http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Monday, May 5, 2008

    မုန်တိုင်းဘေး ဒုက္ခသည်များအတွက် ပြည်ပရောက်မြန်မာများ စိုးရိမ် (From Mizzima)

    မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေသူများသည် အစားအသောက်နှင့် ရေပြဿနာ အကြီးအကျယ် ကြုံနေရပြီး ကယ်ဆယ်ရေး လုပ်ငန်းများနှင့် အကူအညီ ပေးရေးလုပ်ငန်းများ ယခုတိုင် မစတင်နိုင်သေးသဖြင့် ပြည်ပရောက် မြန်မာအသိုင်းအ၀ိုင်းက စိုးရိမ်နေကြသည်။

    ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်တွင်းးမှ မုန်တိုင်းဒဏ် ခံရသော ဒုက္ခသည်များကို အရေးပေါ် အကူအညီ ပေးနိုင်ရေးအတွက် နိုင်ငံတကာ အကူအညီများ တောင်းခံထားသည်။

    နယ်စပ်အခြေစိုက် အတိုက်အခံ အဖွဲ့က စစ်အစိုးရအနေဖြင့် အကူအညီများကို ကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေး အမြတ်မထုတ်ဘဲ မှန်မှန်ကန်ကန် ကိုင်တွယ်ရန် နယ်စပ် အခြေစိုက်အဖွဲ့က တိုက်တွန်းထားသည်။

    ရန်ကုန်မြို့တွင် ကုန်ဈေးနှုန်း (၅) ဆမှ (၁၀) ဆအထိ ထိုးတက်သွားပြီး အစားအသောက် ရှားပါးမှုကြောင့် သာကေတ၊ ဒလ၊ ညောင်ပင်လေးဈေးဘက်တွင် လုယက်မှုများ ဖြစ်ပေါ်နေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ဦးမြင့်စိုးက ပြောသည်။

    ဦးမြင့်စိုးက "ရန်ကုန်မှာ အစားအသောက်ဈေးတွေ တက်ကုန်ပြီး၊ ကားတွေမထွက်နိုင်ဘူး၊ ဒီနေ့ မနက်မှ ပြန်ထွက်တယ်၊ ဓာတ်ဆီဈေးက (၅) ထောင်ကနေ တသောင်းခွဲကို ခုန်တက်သွားတယ်၊ ကားက ဟိုနားဒီနား ၃၀၀။ ၅ မှတ်တိုင်လောက်ဆို ၅၀၀။ အဲဒီထက်များရင် တထောင်၊ စီအန်ဂျီတွေ မပေးနိုင်ဘူး၊ ဘဲဥ တလုံးဆို ၃၀၀၊ ဆန်က ရောင်းမယ့်လူ မရှိဘူး၊ အငတ်ဘေးလည်း ဖြစ်လာတော့၊ တမြို့လုံး အတိုင်းအတာနှင့် အတော်ကြီးတယ်၊ အခုချိန်ထိ ဒဂုံမြို့သစ်။ ဒဂုံ တက္ကသိုလ်တို့မှာ ရေမြုပ်နေတုန်းပဲ" ဟုပြောသည်။

    သောက်ရေရှားပါးမှုကြောင့် ဂျိုးဖြူရေနှင့် မီးသတ်ပိုက်များကို ဖောက်ယူနေကြသည်ဟု သူက ဖြည့်စွက် ပြောကြားသည်။

    ကိုးရီးယားရောက် မြန်မာ အသိုင်းအ၀ိုင်းကလည်း လေဘေး ဒုက္ခသည်များကို အကူအညီပေးရေးအတွက် အလှူငွေများ စုဆောင်းရန် ယနေ့မှ စ၍ စီစဉ်လျက် ရှိသည်။

