဲ့ အာဏာနဲ့ ဂုဏ်သိက္ခာအတွက် ၁ သန်းကျော် ရှိတဲ့ လေဘေး ဒုက္ခသည်တွေရဲ့ ဒုက္ခဆင်းရဲ၊ ဝေဒနာနဲ့ ငတ်မွတ်မှုကိုတောင် မငဲ့ကွက်ဘဲ တင်းခံနေပါတယ်။ အဲဒီလို တင်းခံနေလေ ပြည်သူ တွေရဲ့ အမုန်းအင်အားက ကြီးမားလေ ဖြစ်နေပါတယ်။

ခုချိန်မှာတော့ ပြည်သူတွေ မျှော်လင့်ခဲ့သလို ဖြစ်လာပြီလားလို့ မေးရမလိုဖြစ်နေပါပြီ။ မြန်မာ့ရေပိုင်နက် အဝမှာ အင်္ဂလန်၊ ပြင်သစ်နဲ့ အမေရိကန် စစ်သင်္ဘောတွေဟာ ရိက္ခာတွေ၊ စစ်အင်အားတွေ အပြည့်အစုံနဲ့ ရောက်နေပြီ။ နိုင်ငံတကာကို ရောက်နေတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ အပါအဝင် အဖွဲ့အစည်းတွေနဲ့ တခြားသော အနောက် နိုင်ငံတွေကလည်း မြန်မာပြည်ထဲကို ကယ်ဆယ်ရေးတပ်တွေ ဝင်ဖို့ ဝိုင်းဝန်း တောင်းဆိုနေပါပြီ။

မေးစရာတခုကတော့ အဲဒီလို အမေရိကန်အပါအဝင် ကယ်ဆယ်ရေးတပ်တွေ မြန်မာ့မြေပေါ် ခြေချပြီး ဒုက္ခသည်တွေကို အတင်းဝင်ရောက် ကယ်ဆယ်ရေးတွေ လုပ်လိုက်ရင် မြန်မာ့ တပ်မတော်ကြီးအနေနဲ့ ဘာတွေဖြစ်မလဲ ဆိုတာပါပဲ။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဘားနတ် ကော့ချနာကဆိုရင် “ပြင်သစ် သင်္ဘောတွေ၊ ဟယ်လီကော်ပတာ တွေ အနေနဲ့ ဒုက္ခသည်တွေဆီ ရောက်ဖို့ နာရီဝက်လောက်ပဲ ကြာမှာပါ။ ကျနော်တို့ရဲ့ မဟာမိတ် ဗြိတိသျှ ကယ်ဆယ်ရေး ယာဉ်တွေ ဆိုရင်လည်း အတူတူပါပဲ” လို့ ပြောနေပါပြီ။ သူပြောမယ် ဆိုလည်း ပြောစရာပါ။ ပြင်သစ်က လေယာဉ်တင် သင်္ဘော အရွယ်အစားရှိတဲ့ တန်ချိန် ၂၂၀၀၀ စစ်သင်္ဘောကြီးရယ်၊ အမေရိကန် စစ်သား ၁၁၀၀၀ ကျော်ပါတဲ့ အမှတ် (၇) ရေတပ် စခန်းက စစ်သင်္ဘော အုပ်စုရယ် နောက်တော့ ဗြိတိန်က ဖရီးဂိတ် စစ်သင်္ဘောတစီးရယ်က အဆင်သင့်အနေအထား ရှိနေတာလေ။

“ကျနော်တို့ အနေနဲ့ မြန်မာစစ်အစိုးရကို ဆက်တိုက်လို ဖိအားပေး တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် ခုထိ ဘာမှ မပြန်ကြားသေးလို့ ဘာမှဆက်လုပ်လို့ မရပါဘူး” လို့ အဲဒီ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက ဆိုနေပါပြီ။

