Padauk Myay
ReliefWeb: Updates by Country
Welcome to the Mizzima News - Burmese Version
သတင်းမဵား
VOA News: Burma
VOA News: Disasters and Accidents
NYI LYNN SECK 18+ DEN
CYCLONE NARGIS - Google News
MoeMaKa Media - မိုးမခ မီဒီယာ
ဒေါက်တာလွဏ်းဆွေ
နေနတ်နွယ်
ကျွန်မ၏ ခံစားမှုများသီကုံးရာ လွတ်လပ်ခြင်းအနုပညာ
Promoting Humanity
Saturday, May 31, 2008
ကိုယ်တွေ့ရန်ကုန်နာဂစ် ( Courtesy of drlunswe.blogspot.com)
နံနက်ခင်းကတည်းက မိုးတွေအုံ့မှိုင်းလို့နေသည်။ ရွာတော့ မရွာသေး။ နေရောင် မမြင်ရသဖြင့် ရန်ကုန်တမြို့လုံး ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေသည်။ နံနက် ၉း၀၀နာရီ၊ အီးမေးလ်ဖွင့်ကြည့်လိုက်တော့ US Embassy၊ ရန်ကုန်မြို့က အဆင့်မြင့် သတိပေးမှုတခု ပေးပို့ထားသည်ကို ဖတ်လိုက်ရသည်။ အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော ‘နာဂစ်’ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့ဘက်သို့ အရှိန်အဟုန်ပြင်းစွာ ရွှေ့လျားနေပြီး နောက်ထပ် သုံးနာရီအတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်သန်းတော့မည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် သတိပေးထားခြင်း ဖြစ်သည်။ ထိုနေ့က ရန်ကုန်မြို့၊ အမေရိကန်သံရုံး ပိတ်ထားလိုက်သည်။ အမေရိကန် မိုးလေ၀သဋ္ဌာန၏ သတိပေးချက်အရ မုန်တိုင်းအရှိန်ဖြင့် ပင်လယ်ဒီရေ (၁၈)ပေအထိ မြင့်တက်နိုင်သည်ဟု ဆိုသည်။ မုန်တိုင်းဒဏ်ခံရပြီးလျှင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန် အထူးသဖြင့် ‘သောက်ရေ’ အလုံအလောက် ရရှိရေး ကြိုတင်ပြင်ဆင်ထားရန် နှိုးဆော်ထားသည်။
အမေရိကန်သံရုံးမှ အီးမေးလ်ဖြင့် ကြိုတင်သတိပေး နှိုးဆော်မှုက အတန်အသင့် ထိရောက်သည်ဟု ဆိုနိုင်သည်။ နံနက် (၁၀)နာရီကျော်မှာပင် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ရန်ကုန်လူထုမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ “နောက်သုံးနာရီမှာ မုန်တိုင်းဖြတ်မယ်လို့ ပြောတယ်” သံရုံးအသိုင်းအ၀ိုင်းနှင့် နီးစပ်သူများ၊ ကုမ္ပဏီ ၀န်ထမ်းများက ‘မုန်တိုင်း’ သတင်းကို အထိတ်တလန့် ဖြစ်နေသော်လည်း သာမန်လက်လုပ်လက်စား အသိုင်းအ၀ိုင်းကတော့ သတိမူမိပုံမရ။ ထိုနေ့ထုတ် ကြေးမုံသတင်းစာတွင် ‘နာဂစ်’ မုန်တိုင်းသတင်းအကြောင်း မိုးလေ၀သဋ္ဌာနမှ ဦးထွန်းလွင်၏ ပြောကြားချက် ပါသော်လည်း ထိရောက်သော သတိပေးမှုမျိုးမပါ။ အစိုးရထုတ် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံက ပုံမှန်အတိုင်း နေ့လည်လောက်မှ ထွက်သည်။ ရန်ကုန်လူထု အများစု သတင်းစာ မဖတ်သဖြင့် ‘နာဂစ်’ သတင်းကို မသိကြ။
မွန်းလွဲ ၁း၀၀နာရီကျော်တွင် ရန်ကုန်တစ်မြို့လုံး မိုးတွေအုံ့မှိုင်းပြီး စတင်ရွာသည်။ တချို့နေရာတွေမှာ မိုးသည်းပြီး တချို့နေရာတွေမှာတော့ စွေရုံမျှ စွေသည်။ ခါတိုင်း မုန်တိုင်းရှိသည်ဆိုသော သတင်းထွက်လျှင် သည်လိုပဲ မိုးတွေ တအားရွာသဖြင့် မိုးစဲသွားလျှင် မုန်တိုင်းပြီးပြီဟု ရန်ကုန်လူထု အများစု မှတ်ယူထားကြသည်။ မိုးက မွန်းလွဲပိုင်းမှစပြီး တောက်လျှောက် တစ်ညနေလုံး ရွာသည်။ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေစတင်လွှမ်းသည်။ သို့သော် ကြီးကြီးမားမား ထိခိုက်မှု ဘာမျှမရှိသေး။ သည်လိုနှင့် မေ(၂)ရက်နေ့ညကို ဖြတ်သန်းခဲ့သည်။
ည(၈း၀၀)နာရီ ကျော်ကျော်တွင် အရှေ့ဘက်မှ လေတွေ တဟူးဟူး အော်ပြီး တိုက်လာသည်။ လေသာတိုက်ပြီး မိုးမပါသေး။ လေတိုက်နှုန်းက သမားရိုးကျတိုက်ပြီး ရပ်သွားသည်မဟုတ်။ တရစပ်အားဖြင့် တိုက်နေရာ သစ်ပင်ကြီးများအားလုံး အနောက်ဘက်သို့ ယိမ်းညွှတ်ပြီး အကိုင်းတွေ အရွက်တွေ စတင်ပြတ်ထွက်သည်။ လေဒဏ် ခံနိုင်စွမ်းမရှိသော အပင်ကြီးအချို့ မြေသို့ ဗုန်းဗုန်းလဲပြိုသည်။ အိမ်ပြတင်းမှန်များ လေဒဏ်ကြောင့် ဖျောင်းခနဲ ဖျောင်းခနဲ ကွဲသည်။ အိမ်ခေါင်းမိုကို နာနာဘာဝ တစ်ကောင်လို လာရောက် ဆွဲမွှေ့နေသည့် အသံက လေသံနှင့် ရောနေသည်။ လေနှင့်အတူ မိုးများပါလာပြီ။ အိမ်ပြတင်းတံခါးကို မည်သူမျှ မဖွင့်ရဲ။ တောဆင်ရိုင်း တစ်ကောင်လို တဟူးဟူး အသံပေးပြီး ၀င်လာသော လေပြင်းနှင့် ယိမ်းထိုးနေသော သစ်ပင်ကြီးများကို အမှောင်ထဲမှာ မြင်ရသည်။ ပုံမှန်လျှပ်စစ်မီး မရသော ရန်ကုန်မြို့သည် ထိုနေ့ မွန်းလွဲပိုင်းကတည်းက လျှပ်စစ်ဓာတ်အားလိုင်း အားလုံးကို ဖြတ်ထားလိုက်ပြီ။
ဖျောင်းခနဲ သစ်ကိုင်းကျိုးသံ၊ ၀ုန်းခနဲ အိမ်ခေါင်မိုး လန်ကျသံ၊ ဗြန်းခနဲ အဝေးမှ လေနှင့်အတူ ပြုတ်ကျလာသော အရာဝတ္ထုသံများ ဆူညံနေသည်။ ခေါင်မိုးတွင် တပ်ထားသော ဂြိုဟ်တုစလောင်းမှာ ထီးရွက်စုတ်တစ်ခုလို အရိုးတံပဲ ကျန်ခဲ့သည်။ ညသန်းခေါင်ကျော် နောက်တစ်နေ့ နံနက် ၄း၀၀နာရီ ကျော်မှာတော့ စောစောက အရှေ့ဘက်မှ တိုက်နေသော လေသည် အနောက်ဘက်မှ တဟူးဟူး ပြန်တိုက်လာသလို ရေတိုင်ကီတွေ မှောက်ချလိုက်သလို မိုးက ဒလဟော သည်းထန်စွာ ရွာသည်။ အိမ်ခြံဝင်းထဲမှာ ပေါင်လယ်လောက် ရေ၀င်လာသည်။ ပုံမှန်မိုးသည်းလျှင်တောင် ခြေမျက်စိလောက်ပဲ ရေမြုပ်သည့် နေရာမှာ ရေဒလဟော ၀င်လာသဖြင့် အောက်ထပ်တခုလုံး ရေလွှမ်းသည်။ စာအုပ်စင်၊ ကွန်ပျူတာ၊ အရေးကြီး ပစ္စည်းများအားလုံး ရေလွတ်ရာ သိမ်းကြုံးရွှေ့ပြောင်းရသည်။ “အမေတို့ တသက်နဲ့ တကိုယ် တစ်ခါမှ မကြုံဖူးဘူး” အိမ်ရှိ အသက် ၈၀ကျော် အမေအိုက မှတ်ချက်ချသည်။
နံနက်(၈း၀၀)နာရီအထိ မိုးရော လေရော ကောင်းနေတုန်းဖြစ်သည်။ လမ်းပေါ်ကြည့်လိုက်တော့ တစ်နွေလုံး အရိပ်ပေးထားသည့် ခရေပင်တွေ တစ်ပင်မျှ မရှိတော့။ အားလုံး အမြစ်ကျွတ်ကာ လဲပြိုပြီး လမ်းမပေါ် တုံးလုံးပက်လက် ဖြစ်နေသည်။ နေ့လည် (၁၁း၀၀)နာရီ အကျော်မှာ မိုးရောလေရော အရှိန်နည်းနည်း လျော့လာသည်။ လမ်းမပေါ် လူတချို့ ထွက်လာသည်။ အိမ်ရှေ့မှာ ရေကြီးနေပြီ။ ရပ်ကွက်တခုလုံး ရေလွှမ်းထားသည်။
အခြေအနေ သိချင်သဖြင့် အိမ်ထဲမှ ထွက်ခဲ့သည်။ ပေါင်လယ်လောက် ရောက်နေသော ရေထဲမှဖြတ်၍ လမ်းမရှိရာ မှန်းလာခဲ့သည်။ လမ်းရှာမရတော့။ လမ်း၏ ဟိုဘက်သည်ဘက်မှ သစ်ပင်ကြီးများအားလုံး လဲကျသဖြင့် ရှေ့ဆက်၍ မရတော့။ တယ်လီဖုန်းတိုင်များ ပြိုကျနေသည်။ ကွန်ကရစ် ဓာတ်တိုင်များ လမ်းမပေါ် အတုံးအရုံး ကျိုးကျနေသည်။ သစ်ကိုင်းများ၊ ဓာတ်ကြိုးများကို ဖယ်ရှားပြီး လူတစ်ကိုယ်စာ ရှောင်ရှားရင်း လမ်းမပေါ် မရောက်အရောက် ထွက်ခဲ့သည်။ လူတွေအားလုံး မင်သက်မိနေသည်။ လမ်းဆုံလမ်းခွရှိ အချက်ပြ မီးတိုင်များ တုံးလုံးပက်လက် လဲပြိုသလို ကြော်ငြာဆိုင်းဘုတ်ကြီးများ လမ်းပေါ်ပြားကျနေသည်။ သစ်ပင်ကြီး အားလုံးနီးပါး လဲပြိုကာ ကျန်နေသော အပင်အားလုံး အရွက်ကြွေကုန်သဖြင့် မြင်နေကျ ရန်ကုန်မြင်ကွင်းမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ စစ်ကြီးပြီးစ မြင်ကွင်းမျိုး။ မကြာသေးမီကမှ ဗုံးဒဏ်ခံလိုက်ရသလို မြင်ကွင်းမျိုး။
