မုန်တိုင်းဒဏ် ခံခဲ့ရသောကြောင့် ရန်ကုန်တွင် ဘုရားစေတီ အများအပြား ပျက်စီးမှု ဖြစ်ခဲ့ပြီး ရန်ကုန်လူထုသည် ရေပြတ်တောက်မှုနှင့် ဆက်လက် ကြုံတွေ့နေရသည်။
မီးပြတ်ပြီး ရေတွန်းစက်များ ရပ်နားထားသည့်အတွက် ဂျိုးဖြူရေပိုက်မှ ရေမရရှိကြပေ။ အလားတူပင် အ၀ိစီ တွင်းများကလည်း မလည်ပတ်နိုင်ဘဲ ဖြစ်နေသည်။
ရွှေတိဂုံဘုရားမှ အရံစေတီများ၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပျက်စီးခဲ့သည်ဟု ဘုရား ဂေါပကများထံမှ သိရသည်။ နောင်တော်ကြီးဘုရား၊ ကြေးသွန်း ရုပ်ပွားတော်၊ ငါးထပ်ကြီးဘုရား၊ ကျိုက္ကဆံ ဘုရားတို့တွင် ပျက်စီးမှု ထီးတော် ပြုတ်ထွက်မှုတို့ ဖြစ်ပေါ်ခဲ့သည်။ ရွှေတိဂုံဘုရားသို့ ဘုရားဖူးများ တက်ရောက်ဖူးမျှော်ခွင့်ကို တားမြစ်ထားသည်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကုန်စည်များ ပြတ်တောက်သွားနိုင်သည် ဆိုသော စိုးရိမ် ပူပန်မှုများကြောင့် စားသောက်ကုန်များ အလုအယက် ပြေးလွှား ၀ယ်နေကြသည်။ အခြေခံ စားသောက်ကုန်ဈေးများ အတက် ကြမ်းလာနေသလို လောင်စာဆီ ရှားပါးမှုလည်း ကြုံနေရသည်။
အစိုးရ ဓာတ်ဆီဆိုင်များအားလုံး ဘောက်ဆာဆီကား မလာသောကြောင့် ရပ်နားထားရာ မော်တော်ယာဉ်များ သွားလာမှုကို ကြီးစွာ အကန့်အသတ် ဖြစ်စေသည်။
ထို့အပြင် အမိုးအကာများ ပျက်စီးမှု ပြန်လည် ပြင်ဆင်ရန် လုပ်ဆောင်နေရာ သွပ်၊ သံ တို့ လိုသလောက်ပင် ၀ယ်၍ မရဘဲ ဖြစ်နေသည်။
အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ၀ယ်ယူသူ များပြားလှသောကြောင့် တန်းစီ စနစ်ဖြင့် ၀ယ်ယူနေကြရပြီး သံ၊ သွပ်စသည်တို့ကို လိုသလောက် ၀ယ်ယူ၍ မရနိုင် ဖြစ်နေသည် ဟု ဒေသခံ တဦးက ပြောသည်။
ထို့အပြင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် လဲပြိုနေသော သစ်ပင်များကို ၀ိုင်းဝန်း ရှင်းလင်းနေပြီး အလုပ်ရှုပ်နေကြရသည်။ လျှပ်စစ်မီး အခက်အခဲကြောင့် မြန်မာ့ရုပ်မြင်ကို ကြည့်ရှု၍မရဘဲ ဓာတ်ခဲသုံး ရေဒီယိုများကိုသာ အားထားနေကြရသည်။
"ရပ်ကွက်တခုလုံး တူထုသံတွေ ညံနေတာပဲ။ ပစ္စည်းတွေကလဲ လိုသလောက် ၀ယ်လို့ မရနိုင်ဘူး။ ဈေးတွေကတော့ မတက်သေးဘူး။ ခုလောလောဆယ်မှာကတော့ ပစ္စည်းတွေက ၀ယ်ရတာ တအား ရှားနေတယ်။ သတင်းနားမထောင်ရတော့ မုန်တိုင်းအခြေအနေက ဘယ်လိုရှိလဲတောင် မသိရဘူး" ဟု အမျိုးသမီးတဦးက ပြောသည်။
မီးသွေးများ ရောင်းမလောက်ဖြစ်နေပြီး ကြက်ဥ၊ ဘဲဥ ကတော့ ရောင်းရ လက်မလည်နိုင်အောင် ဖြစ်နေသည်။
အစိုးရပိုင် ရေဒီယိုက ကြေညာသွားရာတွင် မင်္ဂလာတောင်ညွန် မြို့နယ်အတွင်း အိမ်ပြိုလဲမှုများ ရှိသည်ဟု ဖော်ပြပါရှိသည်။ လေဆိပ်များနှင့် မီးရထား အသွားအလာများ ပြန်လည် ကောင်းမွန် နေသည်ဟု ပါရှိသည်။
သို့သော် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကို ပိတ်ထားဆဲဖြစ်ပြီး ပြည်တွင်း လေကြောင်းလိုင်း လေယာဉ်များ မန္တလေးတွင် ရပ်နားနေကြရဆဲ ဖြစ်သည်။ ပြည်ပမှ ရန်ကုန်သို့ ပျံသန်းသော လေယာဉ် ခရီးစဉ်များကို ဆိုင်းငံ့ထားဆဲဖြစ်ပြီး ယနေ့ မွန်းလွဲအထိ အနည်းဆုံး စောင့်ဆိုင်းရမည် ဖြစ်သည်။
