http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Monday, May 5, 2008

    ပဲခူးတွင်လည်း လေဘေးဒဏ်ခံရ၊ အိုးမဲ့အိမ်မဲ့ အများအပြားရှိ (From Irrawaddy)

    မေလ၂ ရက်နေ့က မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်း ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းတို့ကို ဖြတ်သန်း တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းသည် ပဲခူးတိုင်းရှိ ပဲခူးမြို့အပါအ၀င် မြို့နယ်အတော်များများကိုလည်း ဖြတ်သန်းတိုက်ခတ်ခဲ့သဖြင့် ကျေးရွာများလေဘေးသင့်ခဲ့ကြောင်း ဒေသခံများက ဧရာဝတီကို ပြောဆိုကြသည်။
    မေ ၂ ရက်နေ့တညလုံး ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းတို့ကို ဖြတ်သန်း တိုက်ခတ်သည့်မုန်တိုင်းသည် ပဲခူးမြို့နှင့် အနီးနားပတ်ဝန်းကျင် ဒေသများကို နောက်တနေ့နံနက်တွင် ဖြတ်သန်းတိုက်ခိုက်သည်ဟု ပဲခူးမြို့ရှိ ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။

    ပဲခူးတိုင်းရှိ ဒေသခံလူထုများ လိုက်လံကောက်ခံထားသည့် စာရင်းများအရ ပဲခူးမြို့ ဆင်ခြေဖုံး ရပ်ကွက်များတွင် အိမ်ခြေ ၈၀ ကျော်ပျက်စီးကာ လူဦးရေ ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်။ ကျိုက်ဒေးရုံကျေးရွာတွင် အိမ်ခြေ ၁၀၀ ခန့်ပျက်စီးကာ လူဦးရေ ၅၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်သွားသည်။ ရေတံခါးရွာတွင်လည်း အိမ်ခြေ ၁၀၀ ပျက်စီးကာ လူဦးရေ ၂၅၀ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်းနှင့် သနပ်ပင်မြို့နယ်တွင် အိမ်ခြေ ၃၀၀ ပျက်စီး၍ လူဦးရေ ၄၀၀ အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်။

    သာဂရကျေးရွာရှိ မအေးအေးခိုင်၊ အသက် ၁၈နှစ်သည် သစ်ပင်ပိကာ သေဆုံးသွားပြီး ၎င်းရွာရှိ မသန်းဌေး သည်လည်း သစ်ပင်ပိသဖြင့် ဒဏ်ရာအပြင်းအထန်ကာရရှိကာ ပဲခူးဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။

    “ပဲခူးမြို့ထဲမှာ သစ်ပင် ၃၀၀ လောက်နဲ့ ဓာတ်တိုင် ၅၀ လောက်လဲတယ်။ လူ ၂ ယောက်ဖက်လို့ရတဲ့ ညောင်ပင်တွေတောင် အမြစ်ကနေလဲတယ် … လေကြီးလို့တံခါးတွေဖွင့်ရင် လေကအတွင်းကို အတင်းပြန်တွန်းတယ်။ မြို့တွင်းကအားကစားရုံ နံရံပြိုတယ် … လေဘေးဒုက္ခသည်တွေကိုတော့ အထက (၁) ကျောင်း၊ ဒက္ခိတကျောင်းတိုက်၊ လောမာရုံကျောင်း တွေမှာထားတယ်။ အရပ်သားတွေက ထမင်းထုပ် ပို့နေရတယ်” ဟု ပဲခူးမြို့ခံတဦးက ပြောသည်။

    ရန်ကုန်-မန္တလေး ရထားလမ်းပေါ်ရှိ ပဲခူးမြို့နှင့် ၁၀ မိုင်ခန့်ဝေးသည့် ကျောက်တန်းရွာတွင် ထိခိုက်ပျက်စီးမှုများပြီး ကျောက်တန်းဘူတာလည်း ပျက်စီးသွားကြောင်း၊ ပဲခူးမြစ်ရေသည် ၈ ပေခန့် မြင့်တက်ခဲ့သော်လည်း ၎င်းဒေသကို ရေလွှမ်းမိုးမှုမရှိကြောင်း သိရသည်။

    “ပဲခူးမှာ မီးမလာဘူး၊ မီးလာမှ ရေလာမှာဆိုတော့ ရေမရဘူး။ ရေမရတာ ပိုဆိုးတာပေါ့ … အစတုန်းက ရေတစည်ကို ကျပ် ၃၀၀ နဲ့ရောင်းတာ အခု ၅၀၀ ကျပ် ဖြစ်သွားတယ်” ဟု ပဲခူးမြို့ခံက ပြောသည်။

    ဆန်၊ ဆီ၊ ဆား အစရှိသည့် အခြေခံစားသောက်ကုန်များနှင့် ဒီဇယ်၊ ဓာတ်ဆီအစရှိသော လောင်စာဆီဈေးများ ထိုးတက်သွားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    အာဏာပိုင်အဖွဲ့အစည်းများက လမ်းမကြီးများပေါ်တွင်ပိတ်ဆို့နေသည့် သစ်ပင်ကြီးများနှင့် အမှိုက်များကို စတင်ရှင်းလင်းနေကြောင်း သိရသည်။

    ထပ်မံရရှိသည့် သတင်းအချက်အလက်များကို ဧရာဝတီသတင်းဌာနက ဆက်လက်ဖော်ပြသွားပါမည်။