ဘယ်မှာလဲ ကြက်ခြေနီ၊ ဘယ်မှာလဲ မီးသတ်၊ ဘယ်မှာလဲ ကြံ့ဖွတ်၊ ဘယ်မှာလဲ ရဲ၊ ဘယ်မှာလဲ စစ်တပ်။
လမ်းမပေါ်မှာ အတုံးအရုံး လဲပြိုနေသော သစ်ပင်ကြီးများကြောင့် ယာဉ်သွားလာမှု လုံးဝရပ်တန့်သွားသည်။ ဟိုနားသည်နား ဆိုက္ကားခ ၃၀၀၀၊ ၄၀၀၀။ တက္ကစီ ၁၀၀၀၀။ ဘတ်(စ်)ကား ၅၀၀ကျပ်။ လမ်းပေါ်မှာ အပင်ကြီးတွေ လဲနေသဖြင့် အချို့ကားများ ရှောင်ကာကွင်းကာ မောင်းသွားရသည်။ အချို့လမ်းများ လုံးဝ သွားမရတော့။ တာမွေအ၀ိုင်းကြီးထိပ်ရှိ ရွှေညောင်ပင်ကြီး လမ်းမပေါ် တုံးလုံးလဲကျသည်။ လမ်း၏ ဟိုဘက်ခြမ်းမှ ကြော်ငြာဘီလ်ဘုတ်ကြီးက အလျားလိုက် တစ်ဖက်ခြမ်းသို့ လဲကျသဖြင့် လမ်းပိတ်သွားသည်။ ဦးဝိစာရလမ်းတလျှောက် အပင်ကြီးများအားလုံး လဲပြိုသည်။ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ လူသုံးဖက်စာလောက် ကြီးသော ကုက္ကိုပင်ကြီးမှာ လမ်းပေါ်အလျားလိုက် လဲကျသဖြင့် နောက်ငါးရက်လောက်အထိ သည်အတိုင်း ပိတ်ဆို့နေသည်။
မုန်တိုင်းစဲပြီး နောက်တနေ့အထိ ရန်ကုန်မြို့မှာ ငြိမ်သက်နေသည်။ ဘာကယ်ဆယ်ရေးမှ မရှိ။ ဘာအကူအညီမှ မလာ။ ကိုယ့်အိမ်ရှေ့ သစ်ပင် ကိုယ့်ဖာသာကိုယ် ခုတ်ရှင်း။ အတုံးအရုံး အလဲအပြို အကျိုးအပျက်များ … သည်အတိုင်း … ရှင်းမည့်သူ မရှိ၊ ကူမည့်သူ မရှိ၊ တစ်ရက် နှစ်ရက် သုံးရက် …။
“ကျွန်တော်တို့ ပြည်သူတွေဟာ မိဘမဲ့ ကလေးတွေလို အားကိုးမဲ့ကြရတယ်။ တာဝန်ယူသူမဲ့၊ စောင့်ရှောက်သူမဲ့နဲ့ အစွန့်ပစ်ခံတွေလို နေကြရတယ်။ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရဟာ ကိုယ့်ပြည်သူပြည်သားတွေ ဒုက္ခရောက်နေတာကို မသိကျိုးကျွံ လျစ်လျူရှုနေနိုင်ခဲ့တယ်။ ဘာမှ မဖြစ်သလို၊ ဘာမှ မဆိုင်သလို လက်ပိုက်ကြည့်နေတာဟာ အင်မတန် အကြင်နာကင်းမဲ့တဲ့ လုပ်ရပ် လူသားချင်း စာနာစိတ်ကင်းမဲ့တဲ့ လုပ်ရပ်ပဲ”
“ဆန္ဒပြတဲ့ လူတွေကို သေနတ်နဲ့ပစ် ဖြိုခွဲဖို့ လက်မနှေးတဲ့ စစ်တပ်၊ အခု လူတွေ ဒုက္ခရောက်နေတော့ ဘယ်ရောက်နေသလဲ”
“မနေ့တနေ့က ဆန္ဒမဲပေးဖို့ လိုက်ဆွယ်နေတဲ့ ကြံ့ဖွတ်တွေရော ဘယ်ရောက်ကုန်ပြီလဲ”
နာဂစ်မုန်တိုင်း ၀င်မွှေအပြီး ရန်ကုန်သူ ရန်ကုန်သားတို့၏ ရင်ထဲမှ အသံတွေက ပွက်လောရိုက်လို့ နေတော့သည်။
(စီ.ဂျေ)
Wednesday, May 28, 2008
Tuesday, May 27, 2008
မုန်းတိုင်းကြားမှာ မွေးဖွားလာတဲ့ မနဒီ
အိမ်တစ်လုံးက လူ၉၀ကို မုန်တိုင်းဒဏ်ကာကွယ်ပေးခဲ့
အဲသည်နေ့က မပြုံးကြည်(၄၃)နှစ်ရဲ့ အိမ်ပေါ်မှာ လူအယောက်၉၀ကျော်ခန့်ရှိနေခဲ့တယ်။ လေကြမ်းနဲ့အတူရေတဖြည်းဖြည်းတက်လာတဲ့အချိန်က စပြီးသည်အိမ်ပေါ်ကို တဖြည်းဖြည်း လူတွေရောက်လာကြတာ။ သည်အိမ်မှာ အမှန်တကယ်နေတာ အမျိုးသမီး နှစ်ယောက်တည်း။ ပထမတော့ မပြုံးကြည် ခေါင်းရင်းအိမ်ကကိုသိန်းဝင်း(၄၅နှစ်)အိမ်မှာလည်း လူ၂၀လောက် ရှိတယ်။ လေအရမ်းကြမ်းလာတဲ့အချိန်မှာ ကိုသိန်းဝင်းရဲ့ဘေးအိမ်ကပြိုကြပြဲီး ပိတာရယ်၊ သရက်ပင်ပိတာရယ်ကြောင့် ကိုသိန်းဝင်းအိမ်ပါပြိုတယ်။ ကိုသိန်းဝင်းအိမ်မှာရှိတဲ့ လူတွေကော နှစ်အိမ်ပေါင်းကလူ ၉၀ကျော် မပြုံးကြည်အိမ်ပေါ်ရောက်လာတယ်။ မေ ၂ ရက်က နာဂစ်ဆိုက်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံမြစ်ဝကျွန်းဒေသေကို ၀င်ရောက်တိုက်ခတ်စဉ်က ကွမ်းခြံ ကုန်းမြို့နယ်၊ တော်ပုလဲရပ်ကွပ်က လူအများစုကို ကယ်တင်နိုင်ခဲ့တဲ့ အိမ်ကလေး အကြောင်းပါ။ မေ ၂ ရက်ည လေစကြမ်းကတည်းက မပြုံးကြည်နဲ့အတူနေ မမြင့်အေး(၄၇နှစ်) နဲ့ကိုသိန်းဝင်း တို့က မခိုင်တဲ့အိမ်ကလူတွေ သူတို့အိမ်တွေအပေါ် ပြောင်းလာနေကြဖို့ လိုက်အော်ပြောကြတယ်။
နောက်တော့ ကိုသိန်းဝင်းရဲ့ ပျဉ်ခင်း၊ ၀ါးထရံကာ၊ သွပ်မိုးအိမ်လေးပါ ပြိုလဲခဲ့တယ်။ ပျဉ်ထောင်ပျဉ်ခင်း၊သွပ်မိုးထားတဲ့ မပြုံးကြည်အိမ်လေးကတော့ ကံကောင်းစွာနဲ့ မပြိုမပျက်နိုင်ဘဲ ကျန်ခဲ့တယ်။ “ဒီအိမ်ကလေးကျန်ခဲ့လို့ ကျွန်မတို့အသက်ရှင်တာ၊ ဒီအိမ်လေးသာ ပြိုခဲ့ရင် အိမ်ပေါ်ကလူအများစုသေမှာပဲ” လို့ လာရောက်ခိုလှုံခဲ့တဲ့ အမျိုးသမီး တစ်ဦးက ပြောတယ်။ အဲသည်အနီးအနားက အိမ်ခြေအများစုဟာ မုန်တိုင်းကြောင့် ရာနှုန်းပြည့်ပျက်စီးခဲ့တယ်။ ပျက်စီးသွားတဲ့အိမ်ကလူတွေ သည်အိမ်ကလေးမှာ စုရုံးရောက်လာကြတာပါ။ “ဒီအခန်းထဲမှာတင် လူ၂၀လောက်ရှိတယ်၊ ကျပ်ညပ်ပြွတ်သိပ်ပြီးနေရတာ” လို့ ကိုသိန်းဝင်းက ခုနှစ်ပေပတ်လည်လောက်ရှိမယ့် အိမ်ခန်းတစ်ခုကို ညွှန်ပြရင်းပြောတယ်။ “ရေကအိမ်ပေါ်တင် ခါးကျော်တယ်” လို့ မပြုံးကြည်ကပြောတယ်။ မနက် ၅နာရီခွဲလောက်မှ ရေကလျော့တယ်ဆိုရုံဖြစ်လာတယ်။ အဲသည်အချိန်မှာ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ ဓါတ်မီးလေးတွေနဲ့ ရေထဲမှာ စမ်းတ၀ါးဝါးလျောက်ရင်း ကုန်းမြင့်ပိုင်းကို ပြောင်းရွှေကြတယ်။ “ရေစီးကအရမ်းကြမ်းတော့ လမ်းမှာသစ်ငုတ်တစ်ခုကို ဖက်ထားရသေးတယ်၊ ဓါတ်မီးသာမရှိရင် မလွယ်ဘူး” လို့ကိုသိန်းဝင်းကပြောတယ်။ တော်ပုလဲတစ်ရပ်ကွက်လုံးနီးပါး ပျက်စီးခဲ့တာကြောင့် အများစုက ရပ်ကွက်ဘုန်းကြီးကျောင်းမှာ သွားနေကြရတယ်။ ဘုန်းကြီးကျောင်းလည်း အမိုးအချို့လန်ထွက်တာကြောင့် အမိုးအကာရှိတဲ့နေရာလေးမှာ စုရုံးခိုလှုံနေတာတွေ့ရတယ်။ တချို့ကလည်း မြို့ပေါ်ကနီးစပ်ရာဆွေမျိုးတွေအိမ်မှာ သွားနေကြတယ်။ မုန်တိုင်းတိုက်ခတ်ခံရပြီးနောက်ပိုင်းမှာ ရေစိုဆန်တွေပဲစားခဲ့ရတယ်။ ရေတ၀က်လောက်ပဲရှိတဲ့ အိုးတွေကရေကြီးလာတဲ့အခါ ရေပေါ်ပေါလောမျောနေတယ်။ အဲသည်အိုးထဲက ရေတွေလိုက်စုပြီး သောက်ရေလုပ်ခဲ့ရတယ်လို့ ပြောကြတယ်။ အပျက်အစီးအသေအပျောက်များခဲ့ရတာက လေနဲ့အတူပါလာတဲ့ ရေလှိုင်းတွေကြောင့်လို့ ဆိုကြတယ်။ “ပင်လယ်ရေပါတက်လာတော့ လှိုင်းလုံးတစ်လုံးတစ်လုံးဆိုတာ မနည်းဘူး၊ ချောင်းရေလောက်တော့ ကျွန်တော်တို့ကစာမဖွဲ့ဘူး” လို့ကိုသိန်းဝင်းကပြောတယ်။ သူ့အိမ်ပြိုတဲ့အပြင် ဘာပစ္စည်းမှပြန်မရတော့ဘဲ သူဝတ်ထားတဲ့အ၀တ်တစ်စုံသာ ကျန်ခဲ့တယ်လို့ဆိုတယ်။ အဲသည်ရပ်ကွက်မှာ မိသားစုဝင်ခြောက်ယောက်ရှိတာ ငါးယောက်သေဆုံးသွားလို့ အသက် ၂၇နှစ်အရွယ် အမျိုးသမီးတစ်ဦး စိတ်ဝေဒနာခံစားနေရတယ်လို့လည်းပြောကြတယ်။ မုန်တိုင်းကြောင့် ရပ်ကွက်တစ်ခုလုံးပျက်စီးခဲ့ရပြီး မိသားစုတွေပါတစ်ကွဲတစ်ပြားဖြစ်ခဲ့ရတယ်။ ကိုသိန်းဝင်းက သူ့သားကိုရင်ဝတ်နေတဲ့ ဘုန်းကြီးကျောင်းမှာ အခုလောလောဆယ် လိုက်နေတယ်။ ကျောင်းဖွင့်ချိန်ကြရင် သူ့သားကိုကျောင်းထားနိုင်ဖို့ အဆင်ပြေမယ့်တစ်နေရာရာကို ပြောင်းရွှေ့မယ်လို့ဆိုတယ်။ သူ့ဇနီးတော မိဘတွေစီပြန်ပို့ထားမယ်လို့ပြောတယ်။ “အရင်က ဒီနေရာကနေကြည့်လိုက်ရင် စိမ်းစိမ်းစိုစို လေကလေးတဖြူးဖြူးနဲ့ အရမ်းသာယာခဲ့တာ၊ အခုတော့ဒီနေရာမှာ နေရာတာ နှလုံးမသာယာတော့ဘူး၊ မိသားစုတွေလည်းတစ်ကွဲတစ်ပြားဖြစ်နေတယ်၊ ဒီနေရာမှာ ကြာကြာနေရင် ကယ်ပါယူပါအသံတွေနဲ့ မျက်စိထဲပြန်မြင်လာတယ်၊ ဒါကြောင့်မနေချင်တော့ဘူး” လို့ ကိုသိန်းဝင်းကပြောတယ်။
အလှူရှင်များအားအစိုးရအကြည်ညိုပျက်စေမှုဖြင့် ဖမ်း ဆီး
