ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆမတ် ဆွန်ဒါလာဝပ်ဂ်ျသည် မနက်ဖြန်တွင် မြန်မာပြည်သို့ သွားရောက်ပြီး နိုင်ငံတကာမှ လူသားချင်းစာနာသည့် အကူအညီများ လက်ခံရန် စစ်အစိုးရ ခေါင်းဆောင်များကို နားချမည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကိုးကား၍ သတင်းများက ဆိုသည်။
ထိုင်းဝန်ကြီးချုပ်သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မစ္စတာ ဘန်ကီမွန်းထံမှ သတင်းစကားကို သယ်ဆောင်သွား ဖြစ်သော်လည်း စစ်အစိုးရ ဘက်က မည်သူက လက်ခံတွေ့ဆုံမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။
စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် သည် မုန်တိုင်းသင့် ဒေသများတွင် ခရီးလှည့်လည်နေသဖြင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး နော့ပဒန် ပတားမားက ပြောသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူ၏ သတင်းစကား တွင် အနောက်နိုင်ငံများမှ အကူအညီများနှင့် နိုင်ငံခြားမှ အကူအညီပေးရေး ဝန်ထမ်းများကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးရေးတို့ ဖြစ်သည်။
စစ်အစိုးရက ကယ်ဆယ်ရေး ပစ္စည်းများကိုသာ လက်ခံပြီး ကယ်ဆယ်ရေး ဝန်ထမ်းများကို လက်ခံမည် မဟုတ်ဆိုကာ တင်းခံနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက် ဖုန်းခေါ်ရန် ကြိုးစားသော်လည်း မအောင်မမြင် ဖြစ်ခဲ့သော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ထိုင်းနိုင်ငံအနေဖြင့် ကြားဝင် ဆောင်ရွက်ပေးရန် အကူအညီ တောင်းခဲ့သည်။
သူ၏ ကြိုးပမ်းမှုများကို စစ်အစိုးရဘက်က ရေငုံ နှုတ်ပိတ်နေသည့်အပေါ် အားမလို အားမရ ဖြစ်နေသော ကုလသမဂ္ဂ အကြီးအကဲက မြန်မာ စစ်အစိုးရ၏ တုံ့ပြန်ပုံသည် လက်ခံနိုင်ဖွယ် မရှိဟု နယူးယောက်တွင် သတင်းထောက်များအား ပြောသည်။
"ကျနော်တို့ အရေးကြီးတဲ့ အမှတ်ကို ရောက်နေပြီ။ အကူအညီတွေ မြန်မြန်မရောက်ရင် ကူးစက်ရောဂါတွေ ဖြစ်ပြီး အခုအကြပ်အတည်းကို ပိုဆိုးသွားမယ်" မစ္စတာဘမ်ကီမွန်းက ပြောသည်။
ဗြိတိန်၊ ကနေဒါ၊ နော်ဝေနှင့် အီးယူနိုင်ငံများကလည်း ထိုင်းနိုင်ငံ၏ ကြားဝင် ဆောင်ရွက်ပေးမှုကို တောင်းခံခဲ့ကြသည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။
အမေရိကန်ပြည် သမ္မတ ဂျော့ရှ်ဒဗလျဘုရှ် ကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်အစိုးရက ထုတ်ဖော် အပြစ်တင်သင့်သည်ဟု ထုတ်ဖော် ပြောဆိုသည်။
"သူတို့တွေ (စစ်အစိုးရ) က အထီးကျန်တာပဲ ဖြစ်ဖြစ်၊ လူစိတ်မရှိတာပဲ ဖြစ်ဖြစ်ပါ။ ဒီလို တုံ့ပြန့်မှု နှောင့်နှေး နေတဲ့အတွက် အသက်တွေ ဘယ်လောက်သေနေပြီလဲ ဆိုတာ ပြောကြတာတွေ မရှိဘူး" ဟု သမ္မတ ဘုရှ်က ပြောသည်။
