http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Friday, May 9, 2008

    ကုလသမဂ္ဂ အကူအညီ စစ်အစိုးရ သိမ်း (From Irrawaddy)

    မန်မာ စစ်အစိုးရက လေဘေးဒုက္ခသည်များအတွက် ကုလသမဂ္ဂမှပေးပို့သော အကူအညီများတင်ဆောင် လာသည့် လေယာဉ်များကို စစ်ဆေး၍ ပစ္စည်းများကိုသိမ်းယူကြောင်း ကုလသမဂ္ဂက ပြောသည်။

    ယမန်နေ့က ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP) ၏ ဒုက္ခသည်များအတွက် အလေးချိန် တန် ၃၈ တန် ရှိ အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများတင်ဆောင်လာသော လေယာဉ်၂ စီးကို စစ်ဆေး၍ ပစ္စည်းများကို သိမ်းယူလိုက်ခြင်းဖြစ်သည်ဟု WFP ပြောခွင့်ရ ပေါလ် ရစ္စလေ ကပြောကြောင်း အေပီ သတင်းကရေးသည်။

    တချိန်တည်းမှာပင် လေဘေးဒဏ်ခံရသည့်သူများသည် ရေနှင့် စားနပ်ရိက္ခာ လုံလောက်စွာမရခြင်း၊ နေရာထိုင်ခင်း အခက်အခဲများဖြစ်ခြင်းနှင့် အချိန်ကြာလာသည်နှင့်အမျှ ဆိုးရွားသည့်ကျန်းမာရေး အခြေအနေများကို စတင်ကြုံတွေ့ နေကြကြောင်း သိရသည်။

    ဧရာဝတီတိုင်းအတွင်း ဝမ်းရောဂါများစတင်ဖြစ်ပွားကာ ဆေးဝါးမလုံလောက်သည့်အကြောင်းကို ဝါးခယ်မမြို့နယ်ရှိ ဒေသခံတဦးကပြောသည်။

    “ဝါးခယ်မနဲ့ မြောင်းမြဘက်မှာ ဝမ်းရောဂါစဖြစ်နေပြီ၊ ဆေးဝါးအလုံအလောက်လည်းမရဘူး” ဟု ၀ါးခယ်မ ဒေသခံက ပြောသည်။

    လူသေအလောင်းများ မြုပ်နှံရန်မြေနေရာမရှိကြောင်းနှင့် တိရစ္ဆာန်အသေကောင်များ၏ အနံ့အသက်များမှာ လွန်စွာဆိုးဝါးနေကြောင်းလည်း ၎င်းကဆက်ပြောသည်။

    “အလောင်းတွေကို ဆယ်ပြီးထားဖို့နေရာအခက်ရှိတယ်၊ ကျွမ်းကျင်တဲ့ကယ်ဆယ်ရေးလုပ်သားနဲ့ Body Bag တွေလည်း လိုအပ်တယ်၊ ပိုဆိုးတာက တိရစ္ဆာန်အသေကောင်တွေ ပုပ်ပွနေတာပဲ”ဟုလည်း ပြောသည်။

    ရန်ကုန်တိုင်း ကော့မှူးမြို့ခံတဦးက "ရွာတွေပျောက်တယ်။ တနေ့ကဆိုရင် ကော့မှူးချောင်းထဲကနေ မိခင်ကြီးတယောက် ကလေးပိုက်ရက်သား ပေါ်လာတာတွေ့တယ်။ တချို့နေရာတွေမှာ ကျွဲ၊ နွားတွေ ထက်ပိုင်း ပြတ်တယ်၊ သစ်ပင်တွေလည်း အကုန်လဲတာပေါ့ဗျာ” ဟု ဧရာဝတီကို ပြောသည်။