တကယ့်တကယ် နိုင်ငံတကာက လူသားချင်းစာနာထောက်ထားတဲ့ ကယ်ဆယ်ရေး တပ်တွေသာ ဝင်ရောက်စွက်ဖက် လာမယ် ဆိုရင် မြန်မာ့တပ်မတော်ရဲ့ အနေအထားအရ ခုခံကာကွယ် တိုက်ခိုက်မှာ မဟုတ်ဘူးလို့ လူလတ်ပိုင်းအရွယ် ဗိုလ်မှူးဟောင်းတဦးက ဧရာဝတီကို ပြောပါတယ်။

သူ့အနေနဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က အရည်အချင်းလည်း ရှိခဲ့တယ်၊ ခုချိန်မှာ ငယ်ရွယ်ဆဲလည်း ဖြစ်နေတဲ့ အတွက် အရပ်ဝတ်တဦး ဖြစ်နေပေမယ့် အချိန်မရွေး မြန်မာစစ်အစိုးရရဲ့ ခေါ်သုံးခြင်းခံရနိုင်တယ်လို့ ဆက်ပြောပါတယ်။

“ခိုင်းစရာရှိရင်တော့ ခေါ်မှာသေချာတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ မသွားပါဘူး။ တခြား ကျနော့်လို့ လူတွေလည်း သွားမှာမဟုတ်ဘူး။ အားလုံးက စစ်တပ်ကို တော်တော်လေး စိတ်နာနေပြီ။ ကျနော်က အသိဆုံးပဲ” လို့ သူက ပြောပြပါတယ်။

စစ်သားတွေနဲ့ သူတို့မိသားစုတွေကို တကယ့်တကယ်မှာ စစ်အစိုးရက ကာကွယ်မှု လုံလုံခြုံခြုံ မပေးနိုင်ဘူးလို့ သူက ဆက်ပြောတယ်။ စစ်သားတွေက စစ်ဗိုလ်ချုပ်တွေရဲ့ အမိန့်ကို နာခံတယ်ဆိုတာလည်း သူတို့ကို သစ္စာရှိလို့ ချစ်လို့ မဟုတ်ဘဲ ကြောက်လို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။

“နိုင်ငံတကာ ကယ်ဆယ်ရေးတပ်တွေ ဝင်လာရင် ဘယ်စစ်သားမှ အသေခံ ခုခံတိုက်ခိုက်မှာ မဟုတ်ဘူး။ အဲဒါတော့ ပြောရဲတယ်” လို့ သူက သုံးသပ်ပါတယ်။

လေ့လာသူတချို့ကတော့ မြန်မာ့တပ်မတော်ရဲ့ မျိုးချစ်စိတ်တို့..၊ အမျိုးသားရေးဝါဒတို့က အတိတ်မှာ ကျန်ခဲ့ပြီလို့ ဆိုပါတယ်။ အဲဒါတွေက ၁၉၄၀ ပြည့်နှစ်ဝန်းကျင်နဲ့ ၁၉၅၀ ပြည့်နှစ်ဝန်းကျင် လွတ်လပ်ရေးမရမီနဲ့ လွတ်လပ်ရေးရပြီးခါစ ကာလတွေက စိတ်ဓာတ်တွေ ဝါဒတွေပါလို့ ပြောကြပါတယ်။ အခု အခြေအနေနဲ့တော့ တော်တော်လေး ကွာခြားနေပါပြီ။ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာလည်း အရှေ့တောင်အာရှ နိုင်ငံတွေ ကြားမှာတောင် လုံးဝကျဆင်းနေပြီး ၄၆ နှစ် လောက် ခေတ်နောက်ပြန်ဆွဲနေတဲ့ စည်းကမ်းတွေနဲ့ ဟန်ပဲ ရှိတော့တာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် အဖွဲ့ရဲ့ သုတေသန ပညာရှင်တဦးဖြစ်သူ ဦးဌေးအောင်ကတော့ တကယ်လို့သာ ကယ်ဆယ်ရေးတပ်တွေ မြန်မာနိုင်ငံတွင်း ဝင်ရောက်လာမယ် ဆိုရင် စစ်တပ်ရဲ့ အကြီးအကဲ တွေက သူတို့ရဲ့ တပ်တွေကို ခံချခိုင်းမှာပဲလို့ သုံးသပ်ပါတယ်။