အမေရိကန် ပြည်ထောင်စုမှ ကယ်ဆယ်ရေး ပစ္စည်းလေယာဉ် (၁) စီးကို စစ်အစိုးရက ယမန်နေ့က လက်ခံပြီးနောက်တွင် အမေရိကန် ပြည်ထောင်စုက မူလကယ်ဆယ်ရေး အလှူငွေကို မူလ ၃ သန်း ကတိပြုထားရာမှ ၁၆ သန်းကျော် အထိ တိုးမြင့်လိုက်သည်။
ယနေ့တွင်လည်း နောက်ထပ် အမေရိကန်လေယာဉ် (၂) စင်းကို လက်ခံရန် စစ်အစိုးရက သဘောတူထားသည်။
အမေရိကန် အစိုးရ၏ နိုင်ငံခြား သဘာဝအန္တရာယ် အကူအညီပေးရေးရုံးမှ ပြောကြားရာတွင် အမေရိကန်က ရည်ရွယ်ထားသော ပမာဏမှ အလွန်နည်းပါးသော အစိတ်အပိုင်းမျှသာ ဖြစ်သည်ဟုပြောသည်။
ကနေဒါ ဝန်ကြီးချုပ်က စတီဗင် ဟာပါး က ကနေဒါအနေဖြင့် ကိုယ်ထိလက်ရောက် ကူညီခွင့်ရလျှင် အကူအညီပေးရန် အသင့် ရှိနေသော်လည်း စစ်အစိုးရ လက်တွင်းသို့ အကူအညီများ ပေးအပ်မည် မဟုတ်ဟု ပြောသည်။
ကနေဒါသည် ကုလသမဂ္ဂ၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်သို့ မြန်မာလူထုအတွက် ရည်ရွယ်သော အလှူငွေ ဒေါ်လာ ၂ သန်းကို ပေးအပ်ခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာပြည်ကို လူသားချင်း စာနာသည့် ဝင်ရောက် စွက်ဖက်မှု လိုအပ်နေသည်ဟု ဆိုသော ပြင်သစ်၏ အဆိုပြုချက်သည် ကန့်ကွက်မှုများ ရှိနေသဖြင့် ယခုအချိန်ထိ မအောင်မမြင် ဖြစ်နေသည်။
လူပေါင်း တသိန်းကျော် သေဆုံးပြီး ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သော မုန်တိုင်း လွန်မြောက်သွားသည်မှ ၁ဝ ရက်ရှိသွားပြီ ဖြစ်သော်လည်း နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များနှင့် ကျွမ်းကျင်သူ ပညာရှင်များသည် ပြည်ဝင်ခွင့်ဗီဇာများ စောင့်ဆိုင်းနေကြသည်။
နိုင်ငံတကာမှ ဖိအားများနှင့် အတူ အိန္ဒိယက နိုင်ငံခြားရေးဌာနကလည်း နိုင်ငံတကာ အကူအညီများကို လက်ခံရန် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ထံ ဖုန်းဖြင့် တိုက်တွန်းခဲ့သည်ဟု သိရသည်။
ကုလသမဂ္ဂ အရေးပေါ် အကူအညီပေးရေးဌာနမှ ဂျွန်ဟိုလ်မက်စ် က ယခုအခါ ဗီဇာလျှောက်ထားသူ ၁ဝဝ အနက် ၃၄ ဦးကို ပြည်ဝင်ခွင့် ဗီဇာကို စစ်အစိုးရဘက်က သဘောတူပြီ ဖြစ်သည်ဟု ပြောသည်။ အမှန်တကယ် လိုအပ်သော ကယ်ဆယ်ရေးလုပ်သား အားလုံး၏ ၁ဝ ပုံတပုံထက် နည်းနေသေးသည်ဟု ယင်းကပြောသည်။
စစ်အစိုးရ၏ မီဒီယာများတွင် ဗိုလ်ချုပ်သိန်းစိန်က ကယ်ဆယ်ရေး လုပ်ငန်းများကို အခြေအနေ ထိန်းထားနိုင်ပြီဟု ဆိုသော်လည်း ကုလသမဂ္ဂ အေဂျင်စီများက အကူညအညီ မရသူ သိန်းချီ ကျန်သေးသည်ဟု ဆိုသည်။
အစိုးရ၏ နောက်ဆုံး ကိန်းဂဏန်းများတွင် နာဂစ်မုန်တိုင်းအတွင်း သေဆုံးသူ သုံးသောင်း ၃ ထောင်၊ ပျောက်ဆုံးသူ ၂ သောင်း ၉ ထောင်ကျော်သာ ရှိသည်။