အစိုးရ ယန္တရား ရပ်ဆိုင်းနေပြီး နေပြည်တော်၏ ကွပ်ကဲမှု ရန်ကုန်တွင် ပြတ်တောက်နေဆဲ ဖြစ်သည်။ လူအသေအပျောက်နှင့် ပတ်သက်၍ ခန့်မှန်းရာတွင် ရန်ကုန်တွင် ဆယ်ဂဏန်းသာ ရှိမည်ဟု အမည်မဖော်လိုသူ ပြည်ထဲရေးဌာန အရာရှိတဦးက ပြောသည်။
ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များ ဖြစ်သော ဒဂုံမြို့သစ် တောင်၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ လှိုင်သာယာ၊ ရွှေပြည်သာတို့တွင် အပျက်အစီး များပြားသည်ဟု သတင်းထွက်ပေါ်နေသည်။ သို့သော် တယ်လီဖုံးလိုင်းများ ပြတ်တောက်နေ၍ အသေးစိတ် မသိရသေးပေ။
Padauk Myay
ReliefWeb: Updates by Country
- ADAM (Advanced Disaster Analysis & Mapping) Myanmar Update #2 Maximum Flood Extent, 17 July 2024 - 7/17/2024 - World Food Programme
- Myanmar - Cholera outbreak (DG ECHO, WHO, Myanmar Ministry of Health) (ECHO Daily Flash of 17 July 2024) - 7/17/2024 - European Commission's Directorate-General for European Civil Protection and Humanitarian Aid Operations
- Myanmar: Human Rights Situation weekly update (July 8 to 14, 2024) [EN/MY] - 7/17/2024 - Network for Human Rights Documentation-Burma
- Myanmar: Probable Flood Inundated Area in Sagaing, Mandalay and Magway Region as of 12 July 2024 - 7/17/2024 - UN Development Programme
- Myanmar: Probable Flood Inundated Area in Homalin and Paungbyin Township, Sagaing Region as of 12 July 2024 - 7/17/2024 - UN Development Programme
Welcome to the Mizzima News - Burmese Version
Error loading feed.
သတင်းမဵား
- စစ်ကိုင်းနဲ့ မန္တလေးက မြို့နယ်သုံးခု ဗုံးကြဲတိုက်ခိုက်ခံရပြီး လေးဦးသေ၊ ၁၃ ဦးဒဏ်ရာရ
- မြန်မာ့ငလျင်ဘေးအတွက် တောင်ကိုရီးယား ထောက်ပံ့ရေးပစ္စည်းတွေပေးပို့
- သာယာဝတီအကျဉ်းထောင် ညှဉ်းပမ်းနှိပ်စက်မှု အချက်အချာနေရာဖြစ်နေ
- အာဆီယံ နဲ့ မြန်မာစစ်ခေါင်းဆောင် ဧပြီ ၁၈ ရက် ဘန်ကောက်မှာ တွေ့ဆုံမည်
- RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ ဧပြီ ၁၄ ရက်)
VOA News: Burma
Error loading feed.
VOA News: Disasters and Accidents
Error loading feed.
NYI LYNN SECK 18+ DEN
Error loading feed.
CYCLONE NARGIS - Google News
MoeMaKa Media - မိုးမခ မီဒီယာ
- စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး - k
- ဇင်လင်း - နှစ်သစ်ကူးပြန်ပေါ့ … - Unknown
- လောကဓာတ်ခန်းသာဂိ - ရာဇဝင်ထဲမှာ ဇော်ဂျီကို ထားရစ်ခဲ့ - Unknown
- အေးငြိမ်း ● အခွင့်ထူးခံ လူတန်းစား - Aung Htet
- ကမ်လူဝေး ● ဒီမိုကရေစီ - Aung Htet
ဒေါက်တာလွဏ်းဆွေ
နေနတ်နွယ်
Error loading feed.
ကျွန်မ၏ ခံစားမှုများသီကုံးရာ လွတ်လပ်ခြင်းအနုပညာ
Promoting Humanity
Error loading feed.