http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Tuesday, May 6, 2008

    ရန်ကုန် လေဘေး ဒုက္ခသည် တဦးနှင့် ဆက်သွယ် မေးမြန်းချက် (From Mizzima)

    ရန်ကုန်တိုင်းအတွင်း တနာရီ မိုင် ၁၂ဝ ခန့် တိုက်ခတ်ခဲ့သည့် စနေနေ့က လေမုန်တိုင်းကြောင့် နေအိမ် ပျက်စီးသွားသဖြင့် အင်းစိန်မြို့ရှိ Full Gospel ဘုရားကျောင်းတွင် လေဘေး ဒုက္ခသည်အဖြစ် ခိုလှုံနေသူ ချင်းအမျိုးသမီး မနန်းဘွန်ကို မဇ္ဈိမ သတင်းထောက် နန်းဒေဝီက ဆက်သွယ် မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

    မေး။ မိသားစုဝင်ဦးရေ ဘယ်နှစ်ယောက်ရှိလဲရှင့်။

    ဖြေ။ မိသားစုက ကလေး ၃ ယောက်၊ ယောက်ျားရယ် ကျမရယ်နဲ့ဆိုရင် ၅ ယောက်။

    မေး။ အိမ်က ဘယ်လို ဖြစ်သွားတာလဲ။

    ဖြေ။ အိမ်အပေါ်မှာ သစ်ပင်ကျတယ်။ အိမ်က ပြင်လို့ မရတော့ဘူး။ အိမ်တိုင်တွေလည်း လဲသွားပြီ။ အငယ်ဆုံး ကလေးက ၁ဝ လ၊ အမျိုးသားက လေဖြတ်နေတာလေ။ ဘာမှ လုပ်လို့ မရတော့ဘူး။ အရမ်း ခက်ခဲတယ်။ မနက်ဖြန်အတွက် စားဖို့လည်း မရှိဘူး။

    မေး။ အခု ဘုရားကျောင်းမှာ လူဘယ်နှစ်ယောက်လောက် ရှိလဲ။

    ဖြေ။ လူဦးရေ ၈ဝ လောက် ရှိတယ်။

    မေး။ သူတို့ရဲ့ အိမ်တွေကရော ဘယ်လို ဖြစ်သွားလဲရှင့်။

    ဖြေ။ မုန်တိုင်းတိုက်လို့ အိမ်တိုင်တွေ လဲသွားတယ်တဲ့။ သစ်ပင်တွေ အိမ်ပေါ်ကျပြီးတော့ အိမ်ပြိုသွားတာပါ။ အခု နေစရာ မရှိဘူး။

    မေး။ အဲဒါဆိုရင် အိမ်က မိသားစုတွေ ထိခိုက်တာ ရှိသေးလား။

    ဖြေ။ မထိဘူးတဲ့၊ ဘုရား ကာကွယ်တယ်။

    မေး။ ဘုရားကျောင်းကနေ စားဖို့သောက်ဖို့၊ နေဖို့ ဘယ်လိုစီစဉ်ပေးလဲရှင့်။

    ဖြေ။ ဘယ်သူမှ မစီစဉ်ပေးဘူး။ ကိုယ့်ဟာနဲ့ကိုယ် ရှာစားရတယ်။ ဘယ်သူမှ မကျွေးဘူး။

    မေး။ ဒါဆိုရင် အမက အိမ်ကို ဘယ်လိုမျိုး ပြန်ဆောက်မလဲ။

    ဖြေ။ ဒါကတော့ ဆရာတွေက ဘာမှ ပြောလို့ မရသေးဘူးတဲ့။ တမံ သလင်းပေါ်မှာပဲ အိပ်ပါတဲ့။

    မေး။ အားလုံးက တမံ သလင်းပေါ်မှာပဲ အိပ်ကြရတာလား။

    ဖြေ။ တချို့က အိမ်ရှိတယ်၊ တချို့က မရှိဘူး။ တချို့က ပြင်နိုင်တယ်၊ ဆောက်နိုင်တယ်။ ကျနော်တို့က မဆောက်နိုင်ပါဘူး။ ကလေးက သေးသေးလေး ၃ ယောက်၊ ဘာမှ မလုပ်နိုင်ဘူး။ ဘာမှ အားကိုးလို့ မရသေးဘူး။

