http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Monday, May 5, 2008

    မြန်မာအစိုးရက ကုလသမဂ္ဂမှတဆင့်ပေးသော အကူအညီများကို လက်ခံမည် (From myanmarhumanity.blogspot.com)

    သိန်းပေါင်းများစွာသော မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကုလသမဂ္ဂမှ အရေးပေါ်အကူအညီများကို လက်ခံမည်ဟု မြန်မာအစိုးရက တနလာင်္နေ့တွင် ပြောကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူမှ ပြောကြားသည်။

    မြန်မာ့ရုပ်မြင်သံကြားမှ လူ ၄၀၀၀ ထောင်ကျော်သေဆုံးပြီး ထောင်ပေါင်းများစွာ ပျောက်ဆုံးနေသည် ဟု ကြေငြာသည်။

    နိုင်ငံတကာအစိုးရအဖွဲ့များနှင့် အကူအညီပေးရေးအဖွဲ့မှ တာဝန်ရှိသူများ၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

    ဘန်ကောက်မှ WFP ပြောရေးဆိုခွင့်ရှိသူ ပေါလ်ရစ်စလီ

    မြန်မာအစိုးရက ကုလသမဂ္ဂ အဖွဲ့အစည်းတွေကနေတဆင့် အပြည်ပြည်ဆိုင်ရာ အကူအညီတွေကို လိုလိုလားလား လက်ခံမယ်လို့ ဆိုပါတယ်။ အဲဒါဟာ သတိထားပြီး ပြလိုက်တဲ့ မီးစိမ်းပါ။ ကုလသမဂ္ဂက အခုဆိုရင် မြန်မာနိုင်ငံကို အကူအညီတွေ အမြန်ဆုံးပို့ဆောင်ဖို့နဲ့ ပေးဝေဖို့စတင်ပြင်ဆင်နေပါပြီ။

    အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ စကော့စတန်ဇယ်

    မြန်မာနိုင်ငံထဲက သတင်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ စိုးရိမ်နေကြပြီး အသက်ဆုံးရှုံးမှုတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အမေရိကန်သံရုံးဟာ မြန်မာအာဏာပိုင်တွေနဲ့ အမြဲတမ်းဆက်သွယ်နေပါတယ်။ အဲဒီမှာရှိတဲ့ သံအမတ်က သူမရဲ့ လုပ်ပိုင်ခွင့်ထဲက အကူအညီပေးဖို့ ရန်ပုံငွေအချို့ကို ထုတ်ပေးခဲ့ပြီး အဲဒီရန်ပုံငွေတွေဟာ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်နဲ့ တခြားအကူအညီပေးမယ့် အဖွဲ့အစည်းတွေက တဆင့် လှူဒါန်းမှာ ဖြစ်ပါတယ်။ အဲဒီပိုက်ဆံတွေဟာ အစိုးရဆီကနေတဆင့်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘာတွေထပ်လုပ်ပေးနိုင်ဦးမလဲဆိုတာ အခုစီစဉ်နေကြပါတယ်။

    အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ထုတ်ပြန်ကြေငြာချက်

    သမိုင်းကြောင်းအစဉ်အဆက် ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့ မြန်မာနိုင်ငံကဖော်ရွေတဲ့ပြည်သူတွေအတွက် အိန္ဒိယအစိုးရမှ ကယ်ဆယ်ရေးအကူအညီတွေကို အမြန်ဆုံးပေးအပ်နေပါတယ်။ ဘလဲယား ဆိပ်ကမ်းကနေပြီး ကယ်ဆယ်ရေးနဲ့ ဆေးဝါးပစ္စည်းတွေပါတဲ့ သဘောင်္နှစ်စင်းဟာ အစားအစာ၊ ယာယီတဲ၊ စောင်၊ အ၀တ်အထည်စတာတွေကို သယ်ဆောင်ပြီး မြန်မာနိုင်ငံကို အမြန်ဆုံးထွက်ခွာမှာ ဖြစ်ပါတယ်။


    ဥရောပသမဂ္ဂမှ တာဝန်ရှိသူ၏ ဥရောပကော်မရှင် သဘောထားထုတ်ပြန်ချက်

    ကျွန်တော်တို့ ဟာ လူသားချင်းစာနာထောက်ထားအကူအညီပေးမယ့် ၀န်ထမ်းတွေကို ပိုမိုစွာ အသင့်ထားရှိပါတယ်။ ကျွန်တော်တို့ဟာ လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး သတင်းထပ်ရတာနဲ့ လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကို အမြန်ဆုံးပေးပို့သွားမှာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံနဲ့ ဆက်သွယ်ရတာ အလွန်ခဲယဉ်းပေမယ့် မုန်တိုင်းဒဏ်သင့်တဲ့ ဒေသတွေကိုသွားရောက်ခဲ့တဲံ့ ရန်ကုန်မှာရှိတဲ့ ကော်မရှင်ရဲ့ လူသားချင်းစာနာထောက်ထားရေး ကျွမ်းကျင်သူနဲ့ ခဏကြာမျှ တယ်လီဖုန်းအဆက်အသွယ်ရရှိခဲ့ပါတယ်။

