http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Sunday, May 4, 2008

    လောင်စာဆီဈေးများ စံချိန်တင် မိုးပေါ်ထောင်တက်ပြီ (From Mizzima)

    မုန်တိုင်းမိပြီးနောက် လောင်စာဆီဈေးများ ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်သွားခဲ့ရာ ဓာတ်ဆီ တဂါလံလျှင် ၇၀၀၀ ကျပ်နှုန်းဖြင့် စံချိန်တင်သွားသည်။

    စွမ်းအင်ဝန်ကြီးဌာန အောက်ရှိ စက်သုံးဆီ အရောင်းဆိုင်များ အားလုံးကို ပိတ်ထားပြီး အနည်းဆုံး နောက်ထပ် ၂ ရက် အရောင်း ရပ်ထားဦးမည့် အခြေအနေဖြစ်ရာ မှောင်ခိုဈေးကွက်တွင် ယခင်က ဓာတ်ဆီတဂါလံလျှင် ၆၀၀၀ ကျပ်မှ ယခု ၇၀၀၀ ကျပ်၊ ဒီဇယ်တဂါလံလျှင် ၆၅၀၀ ကျပ်မှ ယခု ၇၈၀၀ ကျပ်သို့ တဟုန်ထိုး တက်သွားခြင်း ဖြစ်သည်။

    သဘာဝ ဓာတ်ငွေ့ရည် အရောင်းဆိုင်များလည်း ပိတ်ထားဆဲ ဖြစ်သည်။

    ပြည်တွင်း အထွက်နှုန်း နည်းနည်းပါးမှုနှင့် နိုင်ငံခြား ငွေရှားပါးမှုတို့က မြန်မာနိင်ငံတွင် ၁၉၈၀ ကတည်းက စက်သုံးစီကို ခွဲတမ်းနှင့် ရောင်းချပေးနေခဲ့ရသည်။ ကားတစီးလျှင် တလလျှင် ဂါလံ ၆၀ အထိသာ ၀ယ်ယူခွင့် ရှိသည်။

    လွန်ခဲ့သည့်နှစ် သြဂုတ်လက အာဏာပိုင်များက ကြိုတင် ကြေညာခြင်း မရှိဘဲ လောင်စာဆီ ဈေးများ မြှင့်တင်လိုက်ရာ လူအများ ဒေါသထွက်ပြီး ရွှေဝါရောင် တော်လှန်ရေးဟု သမိုင်းတွင် လူထုလှုပ်ရှားမှု ဖြစ်ပေါ်အောင် မီးထိုးပေးခဲ့သည်။

    စနေနေ့က တနာရီလျှင် ၁၉၂ မိုင်နှုန်းဖြင့် တိုက်ခိုက်သော နာဂစ်မုန်တိုင်းသည် ရန်ကုန်မြို့ကို တိုက်ခတ်ရာ ပျက်စီးဆုံးရှုံးမှုများ ကြီးမားခဲ့သည်။ အစိုးရပိုင် ရုပ်မြင်သံကြားက ထုတ်လွင့်ပြသ သွားရာတွင် ရန်ကုန်မြစ်ထဲမှ သင်္ဘောများ၏ ပျက်စီးမှု၊ သစ်ပင်များနှင့် ဓာတ်တိုင်များ လဲပြိုမှုများ ပါရှိသည်။

    ဧရာဝတီတိုင်းအတွင်း လူ ၂၂၃ ယောက် သေဆုံးရာ ဟိုင်းကြီးကျွန်း တခုတည်းတွင် ၅၃ ယောက် သေဆုံးသည်ဟု မြန်မာ့ရုပ်မြင်က ကြေညာသွားသည်။ ရန်ကုန်တွင် လူ ၄ ဦး သေဆုံးသည်ဟု ဆိုသည်။

    အစိုးရပိုင် ရန်ကုန် ဆေးရုံကြီးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ပြောခွင့်မရှိဟု ဆိုကာ" ဖြေဆိုရန် ငြင်းဆန်လိုက်သည်။ မျက်မြင်သက်သေများ အဆိုအရ ဆေးရုံကြီး၏ အမိုးအကာများ ပျက်စီးမှုများ ရှိနေခဲ့သည်။ ဆေးရုံထဲမှ လူနာအချို့ ဒဏ်ရာ ရခဲ့သည်ဟု သိရသည်။