“ဒါပေမယ့် ကြာကြာတော့ တောင့်ခံနိုင်မှာမဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ မြန်မာစစ်သားတွေ အနေနဲ့ သူတို့ ခေါင်းဆောင် တွေကို ကြောက်လို့သာ ပြန်ချရမှာလေ” လို့ သူကဆက်ပြောပါတယ်။

မြန်မာ့တပ်မတော်ရဲ့ စွမ်းရည်ကတော့ နိုင်ငံတကာက တကယ့် အရည်အသွေးမြင့် တပ်သားတွေ၊ အဆင့်မြင့် နည်းပညာ တွေကို ဘယ်လိုမှ မကာကွယ်နိုင်မှာကို သံသယဖြစ်စရာမရှိဘူးလို့ ဦးဌေးအောင်က သုံးသပ်ပါ တယ်။

“၁၉၅၀ ပြည့်နှစ်တွေတုန်းကတော့ မြန်မာ့တပ်မတော်က ရှမ်းပြည်ကိုကျူးကျော်လာတဲ့ တရုတ်ကူမင်တန် တပ်တွေကို တိုက်ထုတ်နိုင်လောက်အောင် အင်အားတောင့်တင်းတာ မှန်ပါတယ်။ ဒါပေမယ့် ခု ကယ်ဆယ်ရေး တပ်တွေနဲ့တော့မတူ ဘူးလေ။ ကယ်ဆယ်ရေးတပ်တွေက ပြည်သူတွေကို ကယ်ဆယ်ဖို့ လာမှာမဟုတ်လား” လို့ သူက သူ့အမြင်ကို ပြောပြပါတယ်။

တရုတ် - မြန်မာ နယ်စပ်က မြန်မာ့တပ်မတော်နဲ့ ပတ်သက်လို့ သုတေသန ပြုနေတဲ့ ဦးအောင်ကျော်ဇောကတော့ မြန်မာ့ တပ်မတော်ဟာ အပြည်ပြည်ဆိုင်ရာက ပေးနေတဲ့ ဖိအားကို တွန်းလှန်မှာမဟုတ်ဘူးလို့ သုံးသပ် ပါတယ်။

သူက “ဒီနေ့တပ်မတော်က လွတ်လပ်ရေးခေတ်တုန်းက တပ်မတော်နဲ့ ဘာမှမဆိုင်ဘူး။ မြန်မာ တပ်မတော် အရာရှိတွေ အားလုံး ဒီနေ့ဒီအချိန်မှာ အကျင့်ပျက် ခြစားနေကြပြီ။ သူတို့ အကျိုးစီးပွားတခုပဲ ကြည့်ကြ တော့တယ်” လို့ ဆက်ပြောတယ်။

တကယ်လို့သာ တပ်မတော်က နိုင်ငံတကာက ဖိအားပေးတာကို ဆန့်ကျင်မယ် ဆိုရင်လည်း သိပ်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ပါဘူးလို့ သူကသုံးသပ်ပါတယ်။

“ခုဟာက သီပေါမင်းပါတော်မူတဲ့ ၁၈၈၅ ခုနှစ်လည်းမဟုတ်ဘူး။ လွတ်လပ်ရေး အတွက်တိုက်ပွဲဝင်နေတဲ့ ၁၉၄၀ ပြည့်နှစ် လည်း မဟုတ်ဘူး” လို့ ဆက်ပြောပါတယ်။

ခုဆိုရင် မြန်မာပြည်သူတွေကလည်း လေဘေးဒုက္ခသည်တွေကို ကယ်တင်ချင်တဲ့ စိတ်တခုပဲ ရှိတော့တယ်။ တချို့ကဆို အမေရိကန်တပ်တွေ ဘယ်တော့ဝင်မှာလဲ။ ဝင်မှာဖြင့်လည်းမြန်မြန်ဝင်ပါတော့ ဆိုတာမျိုး ပြောနေကြပြီ။ ဝေဒနာ ခံစားနေ ရတဲ့ သူတို့လို ပြည်သူတွေရဲ့ ဒုက္ခကို မကြည့်ရက်ကြတော့ဘူး။