ကုလသမဂ္ဂက မြန်မာပြည်မှ ကယ်ဆယ်ရေး လုပ်ငန်းအတွက် အရေးပေါ် ကယ်ဆယ်ရေးအတွက် နိုင်ငံတကာမှ အမေရိကန်ဒေါ်လာ (၁၈၇) တောင်းခံထားရာ ယခုအချိန်အထိ (၇၇) သန်း ရရှိပြီဟု သိရသည်။
Padauk Myay
ReliefWeb: Updates by Country
- ADAM (Advanced Disaster Analysis & Mapping) Myanmar Update #2 Maximum Flood Extent, 17 July 2024 - 7/17/2024 - World Food Programme
- Myanmar - Cholera outbreak (DG ECHO, WHO, Myanmar Ministry of Health) (ECHO Daily Flash of 17 July 2024) - 7/17/2024 - European Commission's Directorate-General for European Civil Protection and Humanitarian Aid Operations
- Myanmar: Human Rights Situation weekly update (July 8 to 14, 2024) [EN/MY] - 7/17/2024 - Network for Human Rights Documentation-Burma
- Myanmar: Probable Flood Inundated Area in Sagaing, Mandalay and Magway Region as of 12 July 2024 - 7/17/2024 - UN Development Programme
- Myanmar: Probable Flood Inundated Area in Homalin and Paungbyin Township, Sagaing Region as of 12 July 2024 - 7/17/2024 - UN Development Programme
Welcome to the Mizzima News - Burmese Version
Error loading feed.
သတင်းမဵား
- RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ ဧပြီ ၅ ရက်)
- မြန်မာမှာ လူသားချင်းစာမှုအကူအညီတွေ ကန့်သတ်မှုမရှိ ချက်ချင်းခွင့်ပြုဖို့ ကုလမဟာမင်းကြီး ပြော
- ကိုးကန့်တပ် MNDAA လားရှိုးမြို့ပေါ်က ဆုတ်ခွာဖို့ ပြင်ဆင်နေ
- ထိုင်းဝန်ကြီးချုပ် နဲ့ မြန်မာစစ်ခေါင်းဆောင်တို့ သီးသန့် တွေ့ဆုံ ဆွေးနွေး
- မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပြီး ဒီမိုကရေစီကို ပြန်သွားဖို့ ကုလအကြီးအကဲပြော
VOA News: Burma
Error loading feed.
VOA News: Disasters and Accidents
Error loading feed.
NYI LYNN SECK 18+ DEN
Error loading feed.
CYCLONE NARGIS - Google News
MoeMaKa Media - မိုးမခ မီဒီယာ
- စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး - k
- ဇင်လင်း - နှစ်သစ်ကူးပြန်ပေါ့ … - Unknown
- လောကဓာတ်ခန်းသာဂိ - ရာဇဝင်ထဲမှာ ဇော်ဂျီကို ထားရစ်ခဲ့ - Unknown
- အေးငြိမ်း ● အခွင့်ထူးခံ လူတန်းစား - Aung Htet
- ကမ်လူဝေး ● ဒီမိုကရေစီ - Aung Htet
ဒေါက်တာလွဏ်းဆွေ
နေနတ်နွယ်
Error loading feed.
ကျွန်မ၏ ခံစားမှုများသီကုံးရာ လွတ်လပ်ခြင်းအနုပညာ
Promoting Humanity
Error loading feed.