    ကိုးရီးယားတွင် ဖွဲ့ထားသော မြန်မာနိုင်ငံ အမျိုးသားရေး မြင့်တင်ရေးအဖွဲ့မှ ဘဏ္ဍာရေးအဖွဲ့ဝင် ဇေ မင်းအောင်က "ပြည်တွင်းမှာရှိတဲ့ မုန်တိုင်း ဒဏ်ခံရသူများကို ကူညီနိုင်ဖို့ ပထမအဆင့် အနေနဲ့ ရန်ပုံငွေရဖို့။ ကောက်ခံတဲ့အခါမှာ ကိုရီးယားမှာ ရှိတဲ့ အဖွဲ့အစည်းတွေက ကောက်ခံဖို့ စီစဉ်ထားပါတယ်၊ ရန်ပုံငွေ ရရှိပြီးတဲ့ နောက်မှာတော့ ဒုကရောက်နေတဲ့ ဒေသတွေဆီ ရောက်အောင် ပို့သွားမှာပါ" ဟု ပြောသည်။

    အဖွဲ့တွင် ကိုးရီးယားနိုင်ငံရောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) အပါအ၀င် ကိုးရီးယားရောက် မြန်မာအဖွဲ့အစည်း (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ ကိုးရီးယားတွင် မြန်မာအလုပ်သမား။ ကျောင်းသား စုစုပေါင်း အယောက် (၂၀၀၀) ၀န်းကျင်ရှိမည်ဟု မြန်မာအသိုင်းအ၀ိုင်းက ခန့်မှန်းသည်။

    စင်ကာပူတွင်လည်း လေဘေး ဒုက္ခသည်များကို အကူအညီပေးရေးအတွက် စင်္ကာပူတွင် ဖွဲ့ထားသော ပြည်ပရောက် မျိုးချစ်မြန်မာများ အဖွဲ့မှ အကူငွေများ စုဆောင်းနေလျက် ရှိသည်။

    စင်ကာပူနိုင်ငံရှိ ပြည်ပရောက် မျိုးချစ်မြန်မာ အဖွဲ့သားများမှ အလှုငွေများ စတင် ကောက်ခံမည်ဖြစ်ရာ တယ်လီဖုန်း မက်ဆေ့ခ်ျများ စင်္ကာပူကျွန်းတခုလုံးမှာ ဖြန့်နေကြောင်း စင်ကာပူ အသိုင်းအ၀ိုင်းက ပြောသည်။

    အလှူငွေများကို ပင်နီဇူလား ပလာဇာ (Peninzula Plza) ရှိ လင်းလက် ရောင်းဝယ်ရေး (၂- လွှာ)၊ စင်မြန်မာ လေယာဉ် လက်မှတ် အရောင်းဆိုင် (၃- လွှာ)၊ သပြေနု ရောင်းဝယ်ရေး (၄-လွှာ) နှင့် လမ်းပြကြယ် စာကြည့်တိုက် (၅-လွှာ) တို့တွင် လက်ခံလျက် ရှိသည်။

    ကောက်ခံရရှိငွေများ အားလုံးကို ရုပ်ရှင်မင်းသား ကျော်သူနှင့် စာရေးဆရာမ သန်းမြင့်အောင်တို့ ဦးစီးသော နာရေးကူညီမှု အသင်းကြီးကို လွှဲပေးမည် ဖြစ်ကြောင်းသိရသည်။

    စင်္ကာပူရှိ ပြည်ပရောက် မျိုးချစ်မြန်မာ အဖွဲ့သားများ အဖွဲ့တွင် စင်္ကာပူရောက် မြန်မာကျောင်းသား လူငယ်များနှင့် မြန်မာ့အရေး တက်ကြွသူများနှင့် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။

    အလားတူ ယူကေနိုင်ငံရှိ မြန်မာ အသိုင်းအ၀ိုင်းကလည်း အကူအညီပေးရေးအတွက် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်း တော်များအဖွဲ့ (ယူကေ) နှင့် ယူ၂ ဗွီကော်မတီမှ (Unity To Victory) ဦးဆောင်ပြီး လေဘေး ဒုက္ခသည်များ အတွက် အလှူငွေများ ယမန်နေ့မှ စ၍ ကောက်ခံလျက် ရှိသည်ဟု ယူကေ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။