http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Friday, May 16, 2008

    ရန်ကုန်မြို့ရှိအထင်ကရတန်ခိုးကြီးဘုရားကြီးများ မုန်တိုင်းဒဏ်မှထူးထူးခြားခြားကင်းလွတ်ခဲ့မှုအ( The Yangon Media)

    ရန်ကုန်မြို့၌ မေ ၃ရက်တွင် ပြင်းထန်စွာတိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြီးကြောင့် ပြည်သူအားလုံး စည်းစိမ်ဥစ္စာနှင့် လူ့အ သက်ပေါင်းများစွာ ဆုံးရှုံးပျက်စီးသွားခဲ့ပြီး ရန်ကုန်မြို့၌ နှစ်ရှည်ပင်ကြီးများ လဲကျပျက်စီးခဲ့ကာ အိမ်ပေါင်းများစွာ ဆုံးရှုံးပျက်စီးခဲ့ရ သော်လည်း အထင် ကရ တန်ခိုးကြီးဘုရားများဖြစ်သည့် ရွှေတိဂုံ၊ ဗိုလ်တထောင်၊ ဆူးလေဘုရားနှင့် ရေလယ် ကျောက်တန်းရှိ ကျိုက် မှော်ဝန်းစေတီတို့မှာ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း၊ ထိုသို့ဖြစ်ရသည်မှာ ယင်းစေတီများ၏ တန်ခိုးစွမ်းအားများကြောင့်သာလျှင်ဖြစ်နိုင် ခြေရှိကြောင်း သုံးသပ်ပြောဆို လျက်ရှိကြသည်။

    ဗဟန်း ၃လမ်းရှိ ဘုရားပစ္စည်းမျိုးစုံအရောင်းဆိုင်မှ မသင်းသင်းအေးကလည်း “ကျွန်မ တို့အိမ်လဲ တစ်အိမ်လုံး ကျုံ့ဆင်းသွားတယ်။ အပင်တွေလဲကျလို့ ဘယ်အပင်၊ ဘယ်အိမ်မှ မခံနိုင်ဘူး။ ရွှေတိဂုံဘုရားထီးတော်၊ စိန်ဖူးတော် ဘာမှမဖြစ်ဘူး၊ ကျွန်မတို့နေလာတာ ၆၅နှစ် ရှိပြီ။ ဒီလိုလူတွေ အများကြီးသေပြီး အကုန်ဒုက္ခရောက်ကုန်တာကို ပထမဆုံးကြားဖူးတာပါ။ ရွှေတိဂုံဘုရား ဘာမှမဖြစ်တာ တော်တော်ထူးဆန်းပါတယ်”ဟုဆိုသည်။

    ရေလယ်ကျောက်တန်းရှိ ငါးခြောက်နှင့်ထမင်းဆိုင်ဖွင့်သူ မနွယ်ဦးကလည်း “ကျွန်မတို့ ဆိုင်တော့ အမိုးတွေ လန်သွားတယ်။ ဘုရားက မီးသွယ်တဲ့ တိုင်တစ်တိုင်ပဲ လဲတယ်။ ကျန်တာ ယိုင်သွားတာတို့၊ ပျက်စီးတာတို့ ဘာမှမဖြစ်ပါဘူး။ ဒီဘုရားက တန်ခိုးကြီး တယ်။ တစ်မြို့လုံးက အခြေခံလူတန်းစားတွေအားလုံးက ဒီဘုရားကိုမှီပြီး ရှာဖွေစားရတာလေ၊ အခု သွားလို့ရပါ တယ်။ လှေတွေမြုပ် ပြီး ပျက်စီးသွားတာရှိတယ်။ အစားထိုးလှေနဲ့ ဖူးလို့ရပါတယ်။ မြို့ထဲမှာ ရှိတဲ့ ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တထောင်ဘုရားတွေလဲ စိန်ဖူး တော်ကျိုးတာတို့၊ ဘာတို့ ဘာမှ မဖြစ်ဘူးလို့ကြားပါတယ်”ဟု ဆိုသည်။

    နာဂစ်မုန်တိုင်းကြောင့် ရွှေတိဂုံစေတီတော်ကြီးတွင် ထိခိုက်မှုမရှိဘဲ စေတီရံများနှင့် တန်ဆောင်းအချို့သာ အနည်းငယ်ပျက် စီးမှုဖြစ်ခဲ့ကြောင်း သိရသည်။