    ကော့မှူးမြို့ရှိ လေဘေးဒုက္ခသည်များသည် လူတဦးလျှင် ဆန်၂ လုံးသာ ရပြီး ကယ်ဆယ်ရေးစခန်း ဖွင့်ထားသည့် ဓမ္မာရုံများမှာ ကျဉ်းမြောင်းသဖြင့် လေဘေးဒုက္ခသည်အများစုသည် အမိုးလုံသည့် အိမ်များတွင် စုဝေးနေထိုင်ရကြောင်းနှင့် မည်သည့်အထောက်အပံ့မှ မရကြကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    “ကော့မှုးမြို့မှာ ဆိပ်ခံဘောတံတားမရှိတော့ဘူး။ ရန်ကုန်ကူးဖို့ ကူးတို့ခ ကျပ် ၃၀၀၀ ကို ကျန်တဲ့သူတွေနဲ့ မျှပေးရတယ်၊ ခရီးက ၁၀ မိနစ်ပဲရှိတယ်။ အရင်က ခရီးသည်တယောက်ကို ၁၀၀ ပဲပေးရတာ” ဟု ကော့မှူး မြို့ခံက ပြောသည်။

    ယနေ့ထုတ် စစ်အစိုးရသတင်းစာတွင်ကြေညာထားသည့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ ဗိုလ်မှူးကြီး ဦးသန်းဦးက “ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတယ် မေးတာတွေဖြေဖို့အချိန်မရှိဘူး။ သတင်းစာတွေကိုဖတ်ပါ နေ့စဉ်နဲ့အမျှ သတင်းတွေကို ဖော်ပြနေပါတယ်”ဟု ဖြေကာ တယ်လီဖုန်းချသွားသည်။

    ကြံ့ဖွံ့အဖွဲ့ဝင်များက ကယ်ဆယ်ရေးစခန်းများကိုဦးဆောင်နေကြပြီး အကူအညီရရှိသည့် ပစ္စည်းများကို ဝေပေးရာ၌ မျှတမှုမရှိကြောင်း၊ ဘုန်းကြီးကျောင်းတွင် နေထိုင်ခွင့်မပေးရန် သံဃာတော်များကို ပြောဆို ကြောင်း ရန်ကုန်တိုင်း သုံးခွမြို့ရှိ ဒေသခံတဦးက ပြောသည်။

    “ကျနော်တို့မှာ နေရာထိုင်ခင်း မရှိတော့ပါဘူး။ အိမ်ပြိုတဲ့သူတွေက တချို့အသိအိမ်တွေမှာ တောင်းပန်ပြီး နေရတယ်။ ကယ်ဆယ်ရေးစခန်းဖြစ်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျောင်းတွေမှာလည်း နေရာမရှိတော့ဘူး”ဟု ပြောသည်။

    သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ အ၀တ်အထည်နှင့် နေရာထိုင်ခင်းများစွာ လိုအပ်နေကြောင်းလည်း သိရသည်။

    “သုံးခွမြို့နယ် အမှတ် ၁၂ ရပ်ကွက်က ရယက ဥက္ကဌ ခင်ကျော်ဝင်းက စားသောက်ကုန်တွေကို သူ့မိသားစုနဲ့ နီးစပ်ရာဆွေမျိုးတွေကိုပဲပေးလို့ ဒေသခံတွေ မကျေနပ်ကြဘူး” ဟု သုံးခွမြို့ခံက ပြောသည်။

    ယနေ့သတင်းစာတွင် မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၂၂၉၉၇ ဦး၊ ဒဏ်ရာရသူ ၁၄၀၃ ဦး၊ ပျောက်ဆုံးသူ ၄၂၁၁၉ ဦး ရှိကြောင်း ဖော်ပြထားသည်။

    မြန်မာနိုင်ငံရှိ အမေရိကန်သံအမတ် ရှာရီ ဗီလာရိုစာက မုန်တိုင်းကြောင့် သေဆုံးသူ ၁ သိန်း ကျော်နိုင်သည် ဟု ပြောသည်။

    ကုလသမဂ္ဂ အပါအဝင် ကျွမ်းကျင်သူများကမူ သေဆုံးပျောက်ဆုံးသူ ဦးရေ ယခုထက် ပိုမိုနိုင်ကြောင်းနှင့် လူ ၁ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။