http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Monday, May 5, 2008

    အင်းစိန်ထောင် မီးလောင် ၃၆ ဦးသေ၊ ၇၀ ဒါဏ်ရာရ (From Mizzima)

    နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန် အကျဉ်းထောင်တွင် စနေနေ့က မီးလောင်မှု ဖြစ်ပွားပြီး အဓိကရုဏ်း ဖြစ်ပွားရာ လူ ၃၆ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာ ရသွားခဲ့သည်။

    အကျဉ်းထောင် အတွင်းရှိ နှစ်ထပ်ဆောင် အဆောင် ၁ တွင် စနေနေ့ နံနက်က မီးလောင်မှု ဖြစ်ပွားရာ အပေါ်ထပ် ပြိုကျပြီးနောက် ထောင်လုံခြုံရေး တပ်ဖွဲ့များက ပစ်ခတ်မှု ဖြစ်ခဲ့သည်။ အကျဉ်းထောင်ထဲရှိ အဆောင်တခုလျှင် အနည်းဆုံး အကျဉ်းသား ၁၅၀၀ ရှိသည်။

    "လေတိုက်ပြီးတော့ မိုးတွေ ရွာနေတဲ့အခါမှာ အကျဉ်းသားတွေ မနက်အစောကြီး မီးလှုံတဲ့ အခါမှာ လေတိုက်ပြီးတော့ အိပ်ဆောင် မီးကူးတယ်၊ မီးကူးတဲ့ အခါမှာ ထောင်အာဏာပိုင်တွေ ရောက်လာတယ်။ ၀န်ထမ်းတွေ ရောက်လာတယ်အခါ ထောင်သားတွေက ထွက်ပြေးတယ်။ ထွက်ပြေးတော့ ထောင်အာဏာပိုင်တွေက မီးကို မငြိမ်းသတ်ဘဲနဲ့ အကျဉ်းသားတွေကို ပစ်ခတ်တာ" ဟု ထိုင်းနိုင်ငံ အခြေစိုက် အေအေပီပီ ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ကိုတိတ်နိုင်က ပြောသည်။

    နာဂစ်မုန်တိုင်း တိုက်ခိုက်သည့် စနေနေ့တွင် ထောင်မီးလောင်သည့် သတင်း ထွက်ပေါ်ခဲ့သော်လည်း ယနေ့မှသာ ထောင်ဝင်စာ တွေ့ခွင့်ရ၍ သတင်း ခိုင်ခိုင်လုံလုံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

    ထောင်အာဏာပိုင်များ၏ ဆူပူမှုကို ကိုင်တွယ်ပုံကို ကိုတိတ်နိုင်က ဝေဖန်လိုက်သည်။

    "ပုံမှန်အားဖြင့်တော့ အာဏာပိုင်တွေဟာ မီးလောင်ရင်တော့ မီးသတ်ပေးဖို့ တာဝန်ရှိတယ်လေ။ ထောင်သားတွေ ဆူပူလာရင်လည်း စနစ်စကျ ပြန်သွင်းပေးရမှာ။ အခုတော့ သူကိုက ပြန်ပစ်ခတ်ရင်တဲ့ သေတာက များနေတယ်။" ဟု သူက ပြောသည်။

    အင်းစိန် အကျဉ်းထောင်အနီး နေထိုင်သူများမှာ မီးခိုးလုံးများ ထွက်ပေါ်ခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး သေနတ်သံများ ကျယ်ကျယ်လောင်လောင် ကြားခဲ့ကြသည်။

    အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်ဖွယ် မရှိဟု ထောင်အနီး နေသူ တဦးက ပြောသည်။

    ထောင်အဓိကရုဏ်းကြောင့် ထောင်ကျခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၏ မိသားစုဝင်များ စိုးရိမ်တကြီးဖြင့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေခဲ့ကြသည်။

    သို့သော် သေဆုံး၊ ဒဏ်ရာရသူများတွင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်းမရှိဟု အေအေပီပီက ပြောသည်။