http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Saturday, May 3, 2008

    May 3 Yangon (From HitTaing)



    မြစ်ဝကျွန်းပေါ်ဒေသမှ တယ်လီဖုန်းလိုင်းများ သောကြာ နေ့ ညကတည်းက လုံးဝ ပြတ်တောက်သွားသဖြင့် ရန်ကုန်တိုင်းနှင့် ကပ်နေသော ဧရာဝတီတိုင်းရှိ ပုသိမ်၊ ၀ါးခယ်မ၊ မော်ကျွန်း၊ အိမ်မဲ၊ ကျိုက်လတ် မြို့များ အခြေအနေကို ဆက်သွယ်မရ။ ရန်ကုန် မင်္ဂလာဒုံ လေဆိပ် ပိတ်လိုက်ရပြီ။ အိမ်များ အမိုးလန်ထွက်ကုန်ပြီ။ သစ်ပင်ကြီးများ အမြစ်ကျွတ် ပြိုလဲကျသွား။ လမ်းများ ရေလျှံနေ။ လမ်းပေါ် ရေကြီးနေပြီး ကားများ မသွားနိုင်။ သယ်ယူပို့ဆောင်ရေး ပျက်ယွင်းသွား။ အင်တာနက် ကဖေးများ ပိတ်လိုက်ရ။ မြန်မာ့အသံ ပါ ရပ်သွားပြီ။

    သစ်ကိုင်း ကျိုးလဲနေသည့် ယနေ့ရန်ကုန် (အေအက်ဖ်ပီ)

    ရန်ကုန်သို့ အ၀င်အထွက် လေကြောင်းအားလုံး ဖျက်သိမ်း။ ရန်ကုန်သို့ ဆင်းမည့် လေယာဉ်များ မန္တလေးကွင်းမှာ နေရာပြောင်း ဆင်းသက်ရ။ အင်တာနက်လိုင်းများ ပြတ်တောက်သဖြင့် ပြည်တွင်းမှ ဓာတ်ပုံပို့ရန် အခက်အခဲရှိနေ။

    ပန်းရံသမားများ၊ ဆောက်လုပ်ရေးလုပ်ငန်းမှ နေ့စားပေါက်ဆင်းများ၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်၊ ဈေးနှင့် ဆိပ်ကမ်း အထမ်းသမားများ အလုပ်မဆင်းရသဖြင့် နေ့စဉ် ၀င်ငွေ ထိခိုက်သွား။ ကလေးများ ကျောင်းမတက်နိုင်။ အဆင်သင့် ပြင်ဆင်ထားသော မေ ၁၀ ရက် ဆန္ဒခံယူပွဲကို နာဂစ်မုန်တိုင်းက ရွှေ့ဆိုင်းဖွယ်ရှိ။