http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Monday, May 5, 2008

    ဒေးဒရဲလမ်းဘေးတွင် လူသေအလောင်းများ တွေ့ (From Mizzima)

    ။ နာဂစ်မုန်တိုင်းကြောင့် ဒေးဒရဲမြို့တွင်း လူအသေအပျောက် မြောက်များစွာ ရှိနေပြီး လူသေ အလောင်းများကို လမ်းဘေးတွင်ပင် မြင်တွေ့ခဲ့ရသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။ ယမန်နေ့က ရန်ကုန်သို့ ရောက်ရှိလာသူတဦးက ပြောကြားရာတွင် ရန်ကုန်မှ မိုင် ၄၀ ခန့်ဝေးသော ဧရာဝတီတိုင်းအတွင်းရှိ ဒေးဒရဲမြို့ကို ဖြတ်သန်းသွားသော အဝေးပြေး လမ်းမဘေးးတွင် လူသေအလောင်းများ၊ တိရိစ္ဆာန် အလောင်းများ တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။ လူအသေအပျောက်နှင့် ပတ်သက်၍ အရေအတွက်ကို အတိအကျ မပြောနိုင်သော်လည်း ရာဂဏန်းအထိ ရှိနိုင်သည်ဟု ပြောသည်။အစိုးရက ထုတ်ပြန်သော စာရင်းဇယားများတွင် ဒေးဒရဲမြို့၏ ပျက်စီးအဆုံးအရှုံး အသေအပျောက်နှင့် ပတ်သက်၍ ထည့်သွင်း ကြေညာခြင်း မရှိပေ။ဧရာဝတီတိုင်းတွင်း တယ်လီဖုံး ပြတ်တောက်မှုဖြစ်ရာ ဒေသတွင်းမှ ဖြတ်သန်းလာသူများ၏ ပြန်ပြောစကားကိုသာ စီစစ်နေရသည်။ ရန်ကုန်တဘက်ကမ်း ဒလမြို့တွင်လည်း မြို့လုံးကျွတ်နီးပါး အိုးအိမ်များ ပျက်စီးဆုံးရှုံးမှု ရှိသည်။ ထို့အပြင် သောက်ရေ ပြတ်တောက်မှုကို ဆိုးဆိုးဝါးဝါး ခံနေရသည်။ တခုတည်းသော ဆက်သွယ်ရေး ဖြစ်သည့် ရန်ကုန်နှင့် ဒလမြို့သို့ ကူးခတ်နေသည့် သမ္ဗာန်များ၏ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့သည်။ အစိုးရ၏ ထုတ်ပြန် ကြေညာချက်များတွင် အနည်းဆုံး လူပေါင်း ၃၅၁ ယောက် သေဆုံးရာတွင် ဟိုင်းကြီးကျွန်းသည် ၁၀၉ ယောက် သေဆုံးပြီး အဆိုးဝါးဆုံး ဖြစ်သည်ဟု ဆိုသည်။ အနည်ဆုံး အိမ်ခြေ ၂၀၀၀၀ ပျက်စီးပြီး လူ ၉၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်ဟု ပါရှိသည်။ ရန်ကုန်ပင်လယ်ဝတွင် ရပ်နားထားသော စစ်သင်္ဘောတစီး မြုပ်သွားခဲ့ပြီး ကြည့်မြင်တိုင် ဆိပ်ကမ်းတွင် ငါးတင် သင်္ဘောတစီး နှစ်မြုပ်သွားသည်။ရန်ကုန်တွင်တော့ ရေပြတ်တောက်မှုကို ကြုံတွေ့နေရသဖြင့် အင်းယားကန်၊ ကန်တော်ကြီးများတွင် ဆယ်ဘီးကားများ၊ ထရပ်ကားများဖြင့် လာရောက် ရေသယ်၊ ရေချိုး ပြုလုပ်နေကြသည်။အနော်ရထာ လမ်းမကြီးတွင် စည်ပင်သာယာမှ ရေကားများက ရေဝေမှု ပြုလုပ်နေရာ ရေပုံး၊ ရေခွက် အရွယ်စုံဖြင့် ရေလာယူသူ လူတန်းရှည်ကြီးများ ဖြစ်ပေါ်လျှက် ရှိသည်။တောင်ဥက္ကလာပ မြို့နယ်နှင့် ရန်ကင်းမြို့များတွင် ဂျိုးဖြူပိုက်ကို ဖောက်၍ သောက်သုံးရေ ရရှိရန် ကြိုးစားမှုများ ရှိခဲ့သည်။ မီးသတ် ပိုက်ခေါင်းများကို ဖွင့်၍ ရေဝေသုံးစွဲမှုများ သာကေတမြို့နယ်တွင် တွေ့ရသည်။ လုယက်မှုများ ဖြစ်နိုင်သည် ဆိုသော စိုးရိမ်ချက်များကား ဒေသခံများတွင် ဖြစ်ပေါ်လျှက် ရှိသည်။အစိုးရ စက်သုံးဆီအရောင်းဆိုင်များ ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ရာ လောင်စာဆီ ပြတ်တောက်မှု အနည်းငယ် လျော့ပါးသွားသည်။ သို့သော် နှစ်မိုင်ခန့်ပင် ရှည်လျားသော ဆီထည့်ရန် စောင့်နေသည့် ယာဉ်တန်းကြီးများကို ဆီဆိုင်တိုင်းလိုလိုတွင် တွေ့မြင်ရသည်။ မှောင်ခို ဈေးကွက်တွင်တော့ ဈေးတက်ဆဲ ဖြစ်ရာ ဓာတ်ဆီတဂါလံ ၁၂၀၀၀ ကျပ်နှင့် ဒီဇယ်ဆီတဂါလံ ၁၅၀၀၀ ကျပ် ဖြစ်သည်။စက်သုံးဆီအရောင်းဆိုင်များက ည ၁၀ နာရီအထိ ရောင်းချပေးသွားမည် ဖြစ်သည်ဟု ကြေညာထားသည်။ကမ္ဘာအေး ဘုရားလမ်း ကဲ့သို့သော လမ်းမကြီးအချို့ ပြန်ပွင့်လာသော်လည်း ယာဉ်လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေသည်။ မြို့ထဲတွင်တော့ မီးစက်သံများတညံညံ ပေါ်ထွက်နေသည်။အိမ်မိုးသွပ်ဈေးများ ၅၀၀ ရာခိုင်နှုန်း မြင့်တက်သွားပြီး တပေလျှင် ကျပ် ၃၀၀၀ သို့ ရောက်ရှိသွားသည်။ မုန်တိုင်း မတိုက်မီက တပေလျှင် ကျပ် ၆၀၀ သာ ရှိသည်။ သွပ်ရိုက် သံကတော့ တပိသာလျှင် ၃ သောင်းကျပ် ဖြစ်သည်။ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ဒီရေ ၀င်ရောက်ပြီး ရေလျှံနေသည်။ အိမ်တွေယိုင်၊ သစ်ပင်ပြိုလဲမှု အဖြစ်များသည်။ ရန်ကုန်လေဆိပ် ပြန်လည် ဖွင့်လှစ်ပြီးနောက် ခရီးသည်များ တင်ဆောင်ထားသော ပြည်ပ လေယာဉ်များ ပြန်လည် ပြေးဆွဲနေပြီ ဖြစ်သည်။