ချိန်မှာ တနိုင်တပိုင် အကူအညီပေးဖို့ သွားခဲ့ကြတဲ့ စေတနာရှင်တွေရဲ့ ကားတွေကို အာဏာပိုင်တွေက တားဆီးပိတ်ဆို့မှုတွေ လုပ်နေပါတယ်။ ဧရာဝတီတိုင်းဘက်မှာ မုန်တိုင်းကယ်ဆယ်ရေးလုပ်ပြီး ရန်ကုန်ဘက်ပြန်လာတဲ့ ကားအစီး ၂၀ နီးပါးကို
မေလ ၂၅ ရက် တနင်္ဂနွေနေ့ကစပြီး ဖမ်းဆီးမှုတွေလုပ်ကာ နိုင်ငံတော်ကို အကြည်ညို ပျက်အောင်လုပ်မှုနဲ့ ကားပိုင်ရှင်တွေကို တရားစွဲမယ်ဆိုပြီး ဖိအားတွေပေးနေပါတယ်။
အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြ
ပေးထားပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းကိုသွားပြီး ကူညီကယ်ဆယ်ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်ခဲ့တဲ့ ကားတွေကို ၂၅ ရက်နေ့ညကစပြီး လှိုင်သာယာတံတားထိပ်
ကနေ ဖမ်းဆီးခဲ့ပြီး ကားပိုင်ရှင်တွေကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ပုဒ်မတပ်
နေပါတယ်။ ကားတွေဖမ်းဆီးခံရပုံ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ
ဘန်ကီ-မွန်း (Ban Ki-moon) နဲ့ စစ်အစိုးရ တွေ့ဆုံပြီးမှ ဖြစ်ထွန်းမှု၊ ဆုတ်ယုတ်မှုတွေ
ကို မုန်တိုင်းကယ်ဆယ်ရေးလုပ်နေတဲ့ စွယ်စုံအနုပညာရှင် ကိုဇာဂနာက အခုလို
ပြောပါတယ်။
“လှူလို့တဲ့။ ပြန်ပြီးတော့ လွတ်လာတဲ့အခါကျတော့ ခင်ဗျားတို့ ဘာဖြစ်လို့ သွားလှူလဲ။
အဲဒီလို လှူတဲ့တန်းတဲ့ဥစ္စာက နိုင်ငံတော်ကလုပ်မယ့် အစီအစဉ်တွေပေါ့။ အခုလို လှူတဲ့ တန်းတဲ့ဟာတွေ ခင်ဗျားတို့ သွားလုပ်တဲ့အခါကျတော့ နိုင်ငံတော်က လုပ်မပေးသလို
ဖြစ်တယ်ပေါ့။ အဲဒါကြောင့် ခင်ဗျားတို့က နိုင်ငံတော်ကို အကြည်ညိုပျက်အောင်လုပ်
သလို ဖြစ်နေတယ်ဆိုပြီး အဲဒီလို ပုဒ်မအကြီးကြီးတပ်ပြီးတော့ ဖမ်းလိုက်တာ။ အခု
ထက်ထိ ပြန်မလွှတ်သေးဘူး။ အခုနေ့ခင်းကျမှ ပြန်ခေါ်ထားတယ်၊ ကားပိုင်ရှင်တွေကို။ တောက်လျှောက်လှူလာတဲ့သူတွေက ပြည်သူတွေ၊ အရပ်သားတွေပေါ့။ အဲဒီကားတွေ
ကို အခုဖမ်းလိုက်ပြီ။ ပြီးတော့ အခုထက်ထိ ကားပြန်မလွှတ်သေးဘူး။ ကားတွေကို
သိမ်းထားတယ်။ ကားပိုင်ရှင်တွေကို နေ့လယ်ကျရင် ပြန်လာပါပြီး ခေါ်ထားတယ်။
“အဲတော့ ဒီလူတွေက ဆက်လှူရမှာလား၊ မလှူရဘူးလား၊ သူတို့ကို လှူခွင့်မပေးတော့
ဘူးလား၊ ဘန်ကီမွန်းတို့ပဲ လှူတော့မှာလား၊ အဲဒါကို ကျနော်နားမလည်ဘူး။ ဘန်ကီမွန်း ဒီအကြောင်းတွေရော သိရဲ့လား။ အဲဒါ မေးချင်တယ်၊ ဘန်ကီမွန်းကို။ ဘန်ကီမွန်း
ဒီအကြောင်းတွေကို မသိလောက်ဘူးထင်တယ်။ ဒါတွေက ဒီလိုဖြစ်သွားတဲ့အတွက်
အစိုးရကို ထိခိုက်စရာမရှိပါဘူး။ လှူတဲ့တန်းတဲ့လူတွေက ဒီလိုပဲ တောက်လျှောက်လှူ
လာတာပဲ၊ မြန်မာလူမျိုးဆိုတာက။”
ဒီနေ့မှာတော့ ဧရာဝတီတိုင်းကိုထွက်မယ့်ကားတွေကို လှိုင်သာယာတံတားထိပ်မှာပဲ စစ်ဆေးမေးမြန်းမှုတွေ လုပ်နေပြီး ကယ်ဆယ်ရေးသွားမယ့် ပုဂ္ဂလိက စေတနာ့
ဝန်ထမ်းတွေကို သွားခွင့်မပေးဘဲ ပိတ်ထားပါတယ်။ အခုဆိုရင် မအူပင် ကယ်ဆယ်ရေး
စခန်းက ဒုက္ခသည်တွေကိုလည်း နေရပ်ရင်းကို ပြန်ပို့နေတယ်လို့လည်း ကိုဇာဂနာက အခုလိုပြောပြပါတယ်။
“မအူပင်ကယ်ဆယ်ရေးစခန်းက လူ ၅,၀၀၀ လောက်ရှိတယ်။ အဲဒါတွေအကုန်လုံးကို ဘိုကလေးကိုပြန်ပို့တော့ အခု ဘိုကလေးကို အကုန်ပြန်ရောက်သွားပြီ။ ပြန်သွားတဲ့လူ
အကုန်လုံးကို ရေသန့် ၂ ဘူးပဲပေးပြီး လွှတ်လိုက်တာ။”
မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ အကူအညီတွေကို လက်ခံလိုက်ပြီလို့ ပြောနေ
ပေမယ့်လည်း အခုထက်ထိ မယ်မယ်ရရ ၀င်ခွင့်ပေးမှုတွေ မလုပ်သေးသလို မြန်မာ
ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိက အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေကိုလည်း ပိတ်ပင် တားဆီးနေတဲ့အတွက် မုန်တိုင်းခံရတဲ့ ပြည်သူတွေရဲ့ အခြေအနေဟာ တနေ့ထက်
တနေ့ ဆိုးရွားလာပြီး တချို့ဆိုရင် ကူးစက်ရောဂါတွေနဲ့ သေဆုံးမှုတွေ၊ အဟာရမပြည့်
စုံမှုတွေ ရှိလာနေပြီလို့လည်း ဒုက္ခသည်တွေက ပြောပြပါတယ်။
Monday, May 26, 2008
လေဘေးဒုက္ခသည်များကို ကူညီတဲ့ ကား ၇ဝ ကျော် ဖမ်းဆီးခံရ( Mizzima)
ချင်းမိုင်။ ။ ဧရာဝတီတိုင်းအတွင်း လေဘေး ဒုက္ခသည်များကို ကူညီပြီး ပြန်လာသည့် အလှူရှင်များ၏ ကားစီးရေ ၇ဝ ကျော်ကို ယမန်နေ့က ရန်ကုန်သို့ ပြန်အဝင်တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်။
ရန်ကုန်သို့ ပြန်ဝင်လာသည့် ကားများကို ရဲမှူးကြီး လူလူဝင်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက လှိုင်သာယာမြို့ ပန်းလှိုင် တံတားအနီးတွင် ယမန်နေ့ ညနေပိုင်းမှ စတင်ကာ တညလုံး ဖမ်းဆီးနေခဲ့ခြင်း ဖြစ်သည်။
“တံတား ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် အစီး ၅ဝ လောက် တန်းထားတယ်။ နောက် အင်းစိန် ဂျီတီအိုင် ဝင်းထဲမှာ ၂၂ စီး။ မနေ့ည ၈ နာရီကမှ ဖမ်းတာ။ အခု လောလောဆယ် ပြန်မပေးသေးဘူး၊ အခုထိပါပဲ။ ကားပိုင်ရှင်တွေကို ဒီနေ့ ခေါ်တယ်။ ကား ပြန်မပေးသေးဘူး” ဟု အန်အယ်ဒီ လူငယ်အဖွဲ့ (ဗဟို) မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ဖမ်းဆီးရခြင်းသည် ဥပဒေ ချိုးဖောက်ခြင်းကြောင့်ဟု ရဲများက ပြောဆိုသည့်အပြင် လှူဒါန်းလိုများသည် ရန်ကုန်တိုင်း ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒေးဒရဲမြို့ရှိ မြို့နယ် မယက အာဏာပိုင်များကို အကူအညီ တောင်းပြီးနောက် လှူဒါန်းရန်နှင့် လမ်းပေါ်သို့ ပစ်ချပေးခြင်းသည် အကျင့်စာရိတ္တ ပျက်ပြားစေသော စိတ်ဓာတ်များ ပေါ်ပေါက်ရန် နှိုးဆော်ပေးသည့်အတွက် ထိုကဲ့သို့ မလှူဒါန်းရန် ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ကြေညာချက် ထုတ်ခဲ့သည်ဟု ဆိုသည်။
အနုပညာရှင် ကိုဇာဂနာက “ဒီလို လှူဒါန်းတာက ပြဿနာမရှိဘူး။ ဒါပေမဲ့ လမ်းလယ်ခေါင်မှာ ဟိုပစ်ပေး ဒီပစ်ပေး၊ နောက်ပြီး ပြဿနာတွေလည်း ဖြစ်တယ်ပေါ့လေ။ အဲလိုမျိုးကျတော့ လှူဒါန်းတာတွေက လှူရာမရောက်ဘူး။ နောက်တော့ နိုင်ငံတော်က စနစ်တကျ လုပ်တာကို အနှောင့်အယှက် ဖြစ်တယ်ပေါ့။ ဒုက္ခသည်တွေက စခန်းသွားဖို့ လုပ်တာကို သူတို့က စခန်းမသွားဘဲနဲ့ လမ်းပေါ်မှာပဲ လုပ်တာပေါ့လေ။ တချို့က အဲလိုရှိတယ်” ဟု ဖမ်းဆီးရာ၌ အကြောင်းပြပုံကို ပြန်ပြောပြသည်။
ကားများကို အင်းစိန် ရွာမရှိ ဂျီတီအိုင် ကျောင်းထဲတွင် ထားရှိကာ ကားပိုင်ရှင်များကို ယနေ့တွင် ထပ်မံခေါ်ထားကြောင်းနှင့် ယခု ဖမ်းဆီး နေသူများသည် ကျိုက္ကဆံ စစ်ကြောရေး စခန်းမှ စစ်တပ်နှင့် ရဲများဖြစ်ကြောင်း ကြားသိရသည်ဟု နာရေး ကူညီမှုအသင်းမှ ရုပ်ရှင်မင်းသား (ဦး) ကျော်သူက ပြောသည်။
“အများ ပြောနေတာက ကျိုက္ကဆံ စစ်ကြောရေးက ခေါ်သွားတယ်လို့ ပြောတယ်။ ရဲရော၊ စစ်တပ်ရော ပါမယ်ထင်တယ်။ ညဘက် ကားအစီး ၁ဝဝ လောက်ရှိမယ်။ မနေ့က ကား တော်တော်များတယ်၊ ကျနော်တို့ ကားတော့ အဖမ်းမခံရဘူး။ ဒီနားက သူတို့က အသင်းအဖွဲ့တော့ မဟုတ်ဘူးပေါ့နော်။ ဆန်တို့သွားလှူတာ ဟိုင်းလပ်စ် နှစ်စီးလည်း ကားရော လူရော အဖမ်းခံရတယ်။ လူကိုတော့ ညမိုးချုပ်မှ ပြန်လွှတ်လိုက်တယ်” ဟု ဦးကျော်သူက ပြောသည်။