    ပြတ်တောက်မည်ကို စိုးရိမ်၍ ဈေးကို အပြေးအလွှား သွားရောက် ၀ယ်ယူနေရာ စားသောက်ကုန်များ တက်သွားသလို ချက်ပြုတ်သည့် သဘာဝ ဓာတ်ငွေ့လောင်စာနှင့် မီးသွေးတို့ ဈေးတက်သွားသည်။

    ၂၅ လီတာပါ ဂတ်စ်အိုးတအိုးလျှင် ၂၅ ရာခိုင်နှုန်းတက်သွားပြီး ၂၀၀၀၀ ကျပ်မှ၂၅၀၀၀ ကျပ် ဖြစ်နေသည်။

    ၁၀ ပိဿာပါ မီးသွေးတအိတ်လျှင် ၂၅ ရာခိုင်နှုန်း တက်သွားပြိး ၇၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် ဖြစ်နေသည်။

    ဘတ်စ်ကားလမ်းကြောင်းများ ပိတ်ဆို့နေသလို လောင်စာဆီ အခက်အခဲကြောင့် ဘတ်စ်ကားခ ပုံမှန် ၂၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ တောင်းနေသည်။ ကုန်တင် ထရပ်ကားအချို့က ခရီးသည်တဦးလျှင် ၁၀၀၀ ကျပ် ကောက်ခံ၍ လိုင်းကား ပြေးဆွဲလျှက် ရှိသည်။

    "တက္ကစီကတော့ မပြောနဲ့၊ ဈေးတောင်းတာက ကြောက်စရာ ကောင်းတယ်၊ ဒို့တော့ လမ်းပဲ လျှောက်တော့တယ်" ဟု အမျိုးသမီးတဦးက ပြောသည်။ ကံကောင်း ထောက်မစွာဖြင့် သူမ၏ တယ်လီဖုံးမှာ မပြတ်မတောက်ဘဲ ရှိနေသည်။

    အစိုးရရုံးများ၊ ဈေးရုံကြီးများ ပျက်စီးမှုများ ရှိနေရာ မျက်မြင်တဦး အဆိုအရ ဗဟန်းမြို့နယ် ပြည်ထဲရေး ၀န်ကြီးဌာနရုံးကတော့ အပျက်အစီးများသလို ယုဇနပလာဇာလည်း ခေါင်မိုးပွင့်သွားသည်ဟု ဆိုသည်။

    မုန်တိုင်းက အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကော စစ်အစိုးရ၏ ထောက်လှမ်းရေးများကိုပါ အလွတ်မပေးပေ။

    ဗဟန်းမြို့နယ်ရှိ ဒီချုပ်၏ ရုံးချုပ်ရှိ ဆိုင်းဘုတ်လည်း ပျက်စီးသွားခဲ့သလို စစ်ထောက်လှမ်းရေးများ၊ ရဲထောက်လှမ်းရေးများက ဒီမိုကရေစီ လိုလားသူ အတိုက်အခံများကို စောင့်ကြည့်ရာဖြစ်သော ပါတီရုံးချုပ်ရှေ့ လဘက်ရည်ဆိုင်လည်း လုံးဝ ပျက်စီးသွားတော့သည်။

    နောက်ဆုံးရရှိသော သတင်းအရ ရန်ကုန် မင်္ဂလာဒုံ လေဆိပ်သို့ ဆင်းရန် မန္တလေးမှ အဲပုဂံ လေယာဉ်တစီး ပျံတက်သွားသည်။ လေဆိပ် ပြန်ဖွင့်နိုင်ဖွယ် ရှိသည်။ ပြည်ပမှ ရန်ကုန်သို့လာမည့် လေယာဉ်ခရီးစဉ်များ မနက်ဖြန်မနက်သို့ ပြောင်းရွှေ့လိုက်သည်။