    ဗြိတိန်နိုင်ငံခြားရေးအရာရှိ မက်ဂ်မန်း

    ကျွန်တော်တို့ဟာ ဆိုင်ကလုန်းမုန်တိုင်းအပြီး မြန်မာနိုင်ငံရဲ့ အခြေအနေကို အလွန်ပဲ စိုးရိမ်မကင်းဖြစ်နေကြပြီး ဆိုးရွားလှတဲ့ အသက်ဆုံးရှုံးမှုတွေအတွက် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ မုန်တိုင်းဒဏ်ခံရတဲ့သူတွေအတွက် နောက်ထပ်ကြုံရမယ့် ဒုက္ခ တွေကို ရှောင်လွဲနိုင်ဖို့ အကူအညီတွေကို အမြန်ဆုံးစတင်လှုပ်ရှားဖို့ဖြစ်ပါတယ်။ မြန်မာအစိုးရက သူ့ရဲ့ပြည်သူတွေကို အမြန်ဆုံးအကူအညီပေးဖို့ နဲ့ နိုင်ငံတကာအကူအညီတွေကို လက်ခံဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။

    စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ထုတ်ပြန်ကြေငြာချက်

    စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးဋ္ဌာနနဲ့ ရန်ကုန်မှာရှိတဲ့ စင်ကာပူသံရုံးတို့ဟာ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းပြီးအခြေအနေတွေကို အနီးကပ်လေ့လာနေပါတယ်။

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ယို ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးညဏ်ဝင်းဆီကို ကိုယ်ချင်းစာနာကြောင်းစာရေးထားပြီး လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေပေးဖို့ ကမ်းလှမ်းထားပါတယ်။

    အဲလိဇဘက် ဘိုင်ယာ ၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေး အရေးများ စီမံခန့်ခွဲရေးရုံး ပြောရေးဆိုခွင့်ရှိသူ

    “ မြန်မာအစိုးရက နည်းလမ်းတကျ ကမ်းလှမ်းထားတာ ရှိမရှိ အတိအကျ မပြောနိုင်ပါဘူး။” မြန်မာအစိုးရက အကူအညီတောင်းခံခြင်းရှိမရှိနှင့် ပတ်သက် ၍ ပြောကြားခြင်းဖြစ်သည်။ “နည်းလမ်းတကျအကူအညီတောင်းခံထားတာတော့ မရှိပါဘူး။ ဒါပေမယ့် အကူအညီတွေကို လက်ခံကောင်းလက်ခံနိုင်တယ်လို့ သတင်းအချက်အလက်ရရှိပါတယ်။ ကျွန်မတို့ အကောင်းဘက်ကို မျှော်လင့်ထားပါတယ်။ ”

    မက်သယူး ကော့ခ်ျရိန်း ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့် လခြမ်းနီ အဖွဲ့အစည်းများ၏ ပြောရေးဆိုခွင့်ရှိသူ

    လိုအပ်တာတော့ ရေကောင်းရေသန့်ပါပဲ။ ကပ်ဘေးတွေဆိုက်ရောက်ပြီးတိုင်း ရေကောင်းရေသန့် ရရှိနိုင်ဖို့ နေရာတွေ ပိတ်ဆို့နေတတ်တာကြောင့် အမြဲတမ်းလိုအပ်တာက ရေကောင်းရေသန့်ပါပဲ။
    အေဂျင်စီတွင် မြန်မာနိုင်ငံအတွင်းကိုယ်စားလှယ်ရှိကြောင်းသိရပြီး
    “ ကျွန်တော်တို့ ဒီလိုမျိုးအခြေအနေတွေမှာ ၀င်ရောက်ပြီး လုပ်သင့်တာတွေကို လုပ်ဖို့ ဖြစ်နိုင်ခြေရှိပါတယ်။ ” ဟုသူကပြောသည်။

    ကမ္ဘာ့မိုးလေ၀သဋ္ဌာနမှ အမည်မဖော်လိုသောတာဝန်ရှိသူ

    ဘယ် ရာသီအလိုက်တိုက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းမဆို ကြိုတင်ပြင်ဆင်မှုတွေ လုပ်မထားရင် ကပ်ဘေးဆိုက်တာပါပဲ။ လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရင်တော့ ကပ်ဘေးကို အနည်းဆုံးထိလျှော့ချနိုင်ပါတယ်။