သူက ဆက်ပြီး “နိုင်ငံတကာ လူကြီးတွေလည်း ရောက်နေတာကို အဲလို လုပ်နေတယ်ဆိုတော့ မကောင်းပါဘူး။ အကုန်လုံးက မြန်မာလူမျိုး မိသားစုတွေ။ ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးကြတာကို အဲလိုကြီး ဖမ်းဆီးတာကတော့ မကောင်းပါဘူး။ ဒီနေ့ ကျနော်တို့ကို လာပြီး သတိပေးတာရှိတယ်။ ကားတွေကို အပြစ်ရှာတယ်ပေါ့လေ။ မီးလင်းလား၊ မီးမလင်းရင် ယာဉ်စည်းကမ်းနဲ့ ဖမ်းမယ်လို့ ပြောတယ်” ဟု ပြောသည်။
ထို့အပြင် ယနေ့တွင်လည်း ရန်ကုန်မှ ဝင်လာမည့် လေးဘေးကူညီရေး အလှူရှင်များ၏ ကားများကို ဒေးဒရဲ၊ မအူပင် ဂိတ်များတွင် အာဏာပိုင်များက တားဆီးထားသဖြင့် အလှူရှင်များက ကားနှင့် အစောင့် ထားခဲ့ကာ ပြန်လှည့်ရကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ ဒေါ်မြင့်မြင့်မူက ပြောသည်။
ယနေ့တွင် လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်တံတား အနီးတွင် လုံထိန်းများလည်း ချထားသည်။
Saturday, May 24, 2008
အိုစမာဘင်လာဒင် မှ မြန်မာနိုင်ငံ အား အကူအညီပေးလို ကြောင်းပြောကြား
“မြန်မာနိုင်ငံမှာ လေမုန်တိုင်းဒဏ် ခံရလို့ ဒုက္ခရောက်နေရသူတွေကို ကမ္ဘာတ၀ှမ်းမှာရှိတဲ့ မူဆလင်တွေက ၀ိုင်းဝန်းကူညီကြပါ”
ရှောင်ပုန်းနေတဲ့ နေရာကနေပြီးတော့ မြန်မာပြည်က မုန်တိုင်းဘေးနဲ့ ပတ်သက်ပြီး ပြောကြားထားတဲ့ ရေဒီယို သတင်းထုတ်ပြန်ချက်ထဲမှာ အိုစမာဘင်လာဒင်က အခုလို တိုက်တွန်း ပြောဆိုထားတာပါ။ သူရဲ့ ပြောကြားချက်တွေထဲမှာ “ဂျူးတွေနဲ့ မွတ်ဆလင်ဘာသာအပေါ် မယုံကြည်သူတွေကို ဆန့်ကျင်တိုက်ခိုက်နေ တဲ့ မြင့်မြတ်တဲ့ ဘာသာရေးစစ်ပွဲဟာ အရေးကြီးပါတယ်။ ဒါပေမယ့် ဒီ့ထက်အရေးကြီးနေတာက မြန်မာပြည်က ရင်နင့်စရာ လူသားချင်းဆိုင်ရာ ဖြစ်ရပ်ကြီးပါပဲ”လို့ အိုစမာဘင်လာဒင်က ပြောကြားထားပါတယ်။
“ဘုရားသခင်အလ္လာဟာ စာနာသနားမှုကို လက်ကိုင်ထားသူ ဖြစ်တဲ့အတွက် သူ့ရဲ့ နောက်လိုက်တွေဖြစ်တဲ့ မွတ်ဆလင်တွေအနေနဲ့ စာနာသနားမှုကို အကောင်အထည်ဖော် လုပ်ဆောင်သူတွေ ဖြစ်ရမယ်”လို့ သူက တိုက်တွန်းထားပါတယ်။ သူက ဆက်လက်ပြီး ပြောကြားထားရာမှာ “ကမ္ဘာပေါ်က မွတ်ဆလင်နိုင်ငံ အများစုဟာ ရေနံနဲ့ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ ဘုရားသခင်က ပေးထားတဲ့ ဒီချမ်းသာကြွယ်ဝမှုတွေကို ဘုရားသခင် အလိုရှိတဲ့အတိုင်း ကလေးသူငယ်တွေနဲ့ ဒုက္ခရောက်နေသူတွေကို ပေးဝေဖို့ မွတ်ဆလင်တွေမှာ ၀တ္တရားရှိတဲ့အကြောင်း၊ ဒီဒုက္ခရောက်နေတဲ့ ကလေးတွေနဲ့ ဒုက္ခသည်တွေဟာ ကမ္ဘာ့ရဲ့ ဘယ်နေရာမှာပဲရှိရှိ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူတွေ မဟုတ်ပေမယ့်လည်း သူတို့ကို ကူညီပေးဝေရပါမယ်”လို့ အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်က တိုက်တွန်းထားပါတယ်။
ဆက်လက်ပြီး သူဟာ တမန်တော်တဦး မဟုတ်ဘဲ သာမန်လူသားတဦးသာ ဖြစ်တဲ့အကြောင်း၊ အခုလို ၀မ်းနည်းပူဆွေး ငိုကြွေးနေရသူတွေအတွက် သူ့အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံက မုန်တိုင်းဘေး ကျရောက်နေသူတွေကို သွားရောက်ကယ်ဆယ်မယ့် ကယ်ဆယ်ရေးအဖွဲ့ကို ဦးဆောင်ပြီး သူကိုယ်တိုင် သွားလိုက်ချင်ပါတယ်လို့ ပြောဆိုထားပါတယ်။ နောက်ဆုံး သူပြောကြားတာကတော့ အပြစ်မဲ့တဲ့သူတွေရဲ့ အသက်တွေကို ကယ်တင်တဲ့ အလုပ်ဟာ မှန်ကန်တဲ့ အလုပ်ဖြစ်တဲ့အတွက် လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ဒီလိုလုပ်ခြင်းအားဖြင့် ကျန်တဲ့တကမ္ဘာလုံးကလည်း မွတ်ဆလင်တွေရဲ့ အတုကိုယူပြီး လိုက်ပါလုပ်ဆောင် လာပါလိမ့်မယ့်လို့ ပြောဆိုထားပါတယ်။
အိုစမာဘင်လာဒင်ဟာ အာဖဂန်နစ္စတန်မှာ အခြေစိုက်ကာ အယ်လ်ကိုင်းဒါးအဖွဲ့ကို ခေါင်းဆောင်နေပြီး အကြမ်းဖက် လုပ်ရပ်တွေအတွက် တာဝန်ရှိတယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့ တွေ အာဖဂန်နစ္စတန်ကို ၀င်ရောက်တိုက်ခိုက်စဉ်ကတည်းက ထွက်ပြေး ပုန်းရှောင်နေရသူ ဖြစ်ပါတယ်။
နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး ချောက်ခြားဖွယ်ရာ ဖြစ်ရပ်ဆိုးများ
လပွတ္တာမြို့ တောင်ဘက် လှေဖြင့် ၂ နာရီ ခရီးသွားရသည့် ဘီတွတ်ကျေးရွာတွင် မုန်တိုင်းမတိုက်မီက လူဦးရေ ၉၁၆၉ ရှိခဲ့ပြီး ၉၁၁ ဦး မုန်တိုင်းအတွင်း သေဆုံးခဲ့သည်ဟု သိရသည်။ လူဦးရေ ၁ဝ၆၈၂ ရှိသော မြစ်ပေါက်ရွာတွင် ၄၆၄၉ ဦးသေဆုံးခဲ့ကာ၊ လူဦးရေ ၆၂၁ဝ ရှိသော မောင်ငယ်ရွာတွင် ၁၂၄၇ ဦး သေဆုံးခဲ့သည်။ ထိုရွာတွင် မူလတန်းကျောင်းသား ကလေးငယ်အားလုံး တယောက်မကျန် သေဆုံးသွားခဲ့သည်။
ဒေသခံ စေတနာ့ဝန်ထမ်း တဦးက မေလ (၁၆) ရက်နေ့တွင် ဧရာဝတီ မြစ်လက်တက်တခုတွင် စောင့်ကြည့်ရာ ၃ မိနစ် အတွင်း အလောင်း ၂၇ လောင်း မျောပါသွားသည်ကို တွေ့ခဲ့ရသည်။ ထိုအထဲတွင် ကလေးငယ် ၅ ဦးနှင့် သံဃာတော် ၇ ပါး ပါဝင်သည်။ ဇီးဖြူ ကျေးရွာတွင် သူငယ်တန်းမှ ၇ တန်းအထိ ကျောင်းသားပေါင်း ၁၉၇ ယောက် ရှိရာ မုန်တိုင်း အပြီးတွင် အယောက် ၅ဝ သာကျန်သည်။ စစ်ကုန်းကျေးရွာတွင်မူ ပင်လယ် ဆားငံရေများ ဝင်ကာ ရေလွှမ်းနေသည့် လယ်ကွင်းများထဲတွင် ပုပ်ပွနေသော အလောင်း ၁၂ လောင်း ကို ဟိုနေရာတလောင်း ဒီနေရာတလောင်း ပျံ့ကြဲနေသည်ကို တွေ့မြင်ခဲ့ရသည်။ အနီးအနားတွင် မြေပြင်ပေါ် ပြိုလဲပျက်စီးနေသည့် ဝါးဖြင့် ဆောက်ထားသော တဲအိမ်များကို တွေ့ခဲ့ရသည်။
ကွမ်းခြံကုန်းနှင့် ဒေးဒရဲအကြား ကျေးရွာများသို့ သွားရောက်နိုင်ခဲ့သည့် အခြား ဒေသခံ တဦးကလည်း အလားတူ အသေအပျောက်များ၊ အပျက်အစီးများ၊ တာရှည်နေပြီ ဖြစ်သည့် ဆင်းရဲဒုက္ခများကိုသာ ပြန်လည် ပြောပြကြသည်။ ကြက်ဆင်ဖြူ ကျေးရွာသို့ မေလ (၁၁) ရက်နေ့က သွားရောက်ခဲ့ရာ လူဦးရေ ၁ဝဝ ကျော်တွင် ၈ ဦးသာ မုန်တိုင်းအပြီး အသက်ရှင် ကျန်ရစ်သည်ကိုတွေ့ရသည်။ ထူးခြားသည်မှာ အဆိုပါ အသက်ရှင်ကျန်သူ ၈ ဦးအနက် ၄ ဦးမှာ လသား ကလေးများ ဖြစ်ကြသည်။ ထိုဒေသတွင် အတွေ့ရများသည့် ရာဝင်အိုးကြီးများတွင် ကလေးများကို ထည့်ထားခဲ့သဖြင့်သာ ထိုအိုးကြီးများ မုန်တိုင်းအတွင်း ရေပေါ်တွင် မျောပါကာ ကလေးများ အသက်မသေ ကျန်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် အဆိုပါ လသားကလေးများ အားလုံး ယခုအခါ မိဘမဲ့ ကလေးများ ဖြစ်သွားကြပြီ ဖြစ်သည်။
ကြက်ဆင်ဖြူ ကျေးရွာမှ သူယခင် စာသင်ကြားပေးခဲ့ဖူးသည့် ခေါင်လှသည့် “အမည်မဲ့ ရွာကလေး” သို့ ဆက်လက် သွားရောက်ခဲ့သည်။ “ဘာမှ မရှိတော့ဘူးဗျ၊ ရွာလဲ မရှိတော့ဘူး၊ အိမ်တွေလဲ မရှိတော့ဘူး” ဟု အဆိုပါ ကျောင်းဆရာက သူမြင်ခဲ့ရသမျှကို ပြောပြသွားပါသည်။ သူတွေ့ကြုံခဲ့ရသမျှမှာ အပျက်အစီးပုံများ အောက်က ပေါ်ထွက်လာသည့် သူ့ ကျောင်းသားဟောင်းများ၏ “တစ္ဆေသံများ” သာ ဖြစ်သည်ဟု ဆိုသည်။ ဤဝေးလံ ခေါင်သီလှသည့် နေရာတွင် တချိန်က ရှိခဲ့ဖူးသည့် အမည်မဲ့ ရွာကလေး အကြောင်း ထိုရွာကလေးမှ ရွာသားများ အကြောင်း နောင်တချိန်တွင် သမိုင်းကမေ့ ပျောက်သွားမည်သာ ဖြစ်သည်။
