http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Friday, May 16, 2008

    နာဂစ်ဒဏ်ကြောင့်စားဝတ်နေရေးခက်ခဲခဲ့ရ ( Yangon Media)

    ပြင်းထန်သောနာဂစ်မိုးသက်မုန်တိုင်းကစား ၀တ်နေရေးကိုရုတ်ချည်းခက်ခဲသွားစေခဲ့ သည်ဟုမုန်တိုင်းဒဏ်ခံရသူ တို့ထံမှသိရသည်။

    “တစ်အိမ်လုံး အမိုးတွေပါသွားတော့ ချက်ပြုတ်ထားတဲ့ ထမင်း၊ ဟင်းတွေ အကုန်လုံး မှောက်ကျပျက်စီးသွားတယ်။ ပြန်ချက် တော့ မီးသွေးတွေက စို။ မိုးရေထဲမှာ နံနက်စာကို ည ရှစ်နာရီမှ စားရတယ်”ဟု ရွှေပေါက္ကံမြို့သစ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

    မုန်တိုင်းကြောင့် ပြိုကျပျက်စီးမှုများ၊ လမ်းပိတ်ဆို့သွားမှုများ၊ ဆိုင်များ ဖွင့်လှစ်နိုင်ခြင်း မရှိမှုများက ထမင်းလခပေးစား သူများကိုလဲ များစွာအခက်တွေ့သွားစေသည်ကို ကာယကံရှင် တစ်ဦးက “ထမင်းလခပေးစားတဲ့ဆိုင်လဲ ပြိုသွားတယ်။ အဲဒီအိမ်လဲ မုန် တိုင်းထိသွားတယ်။ အနီးဝန်းကျင်ကဆိုင်တွေလဲ မဖွင့်နိုင်တော့ဘူးလေ။ ဘာဆိုင်မှမရှိတော့ ပိုက်ဆံရှိတာတောင် ၀ယ်စားဖို့မရှိတော့ ငတ်တာပဲ။ ၄ရက်ညနေရောက်တော့ ဟန်မဆောင်နိုင်တော့ဘူး။ သူငယ် ချင်း အိမ်မှာ ထမင်းတောင်းစားခဲ့ရတယ်”ဟုဆိုသည်။

    နိုင်ငံပိုင်ဘဏ်တစ်ခုမှ ၀န်ထမ်းအမျိုးသမီးတစ်ဦးက “အမိုးတွေကုန်သွားတဲ့ အပြင် နောက်ဖေးပိုင်းပါ ပြိုကျသွားတယ်။ အ၀တ်ဗီရို၊ မွေ့ရာ အားလုံးစိုကုန်တယ်။ အိမ်က နေလို့ မရတော့တဲ့အနေအထားမို့ ပစ္စည်းတချို့ ဘေးအိမ်အပ်ပြီး မိဘအိမ်ပြန်နေရ တယ်။ ရုံးတက် စရာ အ၀တ်အစားမရှိတော့လို့ သောကြာနေ့က ၀တ်ပြီးသား ပြန်ဝတ်ခဲ့ရတယ်”ဟု ပြောသည်။

    ရန်ကုန်မြို့၏ နေရာအတော်များများတွင် အ၀တ်အထည်နှင့် မွေ့ရာ၊ အိမ်ထောင် ပရိ ဘောဂ၊ စာအုပ်စာတမ်းများ နေထုတ်လှန်းနေခြင်း၊ ရေရရှိနိုင်သောနေရာများ၊ မရှိမဖြစ် အိမ်သုံးပစ္စည်းနှင့် စားသောက်ကုန်အရောင်းဆိုင်များ၊ အိမ်ဆောက် ပစ္စည်းနှင့် လက်သမားသုံး ပစ္စည်းအရောင်းဆိုင်များတွင် တိုးဝှေ့တန်းစီနေသည်ကို တွေ့ရသည်။