ရန်ကုန်မှာနေတဲ့ နောက်ဆုံးနှစ် ကျောင်းသူတဦးကဆို “ကိုလိုနီလက်အောက်ခံ ဖြစ်ရင်လည်း ဖြစ်ပါစေတော့။ စစ်အစိုးရ ထက်တော့ ပိုကောင်းမှာပဲ” လို့ကိုပြောပါတယ်။ စက်တင်ဘာတော်လှန်ရေး ပြီးခါစထက် အမှန်တရားနဲ့ ပိုနီးစပ်တယ်လို့ ပြောနိုင်တဲ့ အချက်ကတော့ မြန်မာ့ရေ ပိုင်နက် အဝမှာ နိုင်ငံတကာ စစ်သင်္ဘောတွေ တကယ်ရောက်နေတယ် ဆိုတဲ့ အချက်ပါပဲ။

မြန်မာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်က ဘယ်လောက်ကြီးမားလဲဆိုရင် ဟုတ်တာမဟုတ်တာ အသာထား ဝက်ဘ်ဆိုက်တွေ ဘလော့တွေကနေ မြန်မာ့မြေပေါ် ကယ်ဆယ်ရေးတပ်တွေ ရောက်လာရင် ဘယ်လိုနေသင့်တယ် ဆိုတာကို အဲဒီစစ်သင်္ဘော တွေမှာ ရေးထားတယ်ဆိုတဲ့အကြောင်း ဖြန့်ဝေပြီးနေပြီ။ အီးမေးလ်တွေကတဆင့် အချင်းချင်း ဖြန့်ဖြူးလို့။ တချို့လည်း စိတ်ဓာတ်တက်ကြွ၊ တချို့လည်း ကြောက်လန့်နေကြတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မှာနေတဲ့ မြန်မာ့အရေး လေ့လာသူ ကိုဝင်းမင်းကတော့ တပ်မတော်အရာရှိ အများစုအနေ နဲ့ တိုင်းပြည်ရဲ့ အပြောင်းအလဲကိုလိုလားတဲ့အတွက် နိုင်ငံတကာရဲ့ ကယ်ဆယ်ရေးတပ် တွေကို ပြန်ခုခံမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာလူထုအတွက် ကယ်တင်ရှင်ကတော့ လိုနေပါတယ်။ အဲဒါလည်း ခုမှမဟုတ်ဘဲ စစ်အစိုးရလက်ထက် တလျှောက်လုံးလို့ ဆိုရမလိုပါ။ အဲဒီကယ်တင်ရှင်က အမေရိကန်လား၊ ပြင်သစ်လား၊ အင်္ဂလန်လား…။ ဘယ်သူပဲဖြစ်ဖြစ် စစ်အစိုးရထက်တော့ သာမှာပဲဆိုတဲ့စိတ်က သာမန်ပြည်သူတွေရဲ့ စိတ်ထဲ ကိန်းအောင်းနေတာတော့ အမှန်ပါပဲ။

နိုင်ငံခြားအထောက်အကူ ပြည်သူတွေထံ မရောက်တဲ့ အတွက် ဗြိတိန် အပြင်းအထန် ဝေဖန် (VOA)

နိုင်ငံတကာ အကူအညီတွေကို လူတွေဆီရောက်အောင် ခွင့်မပြုတဲ့အတွက် မြန်မာ စစ်အစိုးရကို ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒန် ဘရောင်း က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက် ပါတယ်။ လန်ဒန်မြို့ကနေ Tom Rivers သတင်းပေးပို့ ထားတာကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ် က ဆိုင်ကလုန်း မုန်တိုင် ဒဏ် ပြင်းပြင်း ထန်ထန် ခံလိုက်ရတဲ့ အတွက် လူတွေကို ချက်ချင်း ကူညီနိုင်မယ့် နိုင်ငံတကာ ကူညီရေး ထောက်ခံမှု ကို စစ်အစိုးရက ပိတ်ဆို့နေတယ်လို့ ဗြိတိသျှ ရုပ်မြင်သံကြားနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ၀န်ကြီးချုပ် ဘရောင်း က စွပ်စွဲခဲ့ပါတယ်။