ဤမြင်ကွင်းများကို နိုင်ငံတကာ အကဲခတ်များနှင့် အဖွဲ့အစည်းများက မြင်တွေ့ခွင့် ရကြမည် မဟုတ်ပေ။ သူတို့ကို အဓိက မြို့များဖြစ်သည့် ဒေးဒရဲ နှင့် လပွတ္တာသို့သာ သွားခွင့် ပြုထားသည်။ ထိုအတောအတွင်း ကျေးလက်ဒေသရှိ လေဘေး ဒုက္ခသည်များ၏ ဒုက္ခမှာ တိုး၍သာလာနေသည်။
အဆိုပါ ကျေးရွာများသို့ မုန်တိုင်းကျအပြီး တပတ်အကြာ မေလ (၁ဝ) ရက်နေ့တွင် ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရန် လိုအပ်သည့် ထောက်ခံမဲများ ရရှိပြီး ဖြစ်သည်ဟု စစ်အစိုးရက မေလ (၁၅) ရက်နေ့တွင် ကြေညာအပြီးတွင်မှ သွားရောက်ခွင့် ပေးခဲ့ခြင်းကို မတွေးတတ်အောင်ပင် ဖြစ်ရသည်ဟု ဒေသခံစေတနာ့ ဝန်ထမ်း ကယ်ဆယ်ရေး လုပ်သားများက ပြောဆိုကြသည်။ ဤဆန္ဒခံယူပွဲကို ကျင်းပခဲ့သော ဒေသများရှိ ပြည်သူများက စိတ်လည်း မဝင်စားခဲ့၊ ဝင်ရောက် ဆင်နွှဲနိုင်ခြင်းလည်း မရှိပါ။ ရီစရာကောင်းသည်မှာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရသော လေဘေးဒုက္ခသည်များကို သူတို့၏ ပျက်စီးသွားပြီ ဖြစ်သည့် ကျေးရွာများသို့ ပြန်ရန် အတင်းအကြပ် လိုက်လံ မောင်းထုတ်လျက် ရှိပြန်သည်ဟု သတင်းများ ရရှိပါသည်။ အတည်ပြုပြီး ဖြစ်သည်ဟု ကြေညာခဲ့သော အဆိုပါ ဆန္ဒခံယူပွဲကို မုန်တိုင်းဒဏ်ခံ ဒေသများတွင် မေလ (၂၄) ရက်နေ့၌ ထပ်မံ ပြုလုပ်ဦးမည် ဖြစ်သည်။
ဘီတွတ်အကြောင်း ပြန်ပြောရလျှင် စိတ်ပျက်အားငယ်ကာ ကြံရာမရ ဖြစ်နေသည့် လူ ၃ ဦးက အလောင်းများမှ လက်ချောင်းများနှင့် နားရွက်များကို ဖြတ်ကာ လက်ဝတ် ရတနာများ ဖြုတ်ယူခဲ့သည့် ဖြစ်ရပ်တခု ဖြစ်ပွါးခဲ့သည်။ ထို့နောက် ၂ ဦးမှာ အာဏာပိုင်များထံ တိုင်ကြားခံခဲ့ရပြီး အကျဉ်းနည်းဖြင့် ကွပ်မျက် စီရင်ခြင်း ခံခဲ့ရသည်။ ယခုအခါ ဤဒေသ တခုလုံးကို မကြေညာသည့် စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်လျက် ရှိသည်ဟု ပြောဆိုမှုများ ပေါ်ထွက်နေသည်။
ရေသန့် ဆေးပြားများ မရှိသဖြင့် ဒေသအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါမှာ ကပ်ရောဂါ အသွင်ဖြင့် ဖြစ်ပေါ်လာလျက် ရှိသည်။ ပုပ်ပွနေသော တိရိစ္ဆန် အသေကောင်များ မျောပါနေသည့် ရေကန်များမှ နံစော်နေသည့် ရေများကိုသာ ရွာသားများ သောက်သုံး နေကြရသည်။
သောက်သုံးရေသန့် မရရှိခြင်းက ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေမှု အကြီးအကျယ် မလုံလောက်ကြောင်း၊ ထိုသို့ ဝေငှနိုင်စွမ်း မရှိကြောင်း ပြသနေသည်။ ယခုအခါ အဆိုပါ ကယ်ဆယ်ရေး ပစ္စည်းများအတွက် ပုဂ္ဂလိက အလှူရှင်များကိုသာ အဓိက မှီခိုနေရသည်။ ရေနံနှင့် ဓါတ်ငွေ့ဝန်ကြီး၏ ဇာတိရွာ ဖြစ်သည့် မြစ်ဝကျွန်းပေါ်ရှိ ကျုံနဒါးရွာကိုမူ အကြီးအကျယ် ကယ်ဆယ် စောင့်ရှောက်ထားသည်ကို တွေ့ရသည်။ ထိုရွာနှင့် မလှမ်းလှသည့် အိမ် ၂ဝဝ အနက် ၁၉၄ လုံး ပျက်စီးသွားခဲ့ရသည့် ရွာတွင် လူ ၂ဝ သေဆုံးခဲ့သည်။ သို့သော် ကယ်ဆယ်ရေး ပစ္စည်းအဖြစ် ပေးအပ်သည့် ဆောက်လုပ်ရေး ပစ္စည်းများမှာမူ အိမ်တလုံးစာသာ ရှိသည်။ ဒါတောင် ဆောက်လုပ်စရာ လက်နက် ကိရိယာ ဘာမျှမပေး။
ဖျာပုံတွင်မူ ရေတပ် တပ်ကြပ်ကြီးတဦး၏ ပေါ့ဆမှုကြောင့် အာလူခင်းများ ပျက်စီးခဲ့ရသည်။ လပွတ္တာတွင်မူ ကယ်ဆယ်ရေး ပစ္စည်းများကို အစိုးရ ဂိုဒေါင်တွင်းသို့ သွင်းရန် ဒေသခံများကို အခကြေးငွေပေး၍ ငှါးရမ်း ခိုင်းစေခဲ့သည်။ ဤဂိုဒေါင်များမှ ပစ္စည်းများ ဒုက္ခသည်များထံသို့ ရောက်မည် မရောက်မည်ကိုမူ မသိရသေးပါ။ UN, WFP, JICA, MSF, MERLIN and Melteser တို့မှ ဒေသခံဝန်ထမ်းများမှာ သူတို့၏ စေ့စပ် သေချာလှပြီး အလျှံပယ် ပေါကြွယ်ဝလှသည့် စာရွက်စာတမ်း များဖြင့်သာ အလုပ်ရှုပ်နေကြပြီး အကူအညီ အရေးတကြီး လိုအပ်နေသော ဒုက္ခသည်များထံသို့ အကူအညီများကို မပေးအပ်သေးဘဲ ဆက်လက် ထိန်းသိမ်းထားနေတုံး ရှိသေးသည်ဟု ပြောဆိုမှုများလည်း ပေါ်ထွက်လာနေသည်။ လပွတ္တာတွင် မြို့ပေါ်သို့ ပြောင်းရွှေ့လာသော လူဦးရေက UNDP က ခန့်မှန်းထားသည်ထက် အများကြီး ပိုနိုင်သည်ဟု ပုဂ္ဂလိက လေ့လာ အကဲခတ်သူများက ပြောကြပါသည်။
မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော ဤလယ်သမားများ၏ ရေရှည် အနာဂါတ်ကကော မည်သို့မည်ပုံ ရှိပါမည်လဲ။ လယ်သမားများက သူတို့ချစ်သည့် လယ်ကွင်းများသို့သာ အရောက် ပြန်ချင်သည်ဟု ပြောဆိုကြသည်။ သို့သော် လယ်ကွင်းများ ပျက်စီးပြီး၊ ပိုဆိုးသည်မှာ ကျွဲနွားများလည်း ဆုံးရှုံး ခဲ့ကြရသည့် သူတို့အတွက် ဘယ်လို လယ်လုပ်ရပါမည်လဲ။ စိုက်ပျိုးရေး ဝန်ကြီးကမူ အဆိုပါ ကျွဲနွားတိရိစ္ဆာန်များကို အစားထိုးရန် ယခုနှစ်ကုန်တွင် စက်ယန္တရားများ အလုံအလောက် ရရှိမည်ဟု ဆိုသည်။ နာဂစ်မုန်တိုင်းက ဖျက်ဆီးသွားခဲ့သမျှကို ဤစက်ယန္တရားကြီးများဖြင့် အစားထိုး လုပ်ဆောင်နိုင်မည်ဟု ဆိုသည်။ သို့သော် ဤစက် ယန္တရားကြီးများကို မည်သို့ ကိုင်တွယ်မောင်းနှင်ရမည် ဆိုသည်ကို လယ်သမားများ မသိပါ။ လယ်သမားများကမူ ကျွဲနွားများကိုသာ လိုချင်နေကြသည်။
အပျက်အစီး အတိုင်းအတာကို အထက် အာဏာပိုင်များ မသိစေရန် ဒေသခံ အာဏာပိုင်များက ဖုံးဖိထားသည့် ကိစ္စမှာ ယခုအခါ ပိုမို ထင်ရှားလာနေပြီ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်မတိုင်မီ သူလာမည့် လမ်းတလျှောက် မြစ်ဝကျွန်းပေါ်သို့ ဝင်ရောက်ရာ အဓိက လမ်းမကြီးပေါ်တွင် ပုဂ္ဂလိက အလှူရှင်များ၏ ကားများကို မောင်းထုတ် ဖယ်ရှားခဲ့ခြင်းက ထိုဖြစ်ရပ် မှန်ကန်ကြောင်း သက်သေ ပြနေသည်။ ဗိုလ်ချုပ်မှူးကြီးသည် မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများသို့ ၂ ပတ်ကြာမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အကူအညီပေးရေး လုပ်သားများနှင့် မီဒီယာများမှ တင်ပြသော သတင်းများ အစီရင် ခံချက်များမှာလည်း တဦးချင်းစီ အပေါ်တွင်သာ မူတည်ပြီး အမျိုးမျိုး ကွဲပြားစွာ ဖေါ်ပြနေကြသည်။
သူတို့လုပ်ငန်းတွင် အကူအညီ ရစေရန် အချို့က ပိုပိုသာသာ အကောင်း ရေးနေကြပြီး၊ အချို့ကမူ ကြီးမားသော အတားအဆီး အကန့်အသတ်များကြောင့် အဖြစ်မှန်နှင့် ဝေးလျက် ရှိသည်။
မြစ်ဝကျွန်းပေါ် ကျေးလက်ဒေသ၏ ဘဝမှာ ယခုအခါ လုံးလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ထို အပျက်အစီးများကို ပြန်လည် ပြုပြင်ရန် လုံလောက်သည့် အကူအညီများ သိသိသာသာ တိုးမြှင့်ရရှိခြင်း မရှိလျှင် အခြေအနေမှာ ပို၍ ဆိုးသွားဘွယ်ရာ ရှိနေသည်။ ယခု အသစ်တဖန် ထပ်မံ စိုးရိမ် နေရပြန်သည်မှာ ဤဒေသ၌ နောက် ၃ လအတွင်း ကြီးမားကျယ်ပြန့်သော ငတ်မွတ် ခေါင်းပါးမှုဘေးကြီးနှင့် ကြုံတွေ့ရမည့် အရေးဖြစ်သည်။ အများအပြား သေကြေ ပျက်စီးခဲ့ရသည့် ဤလူထုထံသို့ နောက်ထပ် အနိဌာရုံများ စုပုံ ရောက်ရှိလာဦးမည် ဖြစ်သည
Friday, May 23, 2008
ကယ်ဆယ်ရေး ဝန်ထမ်း အားလုံးကို ဝင်ခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သဘောတူ
