http://www.meebo.com/rooms

Padauk Myay

ReliefWeb: Updates by Country

Welcome to the Mizzima News - Burmese Version

သတင်းမဵား

VOA News: Burma

VOA News: Disasters and Accidents

NYI LYNN SECK 18+ DEN

CYCLONE NARGIS - Google News

MoeMaKa Media - မိုးမခ မီဒီယာ

ဒေါက်တာလွဏ်းဆွေ

နေနတ်နွယ်

ကျွန်မ၏ ခံစားမှုများသီကုံးရာ လွတ်လပ်ခြင်းအနုပညာ

Promoting Humanity

Saturday, May 3, 2008

အချက်ပြစနစ် ချို့ယွင်းမှုကြောင့် ရန်ကုန် လေဆိပ် ပိတ်ထားရခြင်းဖြစ် (From Mizzima)

လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး လေယာဉ် အချက်ပြစနစ် ချို့ယွင်းမှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပိတ်ထားရခြင်း ဖြစ်သည်။

လေဆိပ်သို့ ပေးပို့သည့် လျှပ်စစ်ဓာတ်ကြိုးများ ပြတ်တောက်ကုန်သဖြင့် လောလောဆယ်တွင် အရေးပေါ်မီးဖြင့် အသုံးပြုနေရသည်။ သို့သော် လေယာဉ် အတက်၊ အဆင်း ထိန်းချုပ်မှု တာဝါနှင့် အချက်ပြစနစ်များ ပြန်လည် လည်ပတ်နိုင်ရေးမှာ ဓာတ်အားလိုင်း အရေးပေါ် ပြင်ဆင်သွယ်တန်းမှု ဆောင်ရွက်ပြီးချိန်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။

"အခုတောင် လေဆိပ်တခု လုံးမှာ အရေးပေါ် မီးနဲ့ ပဲ သုံးနေရတာ။ လေယာဉ်တွေ သွားဖို့ကတော့ အချက်ပြဖို့တွေက ခက်နေတယ်။ တာဝန်ရှိသူတွေက ဒီနေ့ လာကြည့်မယ် ပြောနေတယ်။ ခု ထိတော့ ရောက်မလာသေးဘူး။ လောလောဆယ်မှာ ပြောနိုင်တာကတော့ ဒီနေ့ နေ့လည် ၁၂း၃၀ လောက်မှ ဘယ်လို ဖြစ်မယ်ဆိုတာ သိရမှာပဲ။ ခုက ခရီးသည်တွေတော့ ရောက်နေကြတယ်။ ဒီလိုပဲ စောင့်နေကြရတယ်။ ဘယ်လေယာဉ်မှလဲ မဆင်းသေးဘူး " ဟု အမည်မဖော်လိုသူ ရန်ကုန်လေဆိပ် အရာထမ်းတဦးက ပြောသည်။

တာဝန်ရှိသူများမှ ယနေ့တွင် လာရောက် စစ်ဆေးမှာဖြစ်ပြီး မည်သည့် အချိန်မှ လေဆိပ်ပုံမှန် ပြန်လည်နိုင်မည်ကို ယခုလောလောဆယ်တွင် မပြောနိုင်သေးဟု သူက ထပ်ပြောသည်။

လေယာဉ် ခရီးစဉ်များ ဖျက်သိမ်းထားပြီး လေဆိပ် ပိတ်ထားသည်ကို မသိသော ပြည်တွင်း၊ ပြည်ပခရီးသည်များ လေဆိပ်ထဲတွင် ရောက်ရှိ စောင့်ဆိုင်းနေကြသည်။ ရန်ကုန်မှ အခြားမြို့များသို့ ပျံသန်းမည့် ပြည်တွင်း ခရီးစဉ်များကို သောကြာနေ့ကတည်းက ဖျက်သိမ်းထားခဲ့သည်။

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရန်ကုန် ဒေသခံများမှာ အစိုးရပိုင် ရုပ်မြင်သံကြား၊ ရေဒီယိုတို့ကို ကြည့်ရှု နားထောင်နိုင်ခြင်း မရှိခဲ့သလို နားထောင်လိုက်သူများ အပြောအရ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ ပေးနိုင်ခြင်းလည်း မရှိဟု ဆိုသည်။

ပြည်တွင်း လေကြောင်းလိုင်းများ အနေဖြင့် မနက်ဖြန် မေ ၅ ရက်နေ့မှစတင် ပြန်လည် ပြေးဆွဲနိုင်လိမ့်မည်ဟု ခန့်မှန်းကာ ပြင်ဆင်မှုများ ပြုလုပ်ထားသည်။ သို့သော် အဲယားမန္တလေး၊ ရန်ကုန် အဲယားဝေး၊ အဲပုဂံနှင့် မြန်မာအဲယားဝေးတို့ အားလုံးက အစီအစဉ်များ ပျက်ပြားနိုင်ကြောင်း မဇ္ဈိမသတင်းထောက်ကို တညီတညာထဲ သတိပေးကြသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင် ရန်ကုန်သို့ ပျံသန်းမည့် နံနက်ပိုင်း လေယာဉ်ခရီးစဉ်များကို မွန်းလွဲ ၂ နာရီအထိ ရွှေ့ဆိုင်းထားသည်။ ခရီးစဉ်များ ဖျက်သိမ်းမှု မပြုလုပ်သေးသော်လည်း ရန်ကုန်သို့ ပျံသန်းခြင်း ပြု မပြုကို ထပ်မံ ကြေငြာဦးမှာ ဖြစ်သည်။

ရန်ကုန်သို့ နယ်မြို့များမှ ၀င်ရောက်သော အဝေးပြေး ကားများလည်း ရပ်နားထားသည်။ မြို့တွင်း ပြေးဆွဲသော ပုံမှန် ဘတ်စ်ကားလိုင်းများမှာ သစ်ပင်များ၊ အပျက်အစီးများ လမ်းများပေါ်တွင် ပိတ်ဆို့မှု၊ လောင်စာဆီ အခက်အခဲကြောင့် ပြေးဆွဲမှု နည်းပါးလှရာ ဘတ်စ်ကားခများ နှစ်ဆ ခုန်တက်သွားသည်။

ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးများ မှောင်ခိုဈေးကွက်တွင် ယနေ့ နံနက်ပေါက်ဈေးမှာ ၇၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ် အသီးသီးဖြစ်သွားရာ မုန်တိုင်း မတိုက်ခင်ကထက် ၄၀ ရာခိုင်နှုန်း မြင့်တက်သွားသည်။

မုန်တိုင်းကြောင့် ရန်ကုန်ရှိ ဆိပ်ခံဗောတံတား အားလုံးနီးပါး ပျက်စီးမှုရှိခဲ့ပြီး ပြည်တွင်းသွား ရေယာဉ်ခရီးစဉ်များ ရပ်နားထားသည်။