http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Friday, May 16, 2008

    မုန်တိုင်းဘေးသင့် နေရာတချို့ မိုးကြီးပြီး လေဆင်နှာမောင်း တိုက် (VOA)

    မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ မိုးတွေ အပြင်းအထန် ရွာသွန်းနေပြီး နာဂစ် မုန်တိုင်းဒဏ်ကြောင့် အကူအညီတွေ လိုအပ်နေတဲ့ သူတွေ မိုးတွေ ကြားမှာ အခက်အခဲတွေကို တွေ့နေရပါတယ်။ မနေ့က ဧရာဝတီတိုင်း မအူပင်မြို့ မြောက်ပိုင်းမှာ လေဆင်နှာမောင်း တိုက်ခတ်ခဲ့တဲ့အကြောင်း ဒေသခံ တစ်ဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

    “မနေ့က လေဆင်နှာမောင်းကျသွားတယ်။ မအူပင် ခနောင် ကျေးရွာ အောက်ပိုင်းမှာ၊ မုန်တိုင်း ကျတုန်းက သွပ်လန်တဲ့ အိမ်တွေ သွပ်ပြန်မိုးထားတာ အခု အိမ်ပါ ပြိုသွားတာပေါ့ဗျာ။ ခနောင်တိုပဲ ပျက်စီးတယ်လို့ ကြားတယ်။ ကျန်တဲ့ နေရာတော့ သတင်းမရောက်သေးဘူး။ ညနေ ၅နာရီ ၁၃ရက်နေ့မှာ။ မုန်တိုင်းတုန်းကလည်း ခံရတယ်။ မုန်တိုင်းပြီးသွားတော့ အိမ်ပြန်ပြင်ရတယ်လေ။ ပြင်ပြီးတော့ အခု လေဆင်နှာမောင်းထပ်ကျတော့ ပါသွားတာပေါ့။”

    သောက်ရေသန့် ရှားပါးမှုဟာ လူတွေ သေဆုံးစေတဲ့ အဓိကအချက် ဖြစ်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီးက အေပီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ မုန်တိုင်းဒဏ်သင့်ဒေသတွေကို နိုင်ငံခြားသံတမန်တွေကို ခေါ်ဆောင်ပြသသွားမယ်လို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ဆက်သွယ်ပြောကြားခဲ့တဲ့အကြောင်း ရန်ကုန်က အမေရိကန် သံရုံး ယာယီတာဝန်ခံရဲ့ ပြောဆိုမှုကို အေပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။