ချင်းမိုင်။ ။ ကယ်ဆယ်ရေး ဝန်ထမ်း အားလုံးကို ဝင်ရောက် ကူညီခွင့်ပေးရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ သဘောတူညီချက် ရပြီဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောသည်။
နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယနေ့ နေ့လည်က (၂) နာရီကြာ တွေ့ဆုံအပြီးတွင် ကုလသမဂ္ဂ အကြီးအကဲက သတင်းထောက်များအား ယင်းသို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်ပြီး မည်သည့် နိုင်ငံသားမဆို ဝင်ရောက်ခွင့် ရမည်ဟု ဆိုသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်သည် မြန်မာပြည်တွင် မုန်တိုင်းကြောင့် ဒုက္ခရောက်နေသော ၂ သန်းခွဲကို အကူအညီ ပေးနိုင်ရေးအတွက် နိုင်ငံတကာမှ အကူအညီများ မြန်မာပြည် ဝင်ရောက်ရေး ဖိအားပေးရန် ယမန်နေ့က ရောက်ရှိနေခြင်း ဖြစ်သည်။
ယမန်နေ့က စစ်အစိုးရ ဝန်ကြီးချုပ် သိန်းစိန်၊ နိုင်ငံတကာမှ အေဂျင်စီများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သလို ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ မုန်တိုင်းသင့် ဒေသများဖြစ်သော ဒေးဒရဲနှင့် မော်ကျွန်းသို့ ၂ နာရီကြာ သွားရောက်ကာ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။
မစ္စတာ ဘန်ကီမွန်းသည် ယနေ့ညနေတွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပြန်လာပြီးနောက် တနင်္ဂနွေနေ့တွင် ရန်ကုန်သို့ ပြန်လည် သွားရောက်ပြီး နိုင်ငံတကာ အစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်ထားသည်၊
မြန်မာပြည်တွင် မုန်ုတိုင်းအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးနှင့် အာဆီယံတို့က ကြီးမှူး ကျင်းပမည့် အစည်းအဝေးသို့ နိုင်ငံပေါင်း (၃ဝ) ကျော်နှင့် ကုလသမဂ္ဂ အေဂျင်စီများ တက်ရောက်မည်ဟု သိရသည်။
Thursday, May 22, 2008
ဘန်ကီမွန်း ရန်ကုန်မြို့သို့ ရောက်ရှိ မ နက်ဖြန်ခါတွင် သန်းရွှေ နှင့် တွေ ဆုံမြည်
U.N. Secretary-General Ban Ki-moon said thought must be given to Myanmar's medium- and longer-term aid.
He plans to talk with the country's leader, Senior Gen. Than Shwe, on Friday to push him to accept international aid.
Myanmar's leaders have been slow to allow foreign aid in the country, and prevented foreign agencies from doing a needs assessment after the storm. The government also insisted that any aid that came in be distributed by their soldiers and volunteers, which went against the policy of many agencies.
Cyclone Nargis which hit the country in early May claimed more than 130,000 lives and left more than 2 million homeless, according to the United Nations.
Ban arrived Thursday morning in Myanmar, which is also known as Burma.
He was welcomed by Foreign Minister Nya Win before signing a condolence book for cyclone victims. He made a stop at the gilded Shwedagon Pagoda -- a historic landmark also known as the Golden Pagoda -- and then met Prime Minister Thein Sein for lunch.
Myanmar's rulers were expected to escort Ban and U.N. delegates to the Irrawaddy Delta in southern Myanmar. The coastline of the Andaman Sea was especially hard-hit, and bodies still line the shore in some spots.
Before his arrival, Ban made a stop in Bangkok, Thailand, where he said Asian nations are beginning to focus on the reconstruction needs of Myanmar, devastated by Cyclone Nargis earlier this month. Watch Ban remark on Myanmar crisis »
"Even as we attend to today's emergency, we must give thought to Myanmar's medium- and longer-term assistance," Ban said at a news conference held after he arrived in Bangkok, where he will remain overnight before proceeding to Myanmar.
Myanmar is expected to face a food crisis because the cyclone wiped out crops in the Irrawaddy Delta, the heartland for rice farming, and filled it with salt water, imperiling future crops.
Thailand has pledged to provide rice feed and farming equipment to its neighbor.
Ban was scheduled to leave for Thailand Friday night before coming back to Yangon Sunday for an international donors conference, largely to discuss the country's future.
Ban called the aftermath of the cyclone "a critical moment" for Myanmar. "The government itself acknowledges there has never been a disaster on this scale in the history of their country," he said.
Ban will return to Bangkok to meet Friday evening with Thai Prime Minister Samak Sundaravej. Thailand is the first country that successfully persuaded the junta to allow medical teams into the country.
The teams are now stationed in the delta city of Myaungmya. CNN news teams said they have seen trucks full of people arriving at refugee shelters there.
Ban said Thai doctors have seen no sign of an epidemic in Myanmar, one of the fears after the cyclone hit early this month.
ရင်နာစရာဇတ်လမ်းလေး တစ် ခု ပါ
အမယ်အိုရဲ့ဦးခေါင်းမှာ ဆံပင်တွေက ဆွတ်ဆွတ်ဖြူနေပြီး အ၀ါရောင်ဘက် ခပ်ရောက်ရောက် အသားအရေရှိတဲ့ မျက်နှာက တွန့်လိပ်နေတဲ့ အရေးအကြောင်းတွေနဲ့ ပိန်လှီဖျော့တော့ လွန်းလှတယ်။ သူ့ရဲ့ ချိုင့်ဝင်ပိန်လှီနေတဲ့ မျက်ဝန်းအိမ်ထဲမှာတော့ မျက်ရည်စတွေက စမ်းချောင်းတခုပမာ တသွင်သွင်စီးကျနေတယ်။
မျက်ရည်စတွေနဲ့ ဘုရားရင်ပြင်ရဲ့အရှေ့ဘက်အရပ်ဆီကို မျက်တောင်မခတ် ငေးမောနေတဲ့ အမယ်အိုရဲ့ အသွင်အပြင်ကို မြင်ရသူတိုင်း ရင်ထဲမှာအမျိုးအမည်မသိ ၀မ်းနည်းကြေကွဲစေတဲ့ ခံစားချက်တခု ဖြစ်ပေါ်စေပါတယ်။
သူကတော့ မေလ ၂ ရက်နေ့ မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီး ကြောင့် မိသားစုဝင် ၁၂ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ဘီတွတ်ကျေးရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်ကျင်လှပါ။
မေလ ၂ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်လောက်က ဘီတွတ်ကျေးရွာ၊ ကြိမ်ချောင်းအုပ်စုမှာ နေထိုင်တဲ့ ဒေါ်ကျင်လှ တယောက် ပုံမှန်အတိုင်း အိမ်အလုပ်တွေနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။