“ဒါက လူမဆန်ပါဘူး။ သဘာဝ ဘေးအန္တရာယ်က ဖန်တီးလိုက်တဲ့ အခြေအနေကို ပေါ့ပေါ့ဆဆ တုံ့ပြန်တာကြောင့်၊ မြန်မာပြည်သူလူထု အပေါ် ဂရုမစိုက်တာကြောင့် လူ လုပ်တဲ့ ကပ်ဘေး ဖြစ်သွားမယ့် သည်းမခံနိုင်လောက်တဲ့ အခြေအနေ တစ်ရပ် ဖြစ်နေပါတယ်။ အစိုးရဟာ လုပ်သင့်တာတွေ မလုပ်ခဲ့ဘူး၊ နိုင်ငံတကာက ကူညီချင်တာကို ခွင့်မပြုခဲ့ဘူး။”

အမေရိကန် ပြည်ထောင်စုကော၊ ပြင်သစ်ကကော ဒေသတွင်းမှာ သင်္ဘောတွေ ရှိနေပါပြီ။ ကြီးမားလှတဲ့ အကူအညီကို ပေးနိုင်နေပြီ။ ဒါပေမယ့် မုန်တိုင်းဒဏ်သင့် ဒေသကို ပင်လယ်ထဲကနေ တိုက်ရိုက်ဝင်ပြီး၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကို မြန်မာအစိုးရက ငြင်းဆိုနေပါတယ်။

ကမ္ဘာက အာဏာရ ဗိုလ်ချုပ်ကြီးတွေကို စောင့်ကြည့်နေကြပါတယ်။ သူတို့ လုပ်ရပ်နဲ့ပဲ သူတို့ကို ဆုံးဖြတ်ကြပါလိမ့်မယ်လို့ မစ္စတာ ဘရောင်း က ဘီဘီစီ ကို ပြောပါတယ်။

“ဒီအစိုးရက မြန်မာပြည်သူလူထုဆီကို ရောက်သင့်တဲ့ အကူအညီတွေ မရောက်ရှိရအောင် တားနေတဲ့ အစိုးရ ဖြစ်ပါတယ်။ လူထုအတွက် ရသင့်ရထိုက် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ အစိုးရကို ဖိအားပေးရအောင် နိုင်ငံတကာ လမ်းကြောင်းတိုင်းကို ကျနော်တို့ ဆက်လုပ်ပါမယ်။”

ဒီအပတ်မှာတော့ အမေရိကန် ကယ်ဆယ်ရေး ပစ္စည်းတင် လေယာဉ် ၄ စင်းကို ရန်ကုန်ကို ဆင်းခွင့် ပြုခဲ့ပါတယ်။ လူသားချင်း စာနာထောက်ထားရေး ဌာန ထိပ်တန်း ကုလသမဂ္ဂ အရာရှိ မစ္စတာ ဂျွန်ဟုမ်း (John Homes) ကို မြန်မာအစိုးရက ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးလိုက်ပါတယ်။ တနင်္ဂနွေနေ့မှာ မြန်မာပြည်ကိုသွားမယ့် သူ့ ခရီးစဉ် စပါမယ်။

နိုင်ငံတကာ အကူအညီတွေကို လက်ခံဖို့နဲ့ ကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းတွေ ကို တိုးမြှင့် အားထုတ် လုပ်ဆောင်ဖို့ မြန်မာ စစ်ခေါင်းဆောင်တွေကို ဂျွန်ဟုမ်း က ဖိအားပေးပါလိမ့်မယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ဆိုပါတယ်။

လေမုန်တိုင်းဒဏ်ကြောင့် လူ ၂ သန်းခွဲ ဒုက္ခ ရောက်ခဲ့ရပြီး၊ အဲသလို ခံခဲ့ရသူတွေ ၁၀ ယောက် မှာ ၄ ယောက်က ကလေးတွေ ဖြစ်ကြတယ်လို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့က ပြောကြားပါတယ်။