http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Tuesday, May 27, 2008

    မုန်းတိုင်းကြားမှာ မွေးဖွားလာတဲ့ မနဒီ

    လူတွေ သေ ကျေ ပျက်စီးစေတဲ့ ပြင်းထန်လှတဲ့မုန်တိုင်းကြားမှာ မနဒီ လူ့လောက ထဲရောက်ရှိရင်သန်လာခဲ့တယ်။ အဲ့သည့်နေ့မှာ လပွတ္တာ မြို့နယ် ကန့် မလာရွာသူ ကိုယ်ဝန်ဆောင် မဌေးဝင်း (၄၂နှစ်) က ညနေ ၃း၀၀ နာရီ အချိန်ကတည်းက ရေမြွာပေါက်တယ်။ ညနေဘက် လေကြမ်းနဲ့အတူ ရေပါတက်လာတဲ့အချိန် ကျတော့ လွှတ်ရာလွှတ်ကြောင်းပြေးရင်း သစ်ပင်တစ်ပင် ပေါ်တက်နေခဲ့တယ်။ ဗိုက်ကလည်းနာ လေကလည်းကြမ်း ရေစီးကလည်း သန်နေဆဲပါ။ သစ်ပင်ပေါ်မှာ ဗိုက်ကို ဖိပြီးနေရတာ ကလေးလဲ ထွက်ကျမှာ ဆိုးလို့ ဟု မဌေးဝင်း က အဲ့သည်ည က အဖြစ်အပျက် ကို ပြန် ပြောပြတယ်။ ည ၁၂း၀၀ နာရီ တစ်ချက် လောက်ကျတော့ ဗိုက်ကအရမ်းအောင့်လာပြီး ရေလွတ်နေတဲ့ ကုန်းမြင့် ကလေးပေါ်မှာ ကလေးကို တစ်ယောက်တည်း အဖေါ် မပါမွေးခဲ့တယ်။ သမီးလေး မွေးဖွားခဲ့ပါတယ်။ ရေစကျပြီဆိုတော့ ၁၂း၀၀ နာရီ တစ်ချက်လောက်ရှိတယ်၊ ဘယ်သူမှ ကူမည့်သူမရှိဘူး။ တစ်ယောက်တည်း မွေးရတာ၊ အချင်းတွေဘာတွေလဲ မဖြတ်တတ်ဘူး။ လို့ မဌေးဝင်က ပြောတယ်။ ရွာမှာ သုံးရက်လောက်နေခဲ့ပြီး လပွတ္တာကို ခြေကျင် လျောက်လာခဲ့တယ်။ ကလေးငယ် ကတော့ မျက်နှာ မှာ ဒဏ်ရာ အနည်းငယ် ရရှိထားပေးမယ့် ကျန်းမာလျက်ရှိတယ်။ ကလေးကို နဒီ လို့ နာမည်ပေးထားတယ်။ သည်ကလေးငယ်ဟာ မဌေးဝင်းရဲ့ပဉ္စမမြောက်ကလေး ဖြစ်ပါတယ်။ သူတို့ မိသားစုတစ်ခုလုံး မုန်တိုင်းကြားက ထွက်ပြေးလွှတ်မြောက်ခဲ့ကြတယ်။