သားသမီးမြေးမြစ် ၂၀ ကျော်ရှိတဲ့ ဒေါ်ကျင်လှတို့ မိသားစုဟာ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြပြီး သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းလှတဲ့ မိသားစုလေးတခုပေါ့။ ဒါပေမယ့် နာရီပိုင်းအတွင်း သူတို့ရဲ့ပျော်ရွှင်စရာကောင်းလှတဲ့ မိသားစုကြီးကို ဖျက်ဆီးတော့မယ့် ကံကြမ္မာဆိုးကြီးတခု ရောက်လာတော့မယ်ဆိုတာ ဒေါ်ကျင်လှတယောက် အဲဒီအချိန်က မသိခဲ့ပါဘူး။
မနက် ၁၁ နာရီ ခွဲခါနီး လောက်မှာတော့ သူတို့အိမ်နဲ့ သိပ်မဝေးလှတဲ့ ကမ်းနားက လေကြမ်းတွေ တ၀ုန်းဝုန်းနဲ့ တိုက်ခတ် လာခဲ့ပါတယ်။ တိုက်ခတ်လာတဲ့ လေကြမ်းနဲ့အတူ ကမ်းနားမှာ ဒီရေကလည်း တရိပ်ရိပ်တက်လာတယ်။ ဒီရေတက်ပြီး လေကြမ်းတွေတိုက်တာဟာ မိုးဦးကျလေဦးကျ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အတွက် ဒေါ်ကျင်လှစိတ်ထဲမှာ သိပ်မထူးဆန်းသလို ခံစားခဲ့ရတယ်။ အိမ်ရှေ့မှာ ဆော့ကစားနေတဲ့ မြေးငယ်လေးတွေကို အိမ်ပေါ်တက်ဖို့ ခေါ်ပြီး သူတို့ တထပ်အိမ်လေးရဲ့ အိမ်တံခါးတွေကို လိုက်ပိတ် နေခဲ့ပါတယ်။
မွန်းတည့်ချိန် လောက်မှာ တိုက်ခတ်နေတဲ့ လေကြမ်းတွေနဲ့အတူ ကောင်းကင်တခုလုံးနီရဲလာပြီး လေနီကြမ်းတွေ တရစပ် တိုက်ခတ်လာတာ သူတွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ တိမ်ညိုတိမ်မည်းတွေက ကောင်ကင်လုံးပြည့် နေရာယူထားပါတယ်။ ဒေါ်ကျင်လှတယောက် ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို စိတ်ထဲမှာ အဆက်မပြတ်ရွတ်လို့ မြေးငယ်လေးတွေကို ကျစ်ကျစ် ပါအောင် ဆုပ်ထားတယ်။
လေနီရိုင်းတွေက ကြမ်းသထက်ကြမ်း၊ ရမ်းသထက်ရမ်းလာတော့ သူ့အိမ်ကလေး တဒိုင်းဒိုင်းနဲ့ လှုပ်ခါနေပါတယ်။ သူတို့ ရွာပတ်ဝန်းကျင်မှာတော့ “ကယ်ကြပါ” ဆိုတဲ့ အသံတွေကို စကြားနေရပြီ။ သူ့ရဲ့ စိတ်တွေလည်း ကယောင်ချောက်ချား ဖြစ်လို့နေပါပြီ။ သူ့ တထပ်အိမ်လေးရဲ့အမိုးတွေအကာတွေက လေနီကြမ်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် အဝေးဆုံးကို လွင့်ထွက်သွားပါတယ်။
နေ့လယ် ၁ နာရီကျော်ချိန်မှာတော့ “၀ုန်း” ဆိုတဲ့ အသံကြီးနဲ့အတူ သူ့အိမ်လေးကို လူတရပ်မြင့်တဲ့ ရေလှိုင်းကြီးတခု လာရောက်ရိုက်ခတ်ပြီး ဖြိုချလိုက်ပါတော့တယ်။ သူလည်း မြေးလေးတွေရဲ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပြိုကျနေတဲ့ အိမ်ထဲက ရုန်းကန်ထွက်လိုက်ပါတယ်။ ဒါပေမယ့် အိမ်ပြင်ကို ရောက်တယ်ဆိုရင်ပဲ အလွန်ပြင်းထန်ပြီး အလွန်မြင့်တဲ့ လှိုင်းလုံးကြီးတွေ ထပ်ရိုက်ခတ်လာပါတယ်။
ပြင်းထန်လှတဲ့ ရေလှိုင်းတွေက သူ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ မြေးငယ်နှစ်ဦးလက်ကို ဖြုတ်ချပစ်လိုက်ပါတယ်။
“မြေးလေးရေ၊ သားလေး၊ အမလေး လုပ်ကြပါဦး” လို့ပဲ သူ အာကုန် ခြစ်အော်ဟစ် နိုင်ခဲ့ပါတယ်။
ဒီရေလှိုင်းကြီးနဲ့အတူ မျောပါသွားတဲ့ သူ့ရဲ့ ၁၀ နှစ်အရွယ်မြေးလေးဆီက “အဘွား” ဆိုတဲ့ အသံလေးတသံပဲ သူ နောက်ဆုံး ကြားလိုက်ရတော့တယ်။
ဒေါ်ကျင်လှ တယောက် မြေးငယ်လေးတွေဆီကို ရေလှိုင်းနဲ့အတူ လိုက်ပါပြီး လှမ်းဆွဲဖို့ ကြိုးစားပေမယ့် ပြင်းထန်လှတဲ့ ရေလှိုင်းကြီးတွေက သူနဲ့သူ့ မြေးငယ်လေးတွေကို ခွဲခြားလိုက်ပါပြီ။ မြုပ်ချီပေါ်ချီနဲ့ ရေလှိုင်းတွေနဲ့ မျောပါသွားတဲ့ မြေးငယ် လေးတွေကို ခဏတာပဲမြင်လိုက်ရတယ်။
သူ့ရဲ့မျက်ဝန်းအိမ်မှာ မျက်ရည်တွေနဲ့ ဆားငန်ရေတွေ ရောထွေးနေပါတယ်။ အလွန်ရေစီးမြန်တဲ့ရေလှိုင်းတွေထဲမှာ သူလည်း မြုပ်ချီ၊ ပေါ်ချီဖြစ်နေပါတယ်။ ရေကူးတတ်ပေမယ့် မြန်ဆန်လွန်းတဲ့ ရေစီးက သူ့ကိုကူးခတ်ခွင့် မပေးတော့ပါဘူး။ သူအသက် ရှင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ကောင်းကောင်း နားလည်လိုက်ပါပြီ။ လေနီကြမ်း၊ ရေလှိုင်းတွေနဲ့ အတူ မိုးတွေပါရွာလာ တယ်။ ရေစီးနဲ့ မျောနေတဲ့လူတွေ ကျွဲနွားတွေ၊ အိမ်တွေ ၊ သစ်ပင်တွေကို သူမြင်လိုက်ရတယ်။ “ကယ်ပါ” ဆိုတဲ့ အသံတွေ လည်း ကြားနေရတယ်။
ရွာတဲ့ မိုးစက်မိုးပေါက်တွေက သူ့အသားကို မီးစနဲ့ထိုးသလို ခံစားရပါတယ်။ သူ အသက်ရှုလို့ မရတော့ဘူး။ သူ့သားတွေ၊ သမီးတွေ ၊ မြေးငယ်လေးတွေရဲ့ မျက်နှာလေးတွေကို သူ့ရဲ့မျက်လုံးထဲမှာ တခုပြီးတခု မြင်ယောင်နေမိပြီ။ နောက်ဆုံး အချိန်မှာ သူ မျက်လုံးကိုမှိတ်ပြီး ဘုရားကို အာရုံပြုလိုက်တယ်။
ကံကောင်းတယ်လို့ ပြောရမလား မဆိုနိုင်ဘူး သူ ရေစီးနဲ့အတူမျောပါရင်း ရုတ်တရက် တစုံတခုနဲ့ တိုက်မိသွားတယ်။ မျက်လုံးဖွင့်ပြီး တိုက်မိတဲ့အရာကို အမိအရလှမ်းဆွဲလိုက်တယ်။ ကံကြမ္မာက သူ့ကို မျက်နှာသာပေးတယ် ထင်ပါရဲ့။ သူ လှမ်းဆွဲလိုက်တာဟာ ရေစီးမှာယိမ်းနွဲ့နေတဲ့သစ်ပင်ကြီးတပင် ဖြစ်လို့ နေတယ်။ ရေက အရှိန်နဲ့ စီးနေပေမယ့် သူဆုပ်ကိုင်ထားတဲ့ အပင်ကြီးကို မျောပါသွားအောင် မစွမ်းဆောင်နိုင်ပါဘူး။
သူလည်း အပင်ကို အမိအရအားကုန် ကိုင်ဆုပ်လို့ အရှိန်အဟုန်ပြင်းတဲ့ ရေလှိုင်းတွေ၊ လေတွေ၊ မိုးရေတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေခဲ့ရတယ်။ စိတ်ထဲမှာတော့ သူ့မြေးတွေ၊ သားသမီးတွေအကြောင်းကိုပဲ စဉ်းစားနေမိတယ်။ ၂ နာရီကျော်ကြာ လေကြမ်း၊ ရေလှိုင်းနဲ့ မိုးရေတွေရဲ့ဒဏ်ကို ခံရင်္ပြီးချိန်မှာ လေရောမိုးရော ရပ်စဲသွားပါတယ်။ ဒါပေမယ့် ရေကတော့ လုံးဝမကျသေးပါဘူး။ မိုးလေစဲလို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အခါမှာ ပင်လယ်တမျှ ကျယ်ပြောတဲ့ ရေပြင်ကြီးကိုပဲ သူမြင်တွေ့ရတယ်။ နောက်ကျိကျိ ရွှံ့ရောင်ရေတွေက မျက်စိ တဆုံး နေရာယူထားတယ်။ အချိန်က ၄ နာရီကျော် ၅ နာရီလောက်ရှိမယ်လို့ သူ့စိတ်ထဲခန့်မှန်းနေမိတယ်။
မှောင်ရီစပျိုးတဲ့ ညနေအချိန်လောက်မှာတော့ ရေတဖြည်းဖြည်း ကျလာတယ်။ ရေကျတာကလည်း အရမ်းမြန်ပါတယ်။ နာရီပိုင်းတွင်းမှာ ရေက တဖြည်းဖြည်းနဲ့ မြေပြင်ကိုမြင်ရတဲ့အထိ ကျသွားပါတယ်။ သူရောက်နေတဲ့ သစ်ပင်ထိပ်ဖျားကနေ မြေပြင်ကို တဖြည်းဖြည်းဆင်းလာခဲ့တယ်။ သူ့မှာထဘီ မရှိတော့ဘူး။ သူ့ရဲ့ခြေထောက်တွေ၊ ကိုယ်တွေ လက်တွေ တအားကို နာကျင်နေတယ်။ ရေအရမ်းငတ်နေတယ်။ သူ့တကိုယ်လုံး အားအင်ချိနဲ့ နေသလိုခံစားရတယ်။ သစ်ပင် ခြေရင်းရောက်တယ် ဆိုရင်ပဲ သူခြေပစ် လက်ပစ်လှဲချလိုက်တယ်။ အဲဒီနောက် ဘာမှမသိတော့ဘူး။
သူပြန်နိုးတဲ့အချိန်မှာ နောက်နေ့ မနက်ပိုင်းရောက်နေပြီလို့ သိလိုက်ရတယ်။ သူ့မှာ အပေါ်အင်္ကျီ အစိမ်းရောင်နိုင်လွန် အနွေး ထည်ရယ်၊ ရင်ဖုံးအင်္ကျီရယ်ပဲ ကျန်ပါတော့တယ်။ သူ့ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်မိတော့ သစ်သားအကျိုးအပဲ့တွေ၊ လူသေကောင်တွေ၊ အိုးခြမ်းပဲ့တွေ၊ ကျွဲ၊ နွား၊ ၀က်၊ ကြက် သေတွေ၊ သစ်ပင် အကျိုးအပဲ့တွေနဲ့ နေရာတိုင်းမှာ အပျက်အစီး တွေချည်းပဲ။ သူ ဘယ်နေရာကို ရောက်နေတယ်ဆိုတာ လုံးဝမသိဘူး။
သူနဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ အမျိုးသမီးအလောင်းက ထဘီကို ချွတ်ယူလိုက်ပါတယ်။ အဲဒီနောက် တုန်ရီချည့်နဲ့စွာနဲ့ သူ လမ်းလျှောက်လာခဲ့တယ်။ လမ်းတလျှောက်လုံးမှာ လူသေအလောင်းတွေနဲ့ ပြည့်နှက်နေတယ်။ နာရီဝက်လောက် လမ်းလျှောက်ပြီးတဲ့ အချိန်မှာတော့ ဆယ်ဂဏန်းနီးပါးရှိတဲ့ လုအုပ်စု တစုကို တွေ့လိုက်ရတယ်။ တချို့က အ၀တ်မပါ ကိုယ်တုံးလုံးတွေ ဖြစ်နေတယ်။
