http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Saturday, May 17, 2008

    သံတမန်တွေကို မုန်တိုင်းသင့်ဒေသ ရွေးပြီးပြ (VOA)

    ဒီကနေ့ ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံခြား သံတမန်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းက
    တာဝန်ရှိသူတွေကို အုပ်စုသုံးခု ခွဲပြီးစစ်အစိုးရရဲ့ ရဟတ်ယာဉ်တွေနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက နာဂစ် မုန်တိုင်းဒဏ်သင့် နေရာဒေသတွေကို စစ်အစိုးရ၀န်ကြီး တချို့က ခေါ်ဆောင်ပြသခဲ့ပါတယ်။

    အားလုံးကို စစ်အစိုးရက စစ်အစိုးရက ထိန်းချုပ်ဆောင်ရွက်နိုင်တယ်ဆိုတာ ပြဖို့အတွက် ကျနော်တို့ကို သူတို့ရွေးထားတဲ့နေရာကို ခေါ်ပြီး ပြတာပါ။ ဒါပေမယ့် အပျက်အဆီး အချို့ကိုတော့ ကျနော်တို့ မြင်တွေ့ခဲ့ကြရပါတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ဥရောပသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ရုံးက ဘားနတ် ဒါးဘို့ခ်ျ က အေဖက်ပီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ခရစ် ခယဲ ကလည်း - သူတို့က ကျနော်တို့ကို ကြည့်ပျော်ရှုပျော် နေရာတွေကိုပဲ ခေါ်သွားတယ်။ တကယ့် အနိဌာရုံ အားလုံးကိုတော့ မပြဘူးလို့ အေဖက်ပီ သတင်းဌာနကို ပြောဆိုလိုက်ပါတယ်။ စစ်အစိုးရရဲ့ မီဒီယာတွေမှာ နိုင်ငံတကာက ကူညီကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းတွေ တန်ချိန်ပေါင်း ၅,၆၀၀ ကို ဒုက္ခသည်တွေဆီ ဖြန့်ဝေပြီးပြီလို့ ဖော်ပြနေတာဟာ သတင်းမှားသာ ဖြစ်တယ်၊ ဒီအကူအညီ အများစုဟာ ထိန်းချုပ်ထားခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ခံရပြီး တကယ့်ဒုက္ခသည်တွေဆီ မရောက်ဘူးလို့ စစ်အစိုးရ စီစဉ်တဲ့ ခရီးစဉ်မှာ လိုက်ပါသွားခဲ့တဲ့ သံတမန် တစ်ဦးက အေဖက်ပီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။