    မေး။ အသက် ဘယ်နှစ်နှစ် ရှိပြီလဲရှင့်။

    ဖြေ။ ကျမအသက် ၃၅ နှစ်ရှိပါပြီ။

    မေး။ အဲဒါဆိုရင် တခြား အဖွဲ့အစည်းတွေရော၊ ရပ်ကွက်ထဲက အာဏာပိုင် အဖွဲ့တွေကရော ကူညီပေးတာ မရှိဘူးလားရှင့်။

    ဖြေ။ မရှိဘူးရှင့်။

    မေး။ ရပ်ကွက်ထဲက လူကြီးတွေ လာမကြည့်ဘူးလား။

    ဖြေ။ မကြည့်ပါဘူး။ အလကား လာလုပ်ပေးတာ ဘာမှ မရှိပါဘူး။

    မေး။ ဒါဆိုရင် မိသားစု စားဝတ်နေရေးအတွက် ဘယ်လို စဉ်းစားထားလဲ။ အိမ်ကိုရော ဘာဆက်လုပ်မလဲရှင့်။

    ဖြေ။ ဒီလိုပဲ စားနေတယ်၊ နေတယ်လေ။ အမဆီက ဆန်တဗူး နှစ်ဗူး ယူတယ်။ ဆန်ပြုတ် သောက်တယ်။ မရရင်တော့ ဒီလိုပဲ နေတယ်။

    မေး။ ဘုရားကျောင်းမှာရှိတဲ့ တခြားလူတွေရော ဘယ်လိုစားနေလဲရှင့်။

    ဖြေ။ အလုပ်ရတဲ့ လူတွေလည်း ရှိတယ်။ အဝေးကြီးမှာ နေတဲ့သူတွေလည်း ရှိတယ်။

    မေး။ အမတို့အိမ် ပြန်ဆောက်လို့ရှိရင် ဘယ်လောက် ကုန်ကျမလဲ။

    ဖြေ။ အိမ်ပြန်ဆောက်မယ်ဆိုရင် ဓနိတဲတခုမှာ ၇ သောင်းလောက် ကုန်မယ်။

    မေး။ အမအိမ်က ဘယ်နေ့တုန်းက ပျက်စီးသွားတာလဲ။ အိမ်ပေါ်မှာ သစ်ပင်လဲတာ ဘယ်အချိန်လဲရှင့်။

    ဖြေ။ သောကြာနေ့ ည ၁ဝ နာရီလောက်ကနေ စတယ်။ လေမုန်တိုင်းတိုက်တဲ့အခါ နေစရာမရှိဘူး။ အိမ်ထဲမှာ ထိုင်နေကြတယ်။ ဘုရားကျောင်းလည်း သစ်သားတွေ အားလုံး ကွာကုန်ပြီ။ ခေါင်မိုးတွေအားလုံး ကွာကုန်တယ်။ ဘုရားကျောင်းကို နဲနဲ အဖီချပြီး မိုးကာနဲ့ အိပ်တယ်။

    မေး။ ဒါဆိုရင် ဒီကြားထဲမှာ အပြင်ကနေ လာကူညီတာ ရှိလား။

    ဖြေ။ မရှိပါဘူး။

    မေး။ အမ နာမည်က ဘယ်လိုခေါ်လဲ။

    ဖြေ။ ဒေါ်နန်းဘွန်ပါ။

    မေး။ ရန်ကုန်ကို ဘယ်ကနေ လာတာလဲ၊ ဘယ်လောက် ကြာပြီလဲ။

    ဖြေ။ ကလေးမြို့ကနေ လာတာပါ။ တနှစ်လောက်ရှိပြီ။ တီးတိန်ချင်းပါ။