အဲဒီအဖွဲ့က သူ့ကို နွေးနွေး ထွေးထွေး ကြိုဆိုခဲ့တယ်။ သူတို့လူစုဆီမှာ စားသောက်စရာ မရှိလို့ အနီးအနားမှာရှိတဲ့ အုန်းပင် တွေက အုန်းသီးတွေခူးဆွတ်ပြီး အုန်းရေသောက် အုန်းသီးစားနေခဲ့ရတယ်။ မေလ ၆ ရက်နေ့မနက်ပိုင်းမှာတော့ ကမ်းနားမှာ ဆားချက်လှေကြီးတစီး တွေ့ရပြီး လှေပေါ်က အလုပ်သမားတွေက သူတို့ကို လပွတ္တာမြို့ဆီခေါ်သွားတယ်။
ညနေပိုင်းမှာ သူတို့ လပွတ္တာမြို့ပေါ်ကိုရောက်ရှိခဲ့ပြီး အမှတ် ၂ အထက်ကျောင်းမှာ နေရာချထားပေးတယ်။ မေလ ၈ ရက် နေ့မှာတော့ သူ့ သား ၃ ယောက်၊ ချွေးမ ၅ ယောက်ကို ဒုက္ခသည်တွေ အဖြစ်နဲ့ လပွတ္တာ မြို့ပေါ်မှာ ပြန်တွေ့တယ်။ သူ့ မြေးလေးတွေကိုတော့ မြို့ပေါ်က စခန်းတွေမှာ လုံးဝ ပြန်မတွေ့ရတော့ပါဘူး။
သူ သကျမာရဇိန် ဆုတောင်းပြည့် ဘုရားကြီးရှေ့မှာ တိုးတိုးလေး ဆုတောင်းနေမိတယ်။ နောင်ဘ၀မှာ ဒီိလိုအဖြစ်ဆိုးမျိုး မတွေ့ပါရစေနဲ့လို့ …။ ။
မကျေနပ် က တိုင်ကြားရန်
လှူဒါန်းသော ငွေ၊ ပစ္စည်းများကို မရိုးဖြောင့်သော သဘော
ဖြင့် ထိန်းသိမ်းထားခြင်း၊ ရောင်းဝယ်ခြင်း၊ လူပုဂ္ဂိုလ်နှင့်
အဖွဲ့အစည်းများအတွက် အသုံးချခြင်း၊ အခြားကိစ္စရပ်များ
အတွက် အလွဲသုံးစားပြုခြင်းများကို တွေ့မြင်ကြားသိပါက
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန-
ရုံးအဖွဲ့မှူး ဖုန်း-ဝ၆၇ ၄ဝ၄ဝ၂၁၊
ဖုန်း-ဝ၆၇ ၄ဝ၄ဝ၂၂ နှင့်
ဒုတိယရုံးအဖွဲ့မှူး ဖုန်း-ဝ၉၈၆ ဝ၁ဝဝ၂ တို့သို့
တိုင်ကြားနိုင်ပါသည်။
Wednesday, May 21, 2008
ရဲနှင့် ဒုက္ခသည်များ အဓိကရုဏ်းဖြစ် (From Mizzima)
“ရုတ်ရုတ်ဖြစ်တော့ ရဲကားတွေနဲ့ ရဲတွေ ရောက်လာတယ်။ ဒိုင်းတွေနဲ့ ရဲတွေ ပါလာတယ်။ ဝေခြမ်းပေးနေတဲ့ လူတွေကို ရဲတွေက လူအုပ်ထဲကနေ ဆွဲထုတ်သွားတယ်” ဟု အမည်မဖော်လိုသူ တောင်ဒဂုံနေသူ တဦးက ပြောသည်။
အခင်းဖြစ်ပွားပြီးနောက် တောင်ဒဂုံ အ၀င်လမ်းများတွင် လုံခြုံရေး တပ်ဖွဲ့များက ပိတ်ဆို့ စီစစ်မှုများ လုပ်ခဲ့သော်လည်း ယနေ့ ညနေပိုင်းတွင်တော့ ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။
အလှူရှင်များက တအိမ်ထောင်လျှင် ဆန် ၆ ပြည်နှင့်အတူ ပုဆိုးတထည်၊ ပိတ်စတစ၊ စောင်တထည်စီ မျှဝေပေးရာ လူဦးရေ ၅ဝဝ ခန့်အတွက် ပေးပြီးနောက် ညနေ ၆ နာရီခန့်တွင် လှူဒါန်းမည့် ပစ္စည်းများကို ရပ်ကွက်နှင့် မြို့နယ် အာဏာပိုင်များ လက်သို့ အပ်နှံခဲ့ပြီးနောက် အာဏာပိုင်များက ရယက ရုံးတံခါးပိတ်၍ ဝေငှသည့်ကိစ္စ ရပ်ဆိုင်းလိုက်သည်ဟု ဒေသခံများက ပြောကြသည်။
“ရဝတ ရုံးကို တံခါးပိတ်လိုက်တယ်။ နောက်ထပ် အလှူပစ္စည်းတွေ မဝေတော့ဘူးလို့ ပြောတယ်။ ရှေ့မှာ တန်းစီနေတဲ့ သူတွေက ဒေါသဖြစ်တယ်။ လှူတဲ့သူတွေက လာလှူတာကို ဘာ့လို့ မပေးတာလဲလို့ ပြောတော့၊ တန်းစီနေတဲ့ မိန်းမတွေက ပြောတော့ ရာအိမ်မှူးက တယောက်ကို ၆ လုံး ပေးမယ် ယူမလားလို့ မေးတယ်” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။
သူက ဆက်ပြီး “တန်းစီတဲ့ မိန်းမတွေက ယူမယ်လို့ ပြောတော့ အမျိုးသမီးရေးရာက မအေးမူက အိမ်ထဲကို လာလို့ပြောတော့ ပထမ ဝင်လာတဲ့ ကလေးမလေးကို ဝါးရင်းဒုတ်နဲ့ စီးရိုက်လိုက်တယ်။ ကလေးမလေး လက်ကို ရိုက်မိတဲ့အတွက် ကလေးမလေးက လက်ကျိုးသွားတယ်။ နောက်က တန်းစီနေတဲ့ လူတန်းက ဒေါသဖြစ်ပြီးတော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။ နောက်ကတန်းစီနေတဲ့ အမျိုးသမီးတွေက အထဲကို ဝင်ပြီးတော့ သတ်မယ် ဖြတ်မယ်တွေ ဖြစ်ကုန်တယ်” ဟု ပြောသည်။
စိုးရိမ်ကြောင့်ကြမှု ရှိနေသော စစ်အစိုးရက မြို့နယ်အတွင်း ရဲများ တိုးမြှင့် ချထားလိုက်သည်။
ရဲသတင်းရပ်ကွက် အပြောအရ ယနေ့နံနက်ပိုင်း ၁၀ နာရီ ခန့်တွင် ကရင်ပြည်နယ်မှ ဒုပြည်နယ်မှူး ဦးဆောင်သည့် ရဲ စုစုပေါင်း ၁၀၀ ခန့် တောင်ဒဂုံမြို့နယ်တွင် ရောက်ရှိလာသည်။
မယက ရုံး၊ မြို့နယ် ရဲစခန်းဝန်း အပါအ၀င် နေရာအနှံ့ နယ်မြေများခွဲ၍ အရပ်ဝတ်များဖြင့် ၁၀ ယောက်တတွဲ၊ ၁၂ ယောက်တတွဲ ချထားသည်။
ဒုက္ခသည်အဖြစ် အသိအမှတ်မပြုသည့်အတွက် မအူပင်မြို့တွင် အခက်အခဲဖြစ်နေ (yoma3.org)
လေဘေးသင့်ဒေသအဖြစ် သတ်မှတ်ခြင်းမခံရသည့် မြို့နယ်အတွင်းမှ ဒုက္ခသည်များမှာ အကူအညီမရရှိသဖြင့် အခက်အခဲဖြစ်နေရသည်။
စစ်အစိုးရအာဏာပိုင်များက မအူပင်မြို့နယ်အတွင်းမှ ဒုက္ခသည်များကို အသိအမှတ်မပြုထား သည့်အတွက် ရပ်ရွာအတွင်းမှစေတနာရှင်များက လာရောက်ကျွေးမွေးသည်များနှင့် ရပ်တည် နေရကြောင်း မအူပင်ဒေသခံတဦးက ဆိုသည်။
စစ်အစိုးရက ယခုလဆန်းပိုင်းတွင် ရန်ကုန်တိုင်းမှ မြို့နယ် (၄၀) နှင့် ဧရာဝတီတိုင်းမှ (၇) မြို့နယ်တို့အား သဘာဝဘေးအန္တရာယ်ကျရောက်ရာ ဒေသများအဖြစ် သတ်မှတ်ခဲ့ရာ ကျန်ပြည်နယ်တိုင်းအချို့ရှိ ကျေးရွာများတွင်လည်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ ဧရာဝတီတိုင်း အတွင်းမှ မြောင်းမြနှင့် မအူပင်မြို့နယ်များလည်း ပါဝင်သည်။
“မအူပင်မှာ စာရင်းမ၀င်တဲ့ဒုက္ခသည် မြို့ပေါ် (၁၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၆) အုပ်စုရှိတာ၊ အားလုံးဆိုရင် (၈၀) ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်၊ ဒီမှာက ရေမတက်လို့ အသက်ဆုံးရှုံး တာတော့ မရှိဘူး၊ နေအိမ်အဆောက်အဦတွေတော့ ပျက်စီးသွားတယ်၊ ဒုက္ခသည်အဖြစ် အသိမှတ်မပြုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ နေရတယ်”ဟု ပြောသည်။
မအူပင်မြို့ပေါ်တွင် ဒုက္ခသည်စခန်း (၈) ခုရှိပြီး ဗောဓိကျောင်း၊ ဓမ္မာရုံကျောင်း၊ ကုန်တိုက် ဟောင်းနှင့် စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားကာ ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့် မအူပင် မြို့နယ်အတွင်း ကျေးရွာများမှ ဒုက္ခသည်များကိုထားရှိသည်။
အဆိုပါလေဘေးဒုက္ခသည်များအတွက် အာဏာပိုင်များက နေရာချထားပေးခြင်းမရှိခြင်း ကြောင့် မြို့ခံလူထုနှင့် ရန်ကုန်မှလာရောက်၍ ပုဂ္ဂလိကလှူဒါန်းမှုများအပေါ်တွင် မှီခို စားသောက်နေရသည်ဟု ဆိုသည်။
“အခုဆိုရင် တောင်သူလယ်သမားတွေမှာ တော်တော်အခက်အခဲဖြစ်လာတယ်၊ တချို့ဆိုရင် တဲအိမ်တွေတောင်မှ ပြန်မပြင်နိုင်သေးဘူး၊ မိုးရေထဲမှာ ဘုန်းကြီးကျောင်းကပ်နေရတာတွေ ရှိတယ်၊ နီးစပ်ရာအိမ်မှာ ကပ်နေရတာတွေလဲရှိတယ်”ဟု မျက်မြင်သက်သေတဦးက ပြောသည်။
မအူပင်မြို့နယ်အတွင်း ကျေးရွာမှလယ်သမားတဦးက “ အခု လယ်ဆင်းချိန်ရောက်လာတဲ့အခါ ကျတော့ လယ်တွေထဲမှာ ရေတွေတင်ကျန်ခဲ့တော့ စိုက်ရေးပျိုးရေး ဘာမှလုပ်လို့မရတော့ဘူး၊ မျိုးစပါးကလဲ ရေတွေစိုသွားတော့ အခုစိုက်ရတဲ့အချိန်မှာ အကုန်မရှိဖြစ်နေတယ်၊ မျိုးစပါးကလဲ တော်တော်လေး အခက်အခဲဖြစ်နေပါတယ်၊ မအူပင်မှာ လယ်စိုက်ဧက သိန်းချီရှိတယ်၊ သေချာ တာတော့ လယ်သမား (၈၀) ရာခိုင်နှုန်းက ဘာမှမလုပ်နိုင်တော့ဘူး”ဟု ပြောဆိုခဲ့သည်။